BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒီပဲယင်းမြို့နယ်အတွင်း...
      သတင်းအတု

      ဒီပဲယင်းမြို့နယ်အတွင်း ကျဆုံးသူပြည်သူဦးရေ အတည်ပြုနိုင်ခြင်း မရှိသေးပါ

      ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁၈ ဦး ကျည်ထိမှန် သေဆုံးတယ်ဆိုတဲ့ သတင်းဟာ ကျဆုံးသူဦးရေ အတိအကျ အတည်ပြုထားရခြင်း မရှိသေးသလို ထိခိုက်သူဦးရေမည်မျှရှိတယ်ဆိုတာတွေကို လက်ရှိအချိန်ထိ အတည်ပြုထားတဲ့သတင်းအရင်းအမြစ်တွေမရှိသေးပါဘူး။

      By - Boom Live Myanmar |
      Published -  30 Nov 2021 5:38 PM IST
    • ဒီပဲယင်းမြို့နယ်အတွင်း ကျဆုံးသူပြည်သူဦးရေ အတည်ပြုနိုင်ခြင်း မရှိသေးပါ

      ဒီအကြောင်းအရာနဲ့ပတ်သက်လို့ "လေယာဉ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒီပဲယင်းနယ်အတွင်း ကျေးရွာများမှ ပြည်သူ ၁၈ ဦးထိ ကျည်ထိမှန် သေဆုံးခဲ့ရပြီဖြစ်ကြောင်းသိရ။" လို့ ရေးသားထားတဲ့ပို့စ်တခု လူမှူကွန်ရက်မှာ အမြောက်အများပျံ့နှံ့ခဲ့ပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းတဲ့အနေနဲ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ဒေသခံအချို့သေဆုံးပြီး အချို့ပျောက်ဆုံးနေတယ်လို့ သတင်းဌာနကြီးတွေမှာ ဖော်ပြထားပေမယ့် ပြည်သူ ၁၈ ဦး သေဆုံးသွားတယ် ဆိုတာမျိုးတော့ ပါဝင်ခြင်းမရှိပါဘူး။

      ဒီသတင်းနဲ့ ပါတ်သတ်ပြီး "ဒီပဲယင်းမြို့နယ် ညီနောင်များ" ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းကတည်းက သတင်းအမှားသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ဖြေရှင်းထားမှုမှာ ကျဆုံးထိခိုက်မှု ရှိတယ်ဆိုပေမယ့် အတည်ပြုချက် မရယူနိုင်သေးကြောင်း ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


      ဒီပဲယင်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပါတ်သတ်ပြီး မီဒီယာကြီးတွေမှာ ဖော်ပြထားတာမှာ ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ပျောက်ဆုံးသူတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။


      ဒီပဲယင်း အခြေအနေအကြောင်း ရေးသားဖော်ပြထားတဲ့ မီဒီယာတွေက သတင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

      ဖြန့်ဝေမှုတချို့မှာ ဖော်ပြထားတဲ့ ညအချိန် အထုပ်အပိုးတွေသယ်ပြီး သွားလာနေတဲ့ ပုံတွေကတော့ ၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရတဲ့ မင်းကင်း စစ်ဘေးဒုက္ခသည်တွေရဲ့ ပုံဖြစ်ပြီး RFA သတင်းဌာနမှာ ဖော်ပြထားခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။


      RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      ဒီပဲယင်းမြို့နယ်Depayin Township18 people died in Depayinစစ်ဘေးဒုက္ခသည်စစ်ကောင်စီMilitary Coupmilitary council
      Read Full Article
      Claim :   ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁၈ ဦး ကျည်ထိမှန် သေဆုံးတယ်ဆိုတဲ့ အတည်ပြုထားခြင်းမရှိတဲ့ သတင်းဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!