BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အင်္ဂလန်နိုင်ငံက ကြောင်ဥယျာဉ်...
      သတင်းအတု

      အင်္ဂလန်နိုင်ငံက ကြောင်ဥယျာဉ် တကယ်ရှိသလား

      သစ်ပင်ပန်းပင်တွေကို ချစ်စဖွယ်ကြောင်ရုပ်သွင်ပြင်ပုံစံပေါင်းစုံနဲ့ဖန်တီးထားတယ်ဆိုတဲ့ ဓါတ်ပုံတွေ ဒီရက်ပိုင်းထဲပျံ့နှံ့နေတာ သတိထားမိကြမယ်ထင်ပါတယ်။

      By - Boom Live Myanmar |
      Published -  14 July 2020 5:54 AM IST
    • အင်္ဂလန်နိုင်ငံက ကြောင်ဥယျာဉ် တကယ်ရှိသလား

      အင်္ဂလန်နိုင်ငံက ကြောင်ဥယာဉ်ကမ္ဘာဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ ရေးသားဖြန့်ဝေမှုတွေက ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အမြောက်အများ တွေ့လာရတာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်က ရေးသားဖြန့်ဝေခဲ့တဲ့ Min Min Htike ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ရဲ့ ပိုစ့်ကတော့ ထပ်ဆင့်ဖြန့်ဝေသူ ခုနှစ်ထောင့်နှစ်ရာကျော်ရှိထိရှိနေတာ တွေ့ရပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ရေးသားဖြန့်ဝေရာမှာတော့ "အင်္ဂလန်နိုင်ငံက အနုပညာရှင်တဦး ကြောင်ချစ်သူများအတွက် ပြုလုပ်ထားတဲ့ ကြောင်ဥယာဉ်အနုပညာလက်ရာ......မသွားချင်ကြဘူးလား.အနုစိတ်လက်ရာမြောက်စွာ...ကြောင်ပုံတွေ ဖန်တီးထားတာဖြစ်ပါတယ်" ပြီးရေးသားထားတာပါ။


      ဒီလိုရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီပိုစ့်တွေနဲ့ ပါတ်သတ်ပြီး BOOM Myanmar သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ ဖြန့်ဝေမှုတွေထဲမှာပါဝင်တဲ့ သစ်ပင်ပန်းပင်တွေနဲ့ ပုံဖော်ထားတဲ့ ကြောင်ပုံတွေဟာ အပြင်လက်တွေ့ဘဝမှာ တကယ်ရှိနေတာ မဟုတ်ပဲ ဒီဂျစ်တယ်အနုပညာလက်ရာများ ပုံများသာဖြစ်ကြောင်းတွေ့ရှိရပါတယ်။

      တကယ်တော့ ဒီပုံတွေဟာ Richard Saunders ဆိုတဲ့အနုပညာရှင်က ဒီဂျစ်တယ်ဓါတ်ပုံ အနုပညာအဖြစ် ဖန်တီးခဲ့တာဖြစ်ပြီး သူ့ရဲ့အနုပညာလက်ရာတွေက အပြင်လက်တွေ့ဘဝက ပုံရိပ်တွေနဲ့ နီးစပ်တဲ့အတွက် တကယ်အပြင်မှာရှိတယ်ဆိုပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

      ဒီလိုဖြန့်ဝေနေမှုတွေက ၂၀၁၅ ခုနှစ်လောက်ကတည်းက ဖြစ်ပြီး ဒီအကြောင်းကို ဘီဘီစီ သတင်းဌာနက ၂၀၁၆ ခုနှစ် မေ ၃၀ ရက်နေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဘီဘီစီ သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။


      ဘီဘီစီသတင်းဌာနရဲ့ သတင်းမှာလည်း ဒီပုံတွေဟာ တကယ့်သစ်ပင်တွေကို ဖန်တီးထားတဲ့ အင်္ဂလန်နိုင်ငံက လှပတဲ့ ပန်းဥယာဉ်ဆိုပြီး ကမ္ဘာအနှံ့ ဖြန့်ဝေနေကြကြောင်း ရေးသားထားပါတယ်။

      ဒီအနုပညာလက်ရာနဲ့ ပါတ်သတ်ပြီး ဒါတွေဟာ တကယ်အပြင်မှာ ရှိမနေကြာင်းနဲ့ ဒီဂျစ်တယ်အနုပညာလက်ရာ တစ်ခုသာဖြစ်ကြောင်းကို The Topiary Cat ဖေစ့်ဘွတ်ပေ့ချ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ကတည်းက ဖော်ပြထားပြီးဖြစ်ပါတယ်။ ရေးသားဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ပါ။


      အထက်ဖော်ပြပါအချက်တွေအရ ဒီကြောင်ဥယာဉ်နဲ့ ပါတ်သတ်ပြီး အပြင်မှာတကယ်ရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေဟာ သတင်းမှားတွေသာဖြစ်ကြောင်း သိနိုင်မှာပါ။

      ဒီပုံတွေကို ဖန်တီးခဲ့တဲ့ Richard Saunders ရဲ့ ဝက်ဘ်ဆိုက်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပြီး Youtube မှာ ဖြန့်ဝေထားမှုတွေကို ဒီနေရာ မှာကြည့်နိုင်ပါတယ်။

      Tags

      Topiary catsphotographicsurrealist artistreal-life bushesDigitalDigital Art
      Read Full Article
      Claim :   ဒီဂျစ်တယ်ဓါတ်ပုံသာဖြစ်တဲ့ ကြောင်ပုံတွေကို ပန်းပင်သစ်ပင်ကြီးတွေနဲ့ ဖန်တီးထားတဲ့ အင်္ဂလန်နိုင်ငံက ကမ္ဘာ့အကြီးဆုံးကြောင်ဥယာဉ်တော်ကြီးဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!