BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တစ်လအတွင်းတော်လှန်ရေး အဆုံးသတ်ဖို့...
သတင်းအတု

တစ်လအတွင်းတော်လှန်ရေး အဆုံးသတ်ဖို့ လုပ်ဆောင်နေတယ်လို့ US ပြောတယ်ဆိုတဲ့ သတင်းအမှား

တစ်လအတွင်း တော်လှန်ရေးကို အဆုံးသတ်ဖို့ NUG နဲ့ လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြောဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 May 2022 5:58 PM IST
  • တစ်လအတွင်းတော်လှန်ရေး အဆုံးသတ်ဖို့ လုပ်ဆောင်နေတယ်လို့ US ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ရက်ပိုင်းအတွင်း သတင်းအမှားတွေ ဆက်တိုက်တင်နေတဲ့ 25 Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၈ ရက်နေ့ ညပိုင်းက စတင်ဖြန့်ဝေလာတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ အမေရိကန် အထက်လွှတ်တော် ရီပါပလစ်ကန် ခေါင်းဆောင် မတ်ကော်နယ် (Mitch McConnell) ရဲ့ သတင်းဓါတ်ပုံတွေ စုစည်းထားတဲ့ ၆ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ "ပြည်သူများ ၁ လပဲ စောင့်ကြပါ။ တော်လှန်ရေးကို အဆုံးသတ်ဖို့ NUG နဲ့ လုပ်နေတယ်ဟု US မိန့်" လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဗွီဒီယိုထဲမှာ မေ ၂၅ ရက်ကပြုလုပ်တဲ့ အထက်လွှတ်တော်အမတ်များ ကြားနာမှုမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် မတ်ကော်နယ်ရဲ့ ပြောကြားထားတာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး မည်သို့ လုပ်ဆောင်မယ်ဆိုတာတွေကို အမေရိကန် သမ္မတ ဘိုင်ဒင်ဦးဆောင်တဲ့ အစိုးရအနေနဲ့ လွှတ်တော်ကို အစီရင်ခံဖို့ လိုအပ်ကြောင်း မေ ၂၅ ရက်ကပြုလုပ်တဲ့ အထက်လွှတ်တော်အမတ်များ ကြားနာမှု မှာ အထက်လွှတ်တော်အမတ် မတ်ကော်နယ်က ပြောကြားထားတာပါ။

    ဒီသတင်းနဲ့ ဆက်စပ်ပြီး ဖြန့်ဝေနေတဲ့ "တစ်လအတွင်း တော်လှန်ရေးကို အဆုံးသတ်ဖို့ NUG နဲ့ လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြောဆို" တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    အထက်လွှတ်တော်အမတ် မတ်ကော်နယ်က "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုက်ပွဲနဲ့ ကျနော်တို့ရဲ့ ထောက်ခံပံ့ပိုးမှုအခန်းကဏ္ဍဟာ အလွန် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ။ ဒီနေ့မှာ ကျနော်နဲ့လုပ်ဖော်ကိုင်ဖက်များက အစိုးရကိုယ်စားလှယ်များထံမှ မြ န်မာပြည်သူများကို ကူညီဖို့ ဘယ်အရာတွေကို ပိုပြီးတိုးမြှင်လုပ်ဆောင်ဖို့ ပြင် ဆင်ထားသလဲဆိုတာကို ကြားနာဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

    ဒါအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ၁၆ လတာ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ ထောင်နဲ့ချီပြီးတော့ သေဆုံးခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ပါအဝင် အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာ ဖမ်းဆီး ခံထားရတယ်ဆိုပြီးတော့လည်း ထောက်ပြပြောကြားထားပါတယ်။ဒီသတင်းကို ပြည်တွင်းပြည်ပ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military CoupFakenewsMitch McConnellNUGUS is working with NUGအမေရိကန်အထက်လွှတ်တော်ရီပါပလစ်ကန်မတ်ကော်နယ်အမျိုးသားညီညွတ်ရေးအစိုးရ
    Read Full Article
    Claim :   တစ်လအတွင်း တော်လှန်ရေးကို အဆုံးသတ်ဖို့ NUG နဲ့ လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြောဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!