BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ‌နေပြည်တော်ကို ဒုံးတွေနဲ့...
သတင်းအတု

‌နေပြည်တော်ကို ဒုံးတွေနဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ Video က မြန်မာနိုင်ငံက မဟုတ်ပါ

နိုင်ငံခြားက Video အဟောင်းတစ်ပုဒ် အသုံးပြုပြီး ဖြန့်နေတဲ့ သတင်းအမှားတွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  17 April 2024 10:41 AM IST
  • ‌နေပြည်တော်ကို ဒုံးတွေနဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ Video က မြန်မာနိုင်ငံက မဟုတ်ပါ

    အဆိုပါ Video ကို စစ်တပ်ထောက်ခံသူ တယ်လီဂရမ် ချန်နယ်တွေကနေ စတင်ဖြန့်ဝေထားကြတာ ဖြစ်ပြီး စစ်တပ်ဆန့်ကျင်ရေးလုပ်နေသူတွေကပါ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတာ တွေ့ရပါတယ်။ ၎င်း Video ဟာ ၁၄ စက္ကန့်ခန့် ကြာမြင့်ပြီး Video အထဲမှာ တိုယိုတာ ကားအသေးတစ်စီးပေါ်မှာ အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကို တွေ့မြင်ရပါတယ်။ ဒီ Video ကို အသုံးပြုပြီး နေပြည်တော်ကို ပစ်ခတ်နေတယ်လို့ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ သိန်းချီရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တိုယိုတာ ကားအသေးတစ်စီးပေါ်ကနေ နေပြည်တော်ကို အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နိုင်ငံခြားက Video အဟောင်း တစ်ပုဒ်ဖြစ်တာကို တွေ့ရပါတယ်။

    ဒီ Video ကို စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေကနေ ဒီလိုပစ်ခတ်က တော်တော်ကြမ်းတယ်လို့ တင်ထားကြတာ ဖြစ်ပြီး ဒီ Video ဟာ နေပြည်တော်ကို ပစ်ခတ်နေတာ ဖြစ်တယ်လို့ စစ်တပ်ဆန့်ကျင်သူတွေဘက်က ပြန်လည်ဖြန့်နေကြတာ ဖြစ်ပါတယ်။

    ဒီ Video ဟာ မြန်မာနိုင်ငံက ဖြစ်စဉ်လည်း မဟုတ်သလို မြန်မာနိုင်ငံနဲ့လည်း မသက်ဆိုင်ပါဘူး။ အဆိုပါ Video ကို ၂၀၁၅ ခုနှစ်လောက်ထဲက Web စာမျက်နှာတစ်ချို့မှာ တွေ့နိုင်ပြီး တိုယိုတာ Hilux pick-up ကားအသေးက အတွဲလိုက်ဒုံးတွေ တင်ပြီး ပစ်ခတ်နိုင်လောက်အောင်ထိ အကြမ်းခံတယ်လို့ ကားကြော်ငြာ သဘောမျိုး ဖြန့်ထားကြတာလည်း ရှိပါတယ်။

    ၎င်း Video ရဲ့ မူရင်းပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အလားတူ သတင်းအမှားလိုမျိုး အီရန်က အစ္စရေးကို ပစ်ခတ်တဲ့ Video တွေသုံးပြီး မေမြို့ကို အတွဲလိုက် ဒုံးတွေနဲ့ ပစ်ခတ်တာဆိုတဲ့ သတင်းအမှားမျိုးလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    Tags

    Fake newsmissilesMilitary CoupOld videoအတွဲလိုက်ဒုံးသတင်းအမှားVideo အဟောင်းစစ်ကောင်စီ
    Read Full Article
    Claim :   နေပြည်တော်ကို ဒုံးတွေနဲ့ ပစ်ခတ်ရုပ်သံ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!