BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွေးကောက်ပွဲလုပ်မယ်ဆို...
သတင်းအတု

ရွေးကောက်ပွဲလုပ်မယ်ဆို သူ့ကိုသတ်မှရမယ်လို့ သမ္မတဦးဝင်းမြင့်ပြောတယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲ လုပ်ချင်ရင် သူ့ကိုသတ်မှရမယ်လို့ သမ္မတ ဦးဝင်းမြင့် အပြတ်ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2023 12:39 PM IST
  • ရွေးကောက်ပွဲလုပ်မယ်ဆို သူ့ကိုသတ်မှရမယ်လို့ သမ္မတဦးဝင်းမြင့်ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Know what you think ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ရွေးကောက်ပွဲ ဖျက်သိမ်းရန် လုပ်မည်ဟု ပြောနေပြီ။ NLD က သပိတ်မှောက်ပြီ။ ရွေးကောက်ပွဲ လုပ်ချင်ရင် ငါ့ကိုသတ်မှ ရမယ်လို့ သမ္မတကြီး ဦးဝင်းမြင့် အပြတ်ပြော’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေ့ရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘ရွေးကောက်ပွဲ လုပ်ချင်ရင် ငါ့ကိုသတ်မှ ရမယ်လို့ သမ္မတကြီး ဦးဝင်းမြင့် အပြတ်ပြော’ ဆိုတဲ့ အကြောင်းအရာအစား အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်သာဖြစ်ပါတယ်။

    လက်ရှိမှာ အမှု့ ၈ မှု့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ဇန်နဝါရီလ ၁၄ ရက်ကစပြီး တောင်ငူထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ဒီဖြန့်ဝေမှုတွေဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုတွေသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitary CoupNUGPDFPresidentDetainစစ်ကောင်စီအာဏာသိမ်းသတင်းအတု
    Read Full Article
    Claim :   ရွေးကောက်ပွဲ လုပ်ချင်ရင် သူ့ကိုသတ်မှရမယ်လို့ သမ္မတ ဦးဝင်းမြင့် ပြောဆိုတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!