BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကိုဗစ်ကုသဖို့ ကုသနည်းနဲ့ပတ်သက်တဲ့...
      သတင်းအတု

      ကိုဗစ်ကုသဖို့ ကုသနည်းနဲ့ပတ်သက်တဲ့ အကြံပြုချက်အမှား

      ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပါတ်သတ်ပြီး ကာကွယ်ဆေးတွေ ကုသနည်းတွေအမျိုးမျိုးအွန်လိုင်းမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် ဒီသတင်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

      By - Boom Live Myanmar |
      Published -  17 Sept 2020 4:46 PM IST
    • ကိုဗစ်ကုသဖို့ ကုသနည်းနဲ့ပတ်သက်တဲ့ အကြံပြုချက်အမှား

      ဒီဖြန့်ဝေမှုကို Soe Myint ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဧပြီလ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ သုံးသောင်းသုံးထောင်ကျော်ရှိနေပါတယ်။ သူ့ရဲ့ ရေးသားချက်တွေမှာ COVID-19 ဆိုတဲ့ စကားလုံး သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ စကားလုံး တလုံးတလေမှ မပါပေမဲ့ ဒီရေးသားထားမှုဟာ COVID-19 နဲ့ ပါတ်သတ်တဲ့ ရေးသားထားမှုဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူတွေကလည်း ဒီရောဂါကိုသာ ဦးတည်ဖြန့်ဝေနေတာဖြစ်တဲ့အတွက် BOOM က သတင်းဆန်းစစ်ရခြင်း ဖြစ်ပါတယ်။

      ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ရေးသားဖြန့်ဝေရာမှာ "BBC သတင်းမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဆေးရုံမှ မြန်မာဆရာဝန် ပြောပြတာလေးတွေပါ။ အဖျားကျဖို့အတွက် ပါရာစီတမောကို သောက်ပါ။ အခြားဆေးများ မသောက်ပါနဲ့။ ရေများများသောက်ပါ။ သူတို့ဆေးရုံမှာ အလွယ်ကူဆုံး ကုထုံးက ၆ နာရီမှောက်အိပ်ခိုင်းပြီး နာရီဝက်ပြန်လှန်ခိုင်းပါတယ်။ ဒီနည်းကို အီတလီမှာလည်း သုံးတယ်တဲ့။ ဆားရည်ကြည်နဲ့ ပလုတ်ကျင်းပါတဲ့" ဆိုပြီး ရေးသားထားတာပါ။

      သတင်းဆန်းစစ်ချက်

      အဖျားကျေစေဘို့ ပါရာစီတမောသောက်ဆိုတဲ့ နေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က COVID-19 ကို ကာကွယ်ရန် သို့မဟုတ် ကုသဘို့အတွက် မည်သည့်ဆေးဝါးတွေနဲ့မှ မိမိကိုယ်တိုင်ကုသခြင်း မပြုလုပ်ဖို့ အကြံပြုထားပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


      WHO အနေနဲ့ ဘယ်ဆေးဝါးတွေနဲ့မှ မိမိဖာသာကုသခြင်း မပြုလုပ်ဘို့ပြောဆိုထားပြီး လက်ရှိအချိန်မှာ အနောက်တိုင်းဆေးပညာအပြင် တိုင်းရင်းဆေးပညာအရလည်း လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေကြောင်းနဲ့ သုတေသနရလဒ်တွေ ပေါ်လာပါကလည်း ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။ WHO ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ရေများများသောက်ပါလို့ ဆိုထားရာမှာ ရေနှင့်ဓါတ်ကိုထိန်းသိမ်းထားခြင်းသည် ယေဘုယျအားဖြင့် ကောင်းမွန်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ဖြစ်ပေမယ့် အစာအိမ်ကို ဆေးကြောပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကိုသတ်တယ်ဆိုတဲ့ အတွေးကတော့ ဇီဝဗေဒမှာ မရှိပါဘူးလို့ Oxford တက္ကသိုလ်မှ ပါမောက္ခ Trudie Lang က ပြောထားကြောင်း ဘီဘီစီ သတင်းဌာနမှာ မတ်လ ၈ ရက်နေ့မှာက ဖော်ပြခဲ့တဲ့ "ကိုရိုနာဗိုင်းရပ်စ်နဲ့ ပါတ်သတ်ပြီး သင်လျစ်လျူရှုသင့်တဲ့ ကျန်းမာရေးအကြံပေးချက်အတုတွေ" ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Coronavirus လိုရောဂါတွေက အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ခန္ဓာကိုယ်ထဲသို့ ဝင်ပါတယ်။ ဒီထဲက တချို့က ပါးစပ်ကတဆင့် ဝင်နိုင်တယ်ဆိုပေမယ့် ရေသောက်တာက ဗိုင်းရပ်စ်ပိုးမကူးအောင် မတားဆီးနိုင်ပါဘူးလို့ ပါမောက္ခ Trudie Lang က ပြောဆိုထားပါတယ်။


      ဆားရည်ကြည်နဲ့ ပလုတ်ကျင်းပါဆိုတဲ့ အချက်မှာတော့ ဘီဘီစီသတင်းဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းဆန်းစစ်မှုမှာ ဆားရည်ကြည်နဲ့ ပလုတ်ကျင်းတာက ရေဂါပိုးကိုမကာကွယ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဇွန်လ ၂၄ ရက်ကဖော်ပြခဲ့တဲ့ ဘီဘီစီသတင်းတစ်ခုမှာတော့ Edinburgh တက္ကသိုလ်သိပ္ပံပညာရှင်တွေက ဆားငန်ရေကို Covid-19 ကုသရာမှာသုံးဘို့ စမ်းသပ်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒါက စမ်းသပ်နေတာပဲဖြစ်ပြီး ဆားရည်ကြည်နဲ့ ပလုပ်ကျင်းစေတာတော့ မဟုတ်ပါဘူး။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



      Tags

      covid19Coronavirus factsCoronavirus VaccinePreventionCureDrinking WaterBiological mechanismVirusInfectionsMedical adviceGargling Salt water
      Read Full Article
      Claim :   ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပါတ်သတ်ပြီး ကာကွယ်ဆေးတွေ ကုသနည်းတွေအမျိုးမျိုးအွန်လိုင်းမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် ဒီသတင်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!