BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF စခန်းဝင်ရောက် စီးနင်းခံရပြီး...
သတင်းအတု

PDF စခန်းဝင်ရောက် စီးနင်းခံရပြီး ဒေါက်တာတေဇာဆန်း သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း PDF စခန်းဝင်ရောက် စီးနင်းခံရပြီး သေဆုံးပြီဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2022 9:36 PM IST
  • ဒီသတင်းကို သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'PDF စခန်းဝင် စီးနင်းခံရပြီး ဒေါက်တာတေဇာဆန်း သေဆုံးပြီ။ စိတ်ခိုင်မှ ကြည့်ပါ။ အလောင်းထုတ် ရုပ်သံ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    PDF စခန်းဝင်ရောက် စီးနင်းခံရပြီး ဒေါက်တာတေဇာဆန်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဒီ Video ဟာ ကြည့်ရှု့သူ အရေအတွက်များအောင် လိမ်ညာဖြန့်ဝေပြီး Viewers အရေအတွက်ကနေ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဒေါက်တာတေဇာဆန်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။ ဗွီဒီယိုထဲမှာ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ ခိုလှုံရာနေအိမ် စီးနင်းခံရ ဆိုတဲ့သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ClickbaitsFakenewsDr. Tayzar Sanဒေါက်တာတေဇာဆန်းမန္တလေး သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်း သေဆုံးPDF စခန်းစီးနင်းခံရMilitary Coup
    Read Full Article
    Claim :   မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း PDF စခန်းဝင်ရောက် စီးနင်းခံရပြီး သေဆုံးပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!