BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဓါတ်တိုင်ပေါ်က အမျိုးသမီးပုံက...
      သတင်းအတု

      ဓါတ်တိုင်ပေါ်က အမျိုးသမီးပုံက မြန်မာနိုင်ငံကမဟုတ်ပါ

      အမျိုးသမီးတစ်ဦး ဓါတ်တိုင်ပေါ် တက်နေတဲ့ ဓါတ်ပုံတွေကြောင့် မီးဖျက်ထားရတာဖြစ်တယ်လို့ နောက်ပြောင်ဖြန့်ဝေမှု တစ်ချို့ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  15 April 2023 10:42 PM IST
    • ဓါတ်တိုင်ပေါ်က အမျိုးသမီးပုံက မြန်မာနိုင်ငံကမဟုတ်ပါ

      အဆိုပါ ဓါတ်ပုံတွေကို EPC ဆိုတဲ့ နာမည်နဲ့ ပြုလုပ်ထားတဲ့ page တစ်ခုက ဧပြီလ ၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ဓါတ်ကြိုးတွေ ရှုပ်ထွေးနေတဲ့ ဓါတ်တိုင်ပေါ် အမျိုးသမီးတွယ်တက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံတွေကို အသုံးပြုထားပြီး “ရည်းစားကို စိတ်ကောက်ပြီး ဓာတ်တိုင်ပေါ် တက်နေလို့ မီးခဏဖြတ်ထားလိုက်ပါတယ်။” လို့ ရေးသားထားပါတယ်။ အဆိုပါ ပိုစ့်ကို နောက်ပြောင်ဖြန့်ဝေသူတွေ ရှိနေသလို အတည်ဟုယူဆက ဖြန့်ဝေနေသူတွေလည်း ရှိနေပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ ပိုစ့်ကို like လုပ်ထားသူ ၉၈၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၄၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      EPC ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဓါတ်တိုင်ပေါ် အမျိုးသမီးတစ်ဦးတက်နေတာကြောင့် မီးဖျက်ထားရတယ်လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နောက်ပြောင်ဖြန့်ဝေထားတဲ့ ပိုစ့်သက်သက်သာ ဖြစ်တာကို တွေ့ရပါတယ်။

      ဒီဓါတ်ပုံတွေဟာ ထိုင်းနိုင်ငံက ဓါတ်ပုံတွေ ဖြစ်ပြီး အမျိုးသမီးတစ်ဦးက အရက်မူးပြီး ဓါတ်တိုင်ပေါ် တက်သွားတဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ တစ်ညလုံးအရက်ထိုင်သောက်နေပြီး အိမ်ပြင်ပြေးထွက်သွားကာ ဓါတ်တိုင်ပေါ် တက်သွားခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူတွေက လိုက်စွဲပေမယ့် မမီလိုက်ဘဲ ဓါတ်တိုင်ပေါ် ရောက်ရှိသွားခဲ့ပြီး သူမကို ပြန်ဆင်းလာဖို့ ဖျောင်းဖျကြပေမယ့် မရတဲ့အတွက် ယာယီလျှပ်စစ်ဓါတ်အားဖြတ်တောက်ကာ ဓါတ်တိုင်အောက်ပြန်ရောက်အောင် ပြန်ခေါ်နိုင်ခဲ့ပါတယ်။

      အဆိုပါ အမျိုးသမီး ဓါတ်တိုင်ပေါ် တက်သွားတဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။



      Tags

      Fake newsElectricityOld photosသတင်းအတုလျှပ်စစ်မီးပျက်ဓါတ်ပုံအဟောင်း
      Read Full Article
      Claim :   အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပေါ်တက်နေလို့ မီးခဏဖြတ်ထား
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!