BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရာသူကြီး ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2022 3:47 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Love Burmese ဆိုတဲ့ Page တစ်ခုက ဩဂုတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖန်တီးရာမှာ ၁၀ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် တရားခွင်က ဓါတ်ပုံတစ်ပုံရယ် တရားသူကြီးတစ်ယောက်ရဲ့ ဓါတ်ပုံတစ်ပုံကို Photoshop နဲ့ ပေါင်းထားကာ ဓါတ်ပုံပေါ်မှာ ၃၀ ရက်နေ့လို့ နေ့စွဲတပ်ထားပြီး "အမေစုကို ထောင်ဒဏ်ချတဲ့ တရားသူကြီး ယနေ့သတ်ခံရ" လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် မျှဝေရာမှာ "အမေစုကို ထောင်ဒဏ်ပေးတဲ့ တရားသူကြီး လုပ်ကြံခံရ" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ၃၅၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅ ထောင်ကျော် ရှိကာ YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၃ ထောင်ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တဲ့ တရားသူကြီး ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အမိန့်ချမှတ်ထားတဲ့ တရားသူကြီးတွေဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့မှ လုပ်ကြံခြင်း မခံထားရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့

    မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုကိုတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးပြီး ဒက္ခိဏခရိုင်တရားသူကြီး ဦးဝင်းတင့်က ကိုင်တွယ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၂ ရက် သောကြောနေ့မှာ အမိန့်ချဖို့ ချိန်းဆိုထားတဲ့ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုကိုတော့ ဇမ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က စီရင်ဆုံးဖြတ်မှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ရုံးထိုင်စစ်ဆေးတဲ့ မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်းဟာ ကိုဗစ်ကူးစက်ခံထားရပြီး ကျန်းမာရေးမကောင်းတာကြောင့် အမှုတွေကို မစစ်ဆေးဘဲ နောက်တစ်ပတ်ရုံးချိန်းကို ရွှေ့ဆိုင်းထားပါတယ်။

    ဒေါ်အောင်စုကြည်အမှုတွေ ကိုင်တွယ်နေတဲ့ ရှေ့နေတွေအကြောင်း ဒီနေရာမှာ ဖတ်ပါ။


    ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး လုပ်ကြံခံရတယ်လို့ ရေးသားထားပေမယ့် Video အထဲမှာတော့ အဆိုပါ အကြောင်းအရာမပါဝင်ဘဲ "အင်စိန်ထောင် အထူးတရားရုံး တရားသူကြီးစီးလာသောကား အင်းစိန်စျေးနဲ့ မီးသတ်နားမှာ ပစ်ခတ်ခံရ တစ်ဦးဒဏ်ရ ရရှိဆိုတဲ့ သတင်း၊ မိုးကုတ်အနောက်ပိုင်းတိုက်ပွဲ ဒုတပ်ရင်းမှူးတစ်ဦး သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီ ၇ ဦးသေဆုံးဆိုတဲ့ သတင်း၊ အခေါက်ရွှေတစ်ကျပ် လက်ရှိ ၃၁ သိန်း ၅ သောင်း ထိစျေးတက်ဆိုတဲ့ သတင်း.." စတဲ့ သတင်းတွေကို တင်ထားပါတယ်။ ဒီသတင်းအထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမှု့ကို အမိန့်ချသူတွေနဲ့ ပက်သက်တာ တစ်စုံတစ်ရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ လူအများဝင်ရောက် ကြည့်ရှု့အောင် လိမ်ညာရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ထားကာ Click baits သတင်းတွေနဲ့ စီးပွားရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



    Tags

    Fake newsMilitaryCoupState counselorClickbaitsသတင်းအတုစစ်ကောင်စီထောင်ဒဏ်
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပေးတဲ့ တရားသူကြီး လုပ်ကြံခံရ
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!