BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာလုပ်သားတွေကို...
သတင်းအတု

မြန်မာလုပ်သားတွေကို ထိုင်းကိုအဝင်မခံတော့ဘူးဆိုတဲ့ သတင်းအမှား

လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားအများစုမှာ လတ်တလောဖြစ်နေတဲ့သတင်းတချိူ့ကိုအခြေခံပြီး သတင်းအမှားအဖြစ် ပုံဖျက် ရေးသားဖြန့်ဝေနေတာတွေ ပိုမိုများပြားလာနေပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2020 7:19 AM IST
  • မြန်မာလုပ်သားတွေကို ထိုင်းကိုအဝင်မခံတော့ဘူးဆိုတဲ့ သတင်းအမှား

    ခုဖော်ပြပေးမှာကတော့ သာလီစွ ဆိုတဲ့ ဖေ့စ်ဘွတ်ပေချ့်မှာ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဖြန့်ဝေခဲ့တဲ့ "မြန်မာနိုင်ငံသားတွေ ငါတို့နိုင်ငံကို အလုပ်လာမလုပ်တော့နဲ့လို့ ပြောလိုက်တဲ့ ထိုင်းအစိုးရ" ဆိုတဲ့ သတင်းနဲ့ ပါတ်သတ်ပြီး BOOM Myanmar က အချက်အလက်ဆန်းစစ်ထားချက်တွေကို ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။

    သာလွီစဆိုတဲ့ ပေချ့်က စာဖတ်သူတွေ အထင်အမြင်လွဲအောင် တမင်လုပ်ကြံရေးသားထားတဲ့ ဒီသတင်းကို PADAETHAR ဆိုတဲ့ ဝက်ဆိုက်ကနေ ပြန်လည်ဖြန့်ဝေတာဖြစ်ပြီး ပိုစ်အောက်မှာတော့ အထက်ပါပုံမှာ တွေ့ရတဲ့ အတိုင်း React ပေးသူ မှတ်ချက်ရေးသူနဲ့ ထပ်ဆင့်ဖြန့်ဝေသူ နှစ်ထောင့်ခုနှစ်ရာကျော်ရှိတာတွေ့ရပါတယ်။ သာလွီစ ပေချ့်ရဲ့ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာကြည့်ရှု့နိုင်ပါတယ်။

    ဒီလိုရေးသားဖြန့်ဝေရာမှာ 7 Day News သတင်းဌာနဝဘ်ဆိုက်စာမျက်နှာမှာ ဇွန်လ ၁၅ ရက်နေ့က ဖော်ပြခဲ့တဲ့ "ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ ကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေး အာမခံပြရမည်" ဆိုတဲ့သတင်းကို ကိုးကားကာ ခေါင်းစဉ်ပြောင်းလဲတပ်ဆင်ထားပြီး အတွင်းစာများမှာတော့ 7 Day News သတင်းဌာနက ဖော်ပြခဲ့တဲ့ အတိုင်း "ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ ကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေးအာမခံပြရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် Quarantine ၁၄ ရက်ကြာ ဝင်ရမည်ဖြစ်ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်လျှောက်ထားပါက အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(သို့မဟုတ်)ထိုင်းအစိုးရအေဂျင်စီက ထုတ်ပေးသည့် ခွင့်ပြုချက်စာမိတ္တူ ပြသရမည်ဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများမှာ ယင်းညွှန်ကြားချက်များအတိုင်း လိုက်နာနိုင်မည် မဟုတ်၍ သွားရောက်လုပ်ကိုင်မည့်သူမရှိနိုင်ဟု အေဂျင်စီလုပ် ငန်းရှင်များက သုံးသပ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့်လည်း ထိုင်းအပါအဝင်အခြားနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုရပ်ဆိုင်းခြင်းကို မေလကုန်အထိအချိန် ထပ်တိုးထားကြောင်း" ရေးသားထာတာပါ။

    သတင်းဆန်းစစ်ချက်

    ထိုင်းအစိုးရအနေနဲ့ အဆိုပါကြေငြာချက်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းကပင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး 7 Day News သတင်းဌာနအနေနဲ့ ဒီထုတ်ပြန်ချက်ကို သတင်းပြန်လည်ရေးသားရာမှာ သတင်းရေးသားတဲ့ရက် နောက်ကျသလို သတင်းရဲ့မူရင်းဆိုလိုချက်ပါအနည်းငယ်လွဲမှားနေပါတယ်။

    ဒီသတင်းကို အလဲဗင်း၊ ဧရာဝတီ၊ ဘန်ကောက်ပိုစ့် စတဲ့ သတင်းမီဒီယာကြီးတွေက မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့များမှာ ကတည်းက မှန်ကန်စွာ ရေးသားခဲ့ပြီးဖြစ်ကြောင်း ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။အထက်ပါပုံမှာ ဖော်ပြထားတဲ့အတိုင်း 7 Day News ရဲ့ရေးသားချက်မှာ "ထိုင်းသို့သွားရောက်မယ့် မြန်မာလုပ်သားများ" လို့သာ လိုရာဆွဲယူရေးသားထားပြီး ဒါကထိုင်းအစိုးရအနေနဲ့ မြန်မာလုပ်သားတွေအပေါ်သာ သီးသန့်တင်းကျပ်တာမျိုးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ဇွန်လ ၁၅ က ဖော်ပြခဲ့တဲ့ 7 Day News သတင်းဌာရဲ့ သတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။


    Eleven သတင်းဌာန ရဲ့ ရေးသားမှုကို အထက်ဖော်ပြပါပုံမှာ ကြည့်ပါ။ မတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့တဲ့ Eleven သတင်းဌာန ရဲ့ ရေးသားမှုမှာတော့ "မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသားများအားလုံး" လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ထိုင်းအစိုးက "ထိုင်းနိုင်ငံသို့လာရောက်တဲ့ နိုင်ငံခြားသားများအားလုံး COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်အပြင် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ကျန်းမာရေးအာမခံပြရမယ်" လို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကန့်သတ်ချက်က ထိုင်းနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားသားအားလုံး အလုပ်ရှင်၊ အလုပ်သမား၊ ကျောင်းသားစတဲ့ ထိုင်းနိုင်ငံသားမဟုတ်သူတွေ အကုန် အကြုံးဝင်ပါတယ်။


    အထက်ပါပုံမှာ Bangkok Post သတင်းဌာမှာ မတ်လ ၁၉ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ပါတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ပြောဆိုထားမှုဖြစ်ပြီး သူပြောဆိုထားတာက "ရောဂါကူးစက်မှု နိုင်ငံထဲမရောက်အောင် တားဆီးနေတာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကို လာရောသူတွေအနေနဲ့ ဆေးလက်မှတ်နဲ့ ကျန်းမာရေးအာမခံ ပြဘို့လိုအပ်တယ်" လို့ ပြောဆိုထားတာပါ။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ထိုင်းနိုင်ငံမြို့ပြလေကြောင်းအာဏာပိုင် Civil Aviation Authority of Thailand (CAAT) ရဲ့ ထုတ်ပြန်ကြေငြာချက်တွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ယခုပျံ့နှံ့ခဲ့တဲ့သတင်းမှာတော့ မူရင်းသတင်းဌာနက သတင်းအမှန်ကိုပဲခေါင်းစဉ်ပြောင်းလဲကာလိုရာဆွဲရေးသားထားခြင်းဖြစ်ပြီး ဒီသတင်းကိုလူပေါင်းထောင်ချီထပ်ဆင့်ဝေမျှခဲ့တာဖြစ်ပါတယ်။



    Tags

    ThailandMedical CertificatecoronavirusCOVID-19CAATBurmeseworkers
    Read Full Article
    Claim :   ထိုင်းနိုင်ငံသို့လာရောက်တဲ့ နိုင်ငံခြားသားများအားလုံးကို COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်အပြင် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ကျန်းမာရေးအာမခံပြရမယ်ဆိုပြီး ထိုင်းအစိုးရရဲ့ ကြေငြာချက်ကို ပြုပြင်ကာ မြန်မာလုပ်သားများကိုသာ တင်းကျပ်တယ်လို့ ထင်မြင်စေရန် ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!