BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရဟတ်ယာဉ် မိုင်းခွဲမှု...
သတင်းအတု

ရဟတ်ယာဉ် မိုင်းခွဲမှု စစ်ကောင်စီတပ်သား အကုန်သေဆုံးဆိုတဲ့ သတင်းအမှား

ရဟတ်ယာဉ်ကွင်း ဗုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်နဲ့အတူ စစ်ကောင်စီတပ်သားတွေ အကုန်သေဆုံးဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 April 2023 8:36 AM IST
  • ရဟတ်ယာဉ် မိုင်းခွဲမှု စစ်ကောင်စီတပ်သား အကုန်သေဆုံးဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KH Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ရဟတ်ယာဉ် မိုင်းခွဲရပြီဗျို့။ ရဟတ်ယာဉ်ကွင်း ဗုံးထောင်ထားပြီး ရဟတ်ယာဉ်ဆင်းချိန် ဗုံးခွဲတိုက်ခိုက် ရဟတ်ယာဉ်နဲ့ စစ်ခွေးတွေပါ အကုန်သေပြီ’ လို့ ရေးသာထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်မှာ Burma VJ သတင်းဌာနမှာ ဧပြီလ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ ‘ပျူရွာမှ စစ်ကောင်စီရှေ့တန်းစခန်းနှင့် ရဟတ်ယာဉ်ကွင်း ၂ ခု ဖျက်ဆီးနိုင်ခဲ့ဟု မင်းကင်း PDF ထုတ်ပြန်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။


    သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသက ပျူစောထီးရွာတစ်ခုဖြစ်တဲ့ မအူရွာက ပျူရှေ့တန်းစစ်စခန်းကို သိမ်းပိုက်ပြီး အရေးပေါ် ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း မင်းကင်း PDF က ထုတ်ပြန်တဲ့ သတင်းကို ပြန်လည် ကိုးကားရေးသားထားတာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ ရဟတ်ယာဉ်ဆင်းချိန် ဗုံးခွဲတိုက်ခိုက်ပြီး ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ရဟတ်ယာဉ်ကွင်းရဟတ်ယာဉ် ဗုံးဖောက်ကွဲhelicopter bomb explosionဗုံးဖောက်ကွဲမှုFakenewsပျူစောထီးရွာ
    Read Full Article
    Claim :   ရဟတ်ယာဉ်ကွင်း ဗုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်နဲ့အတူ စစ်ကောင်စီတပ်သားတွေ အကုန်သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!