BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပုံထဲက သင်္ဘောပေါ်ဟာ လူ...
သတင်းအတု

ပုံထဲက သင်္ဘောပေါ်ဟာ လူ ခုနှစ်သိန်းခွဲ မတင်ဆောင်နိုင်ပါ

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်သားတွေကို တင်ဆောင်လာတဲ့ the RMS Queen Elizabeth သင်္ဘောပေါ်မှာ လူပေါင်း ခုနှစ်သိန်းခွဲကျော် ပါဝင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 Feb 2024 9:33 AM IST
  • ပုံထဲက သင်္ဘောပေါ်ဟာ လူ ခုနှစ်သိန်းခွဲ မတင်ဆောင်နိုင်ပါ

    ဒီအကြောင်းအရာကို စူးစမ်းလေ့လာသိပ္ပံကမ္ဘာ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြိး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လူအများအပြား တင်ဆောင်ထားတဲ့ သင်္ဘောပုံ တစ်ပုံနဲ့အတူ ‘၁၉၄၅ခုတုံးက အမေရိကန်စစ်သားတွေကို သယ်ဆောင် လာတဲ့ Queen Elisabeth ကိုနယူးယောက်မှာတွေ့ရပုံပါ။ ပုံမှန်ဆို လူ၁၅၀၀၀ ကျော်နဲ့ သင်္ဘောလုပ်သား ၉၀၀ထိ သယ်ဆောင် နိုင်ပေမဲ့ ဒုတိယကမ္ဘာစစ် ဖြစ်နေတာမို့ လူပေါင်း ၇၅၀၀၀၀ ထိသယ်ဆောင်ခဲ့ပြီး မိုင်ပေါင်း ၅သိန်းထိလဲ သွားခဲ့ပါတယ် စစ်သားတွေ ဉရောပသွားဖို့ ဒီသင်္ဘောစီးပြီး British Isles ရောက်အောင်ရက်ပေါင်း၅_၇ရက်ကြာပါတယ်တဲ့’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ပိုစ့်တွေအောက်မှာ အချို့က ဒီဓာတ်ပုံဟာ AI နဲ့ ပြန်လည်ပြုပြင်ထားတဲ့ ပုံဖြစ်တယ်လို့ မှတ်ချက်ပေးနေပါတယ်။ BOOM က ဖြန့်ဝေထားတဲ့ ဓာတ်ပုံကို စစ်ဆေးကြည့်ရာမှာ မူရင်းကို New York Historical Society (NYHS) မှာ ၁၉၄၅ ခုနှစ် မေလ ၈ ရက် က နယူးယောက် ဆိပ်ကမ်းကို အမေရိကန်တပ်သားတွေ ပြန်လည်ခေါ်ဆောင်လာတဲ့ လူအပြည့်သင်္ဘော ဆိုပြီး ဖော်ပြ ထားပါတယ်။

    မူရင်းပုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပုံထဲက သင်္ဘောကြီးဟာ RMS Queen Elizabeth သင်္ဘောဖြစ်ပြီး ဒီဓာတ်ပုံဟာ AI နဲ့ ပြန်လည်ပြုပြင်ထားတာ မဟုတ်တဲ့ အစစ်အမှန် ဖြစ်ပေမယ့် ပြန်လည်ဖြန့်ဝေရာမှာ ရေးသားထားတဲ့ ‘ပုံမှန်ဆို လူ၁၅၀၀၀ ကျော်နဲ့ သင်္ဘောလုပ်သား ၉၀၀ထိ သယ်ဆောင် နိုင်ပေမဲ့ ဒုတိယကမ္ဘာစစ် ဖြစ်နေတာမို့ လူပေါင်း ၇၅၀၀၀၀ ထိသယ်ဆောင်ခဲ့ပြီး မိုင်ပေါင်း ၅သိန်းထိလဲ သွားခဲ့ပါတယ်’ ဆိုတဲ့ အချက်ဟာ မှားယွင်းနေပါတယ်။

    ဒီသင်္ဘောအကြောင်း ရေးသားထားတဲ့ မှတ်တမ်းတွေမှာ သင်္ဘောရဲ့ သယ်ဆောင်နိုင်မှု ပမာဏဟာ စစ်သားတစ်သောင်းခွဲကျော်နဲ့ သင်္ဘောလုပ်သား ၉၀၀ ရှိကြောင်း၊ Queen Elizabeth သင်္ဘောဟာ သူ့ရဲ့ စစ်မှုထမ်းမှုကာလာအတွင်း တပ်ဖွဲ့ဝင်ပေါင်း ခုနှစ်သိမ်းခွဲ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး မိုင်ပေါင်း ၅ သိန်း လောက် ခုတ်မောင်းခဲ့တယ်လို့ ရေးထားတာ တွေ့ရပါတယ်။

    အောက်ပါပုံကို ကြည့်ပါ။


    စစ်မှုထမ်းမှုကာလာအတွင်း သယ်ဆောင်ခဲ့တဲ့ ဦးရေကို ခရီးစဉ် တစ်ကြောင်းအတွင်းမှာ လူ ခုနှစ်သိန်းခွဲကျော် သယ်ဆောင်ထား သယောင် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    Queen Elizabeth သင်္ဘောနဲ့ ပက်သတ်ပြီး ရေးသားထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Crowded shipsAmerican troopsmisinformation750000 troopsဒုတိယကမ္ဘာစစ်
    Read Full Article
    Claim :   သင်္ဘောပေါ်မှာ လူပေါင်း ခုနှစ်သိန်းခွဲကျော် ပါဝင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!