BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒလန်ဆရာမအဖြစ်ဖြန့်ဝေထားသည့်ဓါတ်ပုံ...
သတင်းအတု

ဒလန်ဆရာမအဖြစ်ဖြန့်ဝေထားသည့်ဓါတ်ပုံ တခြားအမျိူးသမီးပုံကိုယူသုံးထားခြင်းဖြစ်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုတရားခံ ဒလန်ဆရာမဆိုပြီး ဖြန့်ဝေနတဲ့ ပုံထဲကလူမှာ မှားယွင်းနေတယ်လို့ ကာယကံရှင်ဆိုသူက ပြန်လည်ဖြေရှင်းထားတာ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  7 Jun 2021 9:10 AM IST
  • ဒလန်ဆရာမအဖြစ်ဖြန့်ဝေထားသည့်ဓါတ်ပုံ တခြားအမျိူးသမီးပုံကိုယူသုံးထားခြင်းဖြစ်

    ဧရာဝတီ၊ ကျုံပျော်မြို့နယ် လှေဆွဲရွာမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာမှာ ဒေသခံများက လက်မခံဘဲ ပြန်လည်ခုခံရာကအပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လှေဆွဲရွာခံအချို့ သေဆုံးခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ဆရာမတစ်ဦးရဲ့ သတင်းပေးမှုက စတင်ဖြစ်ပွားတယ်လို့ ပြောဆိုဖြန့်ဝေမှုတွေအများအပြားထွက်ပေါ်ခဲ့ပြီး ဒလန်ဆရာမအိအိခင် ဆိုသူအမျိုးသမီးတစ်ဦးရဲ့ဓါတ်ပုံကို လူမှုကွန်ရက်ပေါ် ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

    ဒီလိုဖြန့်ဝေမှုထဲမှာ ချိန်းခြောက်မှုတွေလည်း ပါဝင်နေပြီး ဒလန်အမျိူးသမီးလို့စွပ်ဆွဲထားတဲ့အကြောင်းအရာထဲမှာ ဒလန်လို့စွတ်ဆွဲပြောဆိုတဲ့ အထောက်အထား၊ ဖြစ်စဉ်တစုံတရာထည့်သွင်းရေးသားထာတာမျိုးမရှိပါဘူး။

    မူရင်းရေးသားဖြန့်ဝေမှုထဲမှာ "ကျုံပျော်မှာ စခတွေကို သတင်းပေးတဲ့ ဒလန်မ "အိအိခင်"။ ငါတို့ လူစိတ်မွေးနေဖို့ မလိုတော့ဘူး။ သွေးကြွေးလိုက်ဆပ်ကို ဆပ်ရမယ်" ၊ "ဒလန်မ ပုံတော့ရလာပြီး အသားထဲက လောက်ထွက် သူ့ကြောင့် ရွာသူ ၂၀ ဝန်ကျင် သေဆုံးရပြီ ဘာလုပ်ကြမလဲ။ ဒလန်တွေ ငယ်ငယ် ကြီးကြီး မသနားကြပါနဲ့" ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဒီရေးသားချက်ထဲမှာအထောက်အထားတစုံတရာထည့်သွင်းထားခြင်းမရှိပေမယ့် အမုန်းတရားနဲ့သွေးထိုးလှုံ့ဆော်တဲ့အရေးအသားတွေပါဝင်နေပြီး ဖြစ်စဉ်နဲ့မသက်ဆိုင်သူရဲ့ပုံကိုပါ အသုံးပြုပြီးလှုံ့ဆော်ဖြန့်ဝေထားတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုနဲ့ ပါတ်သတ်ပြီး ကာယကံရှင်လို့ ယူဆရသူက သူမဟုတ်တဲ့ အကြောင်းကို သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ ပြန်လည်ရှင်းလင်းထားပါတယ်။


    ဖြေရှင်မှုထဲမှာ "ဒလန်ကိစ္စနဲ့ အွန်လိုင်းပေါ် ဖြန့်ဝေနေတဲ့ အိအိခင်မှာ သူမဟုတ်ကြောင်း၊ သူမနာမည်မှာ မေမြင့်မွန်ဖြစ်ကြောင်း၊ ပုသိမ်မြို့မှာ နေတာဖြစ်ပြီး ဇရစ်ရိုးကျေးရွာကိုလည်း တစ်ခါမှ ရောက်ဖူးခြင်း မရှိကြောင်း၊ သူမက ရုံးအကူသာဖြစ်ပြီး ကျောင်းဆရာမလည်း မဟုတ်ကြောင်း၊ တစ်မိသားစုလုံး အထိတ်တလန့် ဖြစ်နေပြီး သတင်းအမှားတွေကို ဆက်ပြီးမဖြန့်ဝေဘို့ တောင်းပန်ကြောင်း" ရေးသားထားတာပါ။ သူမရဲ့ ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ပြန်လည်ဖြေရှင်းထားတဲ့ "ရေ ွှအ သည်း" ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ သူမရဲ့ အကောင့် အမှန်ဖြစ်မဖြစ်ကို စုံစမ်းနေဆဲဖြစ်ပေမယ့် ဖြေရှင်းချက်ကို ၁၀ နာရီအတွင်း ပြန်လည်ဖြန့်ဝေသူ ထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

    ကျုံပျော်ဖြစ်စဉ်ဟာ လက်ရှိအချိန်မှာ အလွန်ရှုပ်ထွေးနေပြီး သတင်းဌာနကြီးတွေကိုယ်တိုင် အချက်အလက် အတိအကျ ရယူနိုင်ခြင်း မရှိသေးတာကို တွေ့နေရပါတယ်။

    ဥပမာအားဖြင့် ကျုံပျော်ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေစာရင်းကို ခေတ်သစ်မီဒီယာနဲ့ DVB သတင်းဌာနတွေရဲ့ ဇွန်လ ၅ ရက်နေ့ ညနေပိုင်း သတင်းတွေမှာဖော်ပြခဲ့ရာမှာ ပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးတယ်လို့ ဖော်ပြခဲ့ပေမယ့် ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းမှာ ကြေငြာခဲ့တဲ့ RFA သတင်းဌာနနဲ့ ဧရာဝတီသတင်းဌာနတွေရဲ့ သတင်းမှာ ဒေသခံ ၃ ဦးသာကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


    သတင်းဌာနတွေမှာ ဖော်ပြခဲ့မှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် "ကျုံပျော်က ဒလန်ဆရာမ ဓားဖြင့်ခုတ်ခံရ ပွဲချင်းပြီးသေ" ဆိုပြီး ဇွန်လ ၅ ရက်နေ့ ညပိုင်းမှာ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပေမယ့် ဒေသခံတစ်ဦးက အသတ်ခံရခြင်း မရှိဘူးလို့ ပြောဆို ဖြေကြားထားတယ်လို့ Delta News Agency ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အပေါ်ကအချက်တွေကို သုံးသပ်ကြည့်ရင် ကျုံပျော်အခြေအနေဟာ အလွန်ရှုပ်ထွေးနေတာဖြစ်ပြီး သတင်းမှန်ရရှိမှုဟာလည်း အားနည်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် မသေချာ၊ မခိုင်လုံတဲ့ သတင်းတွေကို မဖြန့်ဝေမိဘို့ BOOM က သတင်းဆန်းစစ် တင်ပြရခြင်းဖြစ်ပါတယ်။

    Tags

    Kyone Pyaw.Military CoupFalse imagesTeacherဒလန်ဆရာမFalse News
    Read Full Article
    Claim :   ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုတရားခံ ဒလန်ဆရာမဆိုပြီး ဖြန့်ဝေနတဲ့ ပုံထဲကလူ မှားယွင်းနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!