BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးတိုင်းအတွင်းက...
သတင်းအတု

မန္တလေးတိုင်းအတွင်းက ယာယီဆေးရုံတွေနဲ့ ကူညီကယ်ဆယ်ရေးစခန်းဓါတ်ပုံတွေကို ကိုဗစ်ကာလတုန်းက ပုံတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် သွားရောက်ကြည့်ရှု့ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက ယာယီဆေးရုံတွေနဲ့ ကူညီကယ်ဆယ်ရေးစခန်း ဓါတ်ပုံတွေကို ကိုဗစ်ကာလတုန်းက ပုံတွေကို ပြန်လည်အသုံးပြုထားတဲ့ information အမှားပါဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2025 9:53 AM IST
  • မန္တလေးတိုင်းအတွင်းက ယာယီဆေးရုံတွေနဲ့ ကူညီကယ်ဆယ်ရေးစခန်းဓါတ်ပုံတွေကို ကိုဗစ်ကာလတုန်းက ပုံတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Random Screenshots from Burma ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ မတ်လ ၂၉ ရက် နေ့လည်ပိုင်း မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်

    ဖြန့်ဝေရာမှာ လက်ရှိဖြစ်ပွားနေတဲ့ ငလျင်သတင်းတွေနဲ့ ကူညီကယ်ဆယ်ရေး သတင်းတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Gu Gu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေခဲ့တဲ့ 'မန္တလေး ယာယီဆေးရုံနဲ့ ကယ်ဆယ်ရေးစခန်း ဖွင့်လိုက်ပါပြီ' ဆိုတဲ့ ပိုစ့်ကို ပုံရိုက် ကာ 'information အမှားတွေပါ။ Covid ကာလတုန်းကပုံတွေမို့ သတင်းအမှား 100% ဖြစ်ပါတယ်' လို့ ရေးသားဖြန့်ဝေ ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ မှားယွင်းရေးသား ပြောဆိုထားတဲ့ အချက်အလက်အမှား ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Popular News Journal ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ဖြန့်ဝေထားတဲ့ 'မန္တလေး ယာယီဆေးရုံနှင့် ကူညီကယ်ဆယ်ရေးစခန်းစီစဉ် ဆောင်ရွက်နေမှုများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု' ဆိုတဲ့ ဖြန့်ဝေမှုကို ကူးယူဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ပိုစ့်အောက်က မှတ်ချက်ပေးသူအချို့ကလည်း ဖြန့်ဝေထားတဲ့ ပုံတွေဟာ ကိုဗစ်ရောဂါဖြစ်ပွားစဉ် ကာလက ပုံဟောင်း တွေကို ပြန်လည်အသုံးပြု ဖြန့်ဝေထားတယ်ဆိုပြီး ပြောဆိုနေတာပါ။


    Popular News Journal ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သို့ရာတွင် Boom Myanmar က အချက်အလက် စစ်ဆေးချက်အရ ဒီဓါတ်ပုံတွေဟာ မန္တလေး လေဆိပ်အတွင်းမှာ အမှန် တကယ် ဆောက်လုပ်ထားတဲ့ ယာယီဆေးရုံနဲ့ ကူညီကယ်ဆယ်ရေးစခန်းတွေရဲ့ ပုံတွေဆိုတာ သိရပါတယ်။

    ဒီအကြောင်းအရာကို ဘီဘီစီသတင်းဌာနမှာလည်း 'ငလျင်ဒဏ်ကြောင့် ပြေးလမ်းတွေ ပျက်စီးခဲ့တဲ့ မန္တလေးလေဆိပ်မှာ ယာယီဆေးရုံကို ဖွင့်လှစ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ မတ်လ ၂၉ ရက်နေ့ နေ့လည်က ဖြန့်ဝေထားပါသေးတယ်။


    ဘီဘီစီသတင်းဌာနမှာ ဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Old imagesFakenewsဓါတ်ပုံဟောင်းဓါတ်ပုံအတုearthquakeသဘာဝဘေးအန္တရာယ်
    Read Full Article
    Claim :   ယာယီဆေးရုံတွေနဲ့ ကူညီကယ်ဆယ်ရေးစခန်းဓါတ်ပုံတွေဟာ ကိုဗစ်ကာလတုန်းက ပုံဟောင်းတွေလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!