BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထန်တလန်ကို...
သတင်းအတု

ထန်တလန်ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီလား

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုပြီး စစ်ကောင်စီသတင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ခုပေါ်ထွက်လာခဲ့ပြီး ဒီထုတ်ပြန်ချက်ဟာ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ကွဲလွဲတာတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2023 6:08 PM IST
  • ထန်တလန်ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီလား

    ဒီအကြောင်းအရာကို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ သတင်းချန်နယ်တွေမှာ ပြန်လည်ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ CNF နဲ့ CDF နှစ်ဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ပြီး ထန်တလန်မြို့အတွင်းကို စတင်ဝင်ရောက်တိုက်က်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ထန်တလန်မြို့ရဲ့ တောင်ဘက်အစွန်ကို စတင်ဆုတ်ခွာခဲ့ရကြောင်း၊ ဩဂုတ်လမှ စပြီး ပထမအဆင့်အနေနဲ့ ဟားခါးမြို့မှ ၄ မိုင်ကွာဝေးသော သီမြစ်ချောင်းကူးတံတားထိ ကနဦး ခြေကုတ်ယူခဲ့ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ သီမြစ်ချောင်းကူးတံတားမှ ထန်တလန်မြို့ အဝင်ထိ ထပ်မံ ခြေကုတ်ယူခဲ့ကြောင်း၊ တတိယဆင့်မှာ ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံး၊ CB ဘဏ် နေရာတွေနဲ့ တို့ကို သိမ်းပြီး တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ လက်ရှိအခြေအနေနဲ့ ကွဲလွဲချက်တွေရှိနေပြီး မြေမြင်မှာ ဘာမှပြောင်းလဲမှုမရှိကြောင်းနဲ့ ရှမ်းမြောက်မှာ စစ်ရှုံးနေတဲ့အတွက် တဖက်လှည့်နဲ့ ဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောထားပါတယ်။

    ဒီအကြောင်းအရာကို ချင်းပြည်နယ်နဲ့ ပက်သတ်တဲ့ သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Khonumthung Burmese ဆိုတဲ့ သတင်းဌာနမှာ ဖော်ပြထားပြီး Chin National Front ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း ပြန်လည်ဖြန့်ဝေထားပါတယ်။

    သတင်းထဲမှာ ထန်တလန်မှာ လက်ရှိအချိန်ထိ ဘာတိုက်ပွဲမှာ မရှိကြောင်း၊ လက်ရှိအချိန်ထိ စစ်တပ်နဲ့ ချင်းတပ်ဖွဲ့တွေပါ တပ်စွဲထားကြောင်း၊ ထန်တလန်မှာ တိုက်ပွဲမရှိသည်မှာ ၂ ပတ် ၃ ပတ်ရှိပြီဖြစ်ကြောင်းနဲ့ စစ်တပ်က နေရာ ၃/၄ နေရာ ယူထားပြီး ချင်းတပ်တွေဘက်ကလည်း ၃/၄ နေရာ ယူထားကြောင်း ဆလိုင်းထက်နီက ပြောတယ်လို့ ရေးသားဖော်ပြထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Htan Ta LanlobbyingFakenewsသတင်းထုတ်ပြန်ထိန်းချုပ်military councilတိုက်ပွဲသတင်း
    Read Full Article
    Claim :   စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!