BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကျိူင်းကောင်တွေ...
      သတင်းအတု

      ကျိူင်းကောင်တွေ မြန်မာနိုင်ငံကိုမရောက်သေးပါဘူး

      နိုင်ငံအချိူ့ကိုပျံ့နှံရောက်ရှိနေတဲ့ ကန္တာရကျိူင်းကောင်တွေ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်နေပြီဆိုတဲ့ သတင်းအမှားကို လူပေါင်းများစွာကဖြန့်ဝေလျက်ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  8 July 2020 3:58 PM IST
    • ကျိူင်းကောင်တွေ မြန်မာနိုင်ငံကိုမရောက်သေးပါဘူး

      ၂၀၂၀ ပြည့်နှစ်ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလို ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုအပြင် ခုတစ်ခါ စိုက်ပျိုးသီးနှံတွေကို ဖျက်ဆီးမယ့် ကန္တာရကျိုင်းကောင် (နှံကောင်) (Desert Locust) တွေရဲ့ ဘေးရန်နဲ့ ပါတ်သတ်ပြီး ကမ္ဘာတစ်ဝှမ်းလုံး ပူပန်နေရပါတယ်။ ဒီရက်ပိုင်းထဲမှာပဲ ဒီရက်ထဲမှာပဲ ဒီကျိူင်းကောင်တွေ မြန်မာနိုင်ငံထဲကိုရောက်ရှိနေပြီဆိုတဲ့ သတင်းအမှားတွေပျံ့နှံ့လာပါတယ်။

      ကျိုင်းကောင်အုပ်စုတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီဆိုပြီး အများသူငှာ အထင်အမြင်လွဲစေနိုင်တဲ့ လိမ်လည်ရေးသားထားတဲ့ သတင်းတွေကို MinSay Yar ဆိုတဲ့ ဝက်ဘ်ဆိုက်နဲ့ LUGYINEWS ဆိုတဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖော်ပြရာကနေ ဖေစ့်ဘွတ်ပေါ်မှာ ပြန်လည်ဖြန့်ဝေမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

      မကွေးတိုင်း မကွေးမြို့နယ် ကျူချောင်းကျေးရွာ မှာ စတင်ကျရောက် လာပြီဖြစ်တဲ့ ကျိုင်းကောင်များ လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီသတင်းမှားရဲ့ အောက်မှာတော့ "မြို့န ယ် စိုက်ပျိုးရေး ဌာနကတော့ မနက်ဖြန်ဆင်းကြည့်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကျိုင်းကောင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးကြောင်း၊မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ ခုကို ကန္တာရကျိုင်းကောင် များ ဖြတ်သန်းဝင်ရောက်နိုင်သော စောင့်ကြည့်နေ ရာများအဖြစ် သတ်မှတ်ထားကြောင်း" များ ရေးသားထားပါတယ်။

      ဒီသတင်းမှားကို ပြန်လည်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပိုစ့်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနရော နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

      ဒီကန္တာရကျိုင်းကောင်တွေကို ယခုနှစ် ဇန်နဝါရီလက အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီအထိ ရောက်ရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကန္တာရကျိုင်းကောင်တွေရဲ့ သီးနှံဖျက်ဆီးမှု ဘေးရန်နဲ့ ပတ်သက်ပြီး ကြိုတင် တပ်လှန့် ပြင်ဆင်နေတာပါ။

      သတင်းဆန်းစစ်ချက်

      ဒီရေးသားဖြန့်ဝေမှုနဲ့ ပါတ်သတ်ပြီး BOOM Myanmar က သတင်းဆန်းစစ်ကြည့်ရာမှာ သူ့ရဲ့ပိုစ့်မှာ ထည့်သွင်းအသုံးပြုထားတဲ့ ပုံတွေက မြန်မာ့သြဘာ တောင်တွင်းကြီးစင်တာ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၃ ရက်နေ့က ဖြန့်ဝေခဲ့တဲ့ မကွေးတိုင်း ၊ ကျူချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဓါးခုတ်ကောင်( သို့ ) နှံမ ( Yellow Spotted Grass Hopper ) တွေအကြောင်းပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


      မူရင်းပိုစ့်ကို ဒီနေရာ မှာကြည့်နိုင်ပါတယ်။

      ကန္တာရကျိုင်းကောင်(နှံကောင်)ကို စစ်ဆေးသိရှိနိုင်ရန် ရုပ်သွင်ပြင်လက္ခဏာဖော်ပြမှုတွေကို နိုင်ငံပိုင်သတင်းဌာနတွေမှာ ဖော်ပြထားရာ ကြေးမှုံသတင်းစာရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြထားရာမှာ ကန္တာရကျိုင်းကောင် အကောင်ကြီးများ၏ အရွယ်အစားမှာ အထီး (၄ - ၅) စင်တီမီတာ၊ အမ (၅- ၆)စင်တီမီတာ ရှည်လျားပြီး အဝါ ရင့်ရောင်(သို့မဟုတ်) ပန်းရောင်ရှိကြောင်း၊ အတောင်ပေါ်တွင် အညိုရင့် ရောင်အပြောက်များပါရှိကြောင်း ဖော်ပြထားပါတယ်။ ကြေးမှုံသတင်းစာရဲ့ ဖော်ပြမှုကို ဒီနေရာ မှာကြည့်ပါ။


      ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိကျရောက်နေတဲ့ အဝါစက်ပြောက်နှံကောင် (သို့) ကော်ဖီနှံကောင်က အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်နေတဲ့ ကန္တာရကျိုင်းကောင် အမျိုးအစားမဟုတ်ကြောင်း၊ ပုံမှန်ရာသီဥတုအခြေအနေတွေမှာ တစ်ဟုန်ထိုး ပွားများပြီး outbreakဖြစ်ပါွးနိုင်ခြင်းမရှိကြောင်းနဲ့ ဒီနှံကောင်အမျိုးအစားတွေက အချိန်တိုအတွင်းသာ ကျရောက်တတ်တာဖြစ်တဲ့အတွက် မလိုအပ်ပဲ ပိုးသတ်ဆေးမပက်ဖျန်းသင့်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။


      မြန်မာနိုင်ငံကို ကျိုင်းအုပ်ဝင်လာနိုင်ခြေနဲ့ ပတ်သက်ပြီး VOA သတင်းဌာနနဲ့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေး ညွှန်မှူး ဦးဝင်းလှိုင်ဦးတို့ အမေးအဖြေကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်သလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး FAO ရဲ့ကျိုင်းအုပ်ရဲ့ လမ်းကြောင်းကို အချိန်နဲ့တပြေးညီ ဖော်ပြနေတဲ့ Locust Watch ဆိုတဲ့ ဝက်ဘ်စာမျက်နှာမှာလည်း ဝင်ရောက်ကြည့်နိုင်ပါတယ်။

      Tags

      Desert LocustCovidDesert Locust briefs 2020food securitylivelihoodsBreedingoutbreak
      Read Full Article
      Claim :   နိုင်ငံအချိူ့ကိုပျံ့နှံရောက်ရှိနေတဲ့ ကန္တာရကျိူင်းကောင်တွေ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်နေပြီဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!