BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မယုံနိုင်ဖွယ်ရာ...
သတင်းအတု

မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာမယ်လို့ ဒေါ်ဇင်မာအောင် ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်အောက်လွတ်တော်က မဲခွဲအတည်ပြုခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း NDAA ကို အတည်ပြုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မယုံနိုင်ဖွယ် အရွေ့တစ်ခုဖြစ်လာမယ်လို့ NUG နိုင်ငံခြားရေးရောဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောခဲ့တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Dec 2022 8:52 AM IST
  • မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာမယ်လို့ ဒေါ်ဇင်မာအောင် ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ၊ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်က NDAA ကို အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး "မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခု ဖြစ်လာတော့မယ်" လို့ မှတ်ချက်ပေးထားတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    ဒီအကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်အောက်လွတ်တော်က NDAA ကို အတည်ပြုပြီးနောက် မယုံနိုင်စရာ အရွေ့တစ်ခု ဖြစ်လာတော့မယ်လို့ NUG နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒေါ်ဇင်မာအောင်ကလည်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဒီလို မှတ်ချက်စကားမျိုး ပြောဆိုခဲ့ဖူးခြင်း မရှိကြောင်း False hope ပေးတဲ့ သဘောမျိုးသက်ရောက်စေတဲ့ စကားတွေကို ပြောလေ့မရှိဘဲ သတိထား ရှောင်ရှားလေ့ရှိကြောင်း "ပထမ ပုံ က message ကိုတွေ့တော့ ဘယ်မှာများပြောခဲ့ပါလိမ့်လို့ အံ့ဩပြီး ကိုယ့်ကို ကိုယ် review လုပ်မိပါတယ်။ ခုရက်ပိုင်း မီဒီယာ အင်တာဗျူးလည်းမပေးမိပါ။ NDAA နဲ့ပက်သက်ပြီးတင်ခဲ့တဲ့ post က ကောက်နှုတ်ချက်ဖြစ်ပါလိမ့်မယ် ။သင်ခန်းစာ ယူပြီး မြန်မာလို ဘာသာပြန် ပြန်ထည့်လိုက်ပါတယ်။ ပြည်သူတွေ အာဏာရှင်စနစ်ဖြုတ်ချရေး တော်လှန်ရေးမှာ ဆက်လက်ကြံကြံ့ခံ အားတင်းပါဝင်နေဖို့လိုအပ်သလို ဆက်လက်ပါဝင်နေဖို့ အားအင်တွေ ရှိဖို့ လိုအပ်တယ်ဆိုတာလည်း အမှန်တရားပါ။ သို့သော် False hope သဘောမျိုး ဖြစ်စေမယ့် သတင်းစကား မျိုးကိုတော့ သတိထားပြီး ရှောင်ရှားဖြစ်ပါတယ်" လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။




    Tags

    Fake newsFalse hopeNUGMilitaryCoupသတင်းအတုစစ်ကောင်စီအမျိုးသားညီညွတ်ရေးအစိုးရအာဏာသိမ်း
    Read Full Article
    Claim :   မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခု ဖြစ်လာတော့မယ်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!