BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံအာဏာ မကြာခင်...
သတင်းအတု

နိုင်ငံအာဏာ မကြာခင် စွန့်လွှတ်တော့မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံအာဏာ မကြာခင် စွန့်လွှတ်တော့မယ့်အကြောင်း ဗိုလ်ချုပ်ကြီးပြောဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 July 2023 6:56 PM IST
  • နိုင်ငံအာဏာ မကြာခင် စွန့်လွှတ်တော့မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Trending ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင် ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ယခင်ခေတ်အဆက်ဆက်က စစ်ခေါင်းဆောင်တွေရဲ့ ပုံတွေအသုံးပြုကာ

    ကြာချိန် ၁၂ မိနစ် နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နိုင်ငံ့အာဏာကို မကြာခင် စွန့်လွှတ်တော့မည့်အကြောင်း ဗိုလ်ချုပ်ကြီးပြော။ ဖြစ်ရမယ်လေ၊ တပ်ချုပ်ကြီး တစ်ဦး၏ အသံဖိုင်။ ဘယ်လိုထိန်းထိန်း၊ ထိန်းမရတော့တဲ့အဆုံး’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ စစ်ခေါင်းဆောင် လူမှုထူးချွန်ဆု ချီးမြှင့်တယ်ဆိုတဲ့ သတင်းအပါအဝင် အခြားသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    နိုင်ငံအာဏာ မကြာခင် စွန့်လွှတ်တော့မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ အကြောင်းကို စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်Min Aung Hlaingအာဏာစွန့်relinquish powerအာဏာသိမ်းMilitary CoupFakenews
    Read Full Article
    Claim :   နိုင်ငံအာဏာ မကြာခင် စွန့်လွှတ်တော့မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!