BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေကို ဆေးကုသခွင့်နဲ့...
သတင်းအတု

PDF တွေကို ဆေးကုသခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခွင့်မပြုဖို့ ထိုင်းအစိုးရ ပြောထားတယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆေးကုသခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခွင့်မပြုဖို့ ထိုင်းအစိုးရက ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Dec 2021 8:15 PM IST
  • PDF တွေကို ဆေးကုသခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခွင့်မပြုဖို့ ထိုင်းအစိုးရ ပြောထားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို MyanmarNews 24 ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "PDF များကို ဆေးကုသခွင့် နှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မပြုရန်...ထိုင်းအစိုးရမှ ညွှန်ကြားထား" လို့ ရေးသားထားပြီး ၎င်းသတင်းအမှားရဲ့ အတွင်းမှာတော့ "လေးကေ့ကော် ဒေသ တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူများအနက်PDF များကို ဆေးကုသခွင့် နှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မပြုရန်...ထိုင်းအစိုးရမှ ညွှန်ကြားထားကြောင်း ဒုက္ခသည် စခန်းမှ တာဝန်ရှိသူတစိဦးကထိုင်းအခြေစိုက်မီဒီယာများ၌ပြောကြားထားကြောင်းသိရသည် မြန်မာ-ထိုင်း နယ်စပ် သောင်းရင်းမြစ်ကမ်းဘေး သို့ စစ်ရှောင် လာကြသည်....ထိုစစ်ရှောင်ပြည်သူများတွင် ဒဏ်ရာရရှိသူများလည်း ပါလာရာ....ထိုင်းအစိုးရမှ..သောင်းရင်းမြစ်ကမ်းဘေးတွင်....ယာယီဆေးခန်းဖွင့် ပြီး ကုသပေးလျှက်ရှိသည်....ထို ယာယီဆေးခန်းများအနေဖြင့် ဒဏ်ရာရထားသော PDF များ အား လက်ခံကုသပေးခြင်းမရှိပဲ ဒေသခံ များကိုသာ စိစစ်ကုသပေးလျက် ရှိကြောင်းသိရှိရပါသည်…." (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို သတင်းဌာနပုံစံ ပြုလုပ်ထားတဲ့ တစ်ခြား Page အတုတွေက ကူးယူဖော်ပြနေသလို တစ်ခြား ဖေ့စ်ဘွတ်အကောင့်တုတွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆေးကုသခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခွင့်မပြုဖို့ ထိုင်းအစိုးရက ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိသလို မည်သည့် သတင်းဌာနကမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းဌာနပုံစံ ဖန်တီးထားတဲ့ Page အတုတွေက အဆိုပါ သတင်းအတုကို ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားတင်ထားတဲ့ page အတုတွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းအမှားတွေဖြန့်ကာ NUG၊ CRPH နဲ့ PDF တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake NewsThai-Myanmar BorderPDFKNUCoupMilitaryသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   PDF များကို ဆေးကုသခွင့် နှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မပြုရန်...ထိုင်းအစိုးရမှ ညွှန်ကြားထား
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!