BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က...
သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရိုဟင်ဂျာအရေး ကတိပြုခဲ့တယ်ဆိုတဲ့ Email အတု

ရွေးကောက်ပွဲနီးကပ်လာတာနဲ့ အမျှ နိုင်ငံရေးအမြတ်ထုတ်တဲ့ သတင်းအမှားဖြန့်ဝေမှုတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ နေ့စဉ်လိုလို ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Jun 2020 12:19 PM IST
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရိုဟင်ဂျာအရေး ကတိပြုခဲ့တယ်ဆိုတဲ့ Email အတု

    ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Arakan Rohingya Union (ARU) နဲ့ Burmese Rohingya Association of North America အဖွဲ့မှ အကြီးအကဲဖြစ်သူ အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ Dr. Wakar Uddin ဆီကို ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး ကတိပေးထားတဲ့ Email တစ်စောင် ပို့ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပြန့်နှံ့နေပါတယ်။

    ဒီ Email ပို့ခဲ့တယ်ဆိုတဲ့ သတင်းအမှားကို Ko Yehtut ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၁၄ ရက်နေ့ ည ၉ နာရီ ၃၉ မိနစ်မှာ "ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရု ထဲမှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ ထိပ်ဆုံးမှာ "စောထိပ်တင် စောထိပ်တင်" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ကူးယူ ဖော်ပြထားတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    ဒီသတင်းအမှား ထဲမှာ "ကျွန်မ ဒီစာကို ကော့မှုးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုစားလှယ် အဖြစ်ရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ ခေါင်းဆောင်အဖြစ်နဲ့ပါ ကိုယ်စားပြုပြီး ရေးလိုက်ခြင်း ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ကျွန်မတို့ ရွေးကောက်ပွဲ ဝင်ပြိုင်ပါတေ့ာမယ်။ ဒီလို ရွေးကောက်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး ကိုးကွယ်မှု့ မတူညီတာကို အခြေခံပြီးတော့ ခွဲခြားချိုးနှိမ်ပြီး ဆက်ဆံခံနေရတဲ့ လူမျိုးစုတစ်ခုအတွက် အခွင့်အရေးတွေ အပြည့်အဝ ရရှိဖို့သာလျှင် ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် ယုံကြည်ထားတာကတော့၊ မြန်မာလူမျိုးတွေရဲ့ မတရား အနိုင်ကျင့်ခြင်းကို ခံနေရတဲ့၊ အချိုးနှိမ်ခံ လူတန်းစားတရပ်ဖြစ်တဲ့၊ ကျွန်မတို့ရဲ့ ခိုကိုးရာမဲ့ တိုင်းရင်းသား (ရိုဟင်ဂျာ) လူမျိုးစုတွေကို အခွင့်အရေးတွေ အပြည့်အဝပေးပြီး ကာကွယ်စောင့်ရှောက် နိုင်ဖို့အတွက် ဥပဒေသစ်တစ်ခု ပြဌာန်းနိုင်ဖို့ ကျွန်မတို့ ပါတီဝင် ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ၎င်း သတင်းအမှားထဲမှာ NLD ပါတီသာ အနိုင်ရခဲ့ရင် ရိုဟင်ဂျာ မုန်းတီးဆန့်ကျင်သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးထားမယ်လို့ ဖော်ပြထားပြီး "ဒီလို မြန်မာပြည်ကြီးကို ပြောင်းလဲပြစ်နိုင်ဖို့ ကျွန်မတို့ရဲ့ (NLD)ပါတီ မဲနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကို လိုလား ဂရုစိုက်နေကြတဲ့ ပြည်ပ နိုင်ငံခြားသားတွေရဲ့ အထောက်အကူကို NLDနေနဲ့ အများကြီး လိုအပ်နေပါတယ်။ ဒီအတွက်ကြောင့် ကျွန်မအနေနဲ့ ဒေါက်တာဥဒင်နဲ့ (ARU) တို့ဆီကလဲ အကူအညီတွေလိုအပ်နေပါတယ်။ ဒေါက်တာဥဒင်နဲ့ (ARU)ရဲ့ အကူအညီတွေကို ကျွန်မတို့တွေ ရရှိလိမ့်မယ်လို့လဲ အလေးထား ယုံကြည် မျှော်လင့်နေပါတယ်" လို့ ရေးသား ထားပါတယ်။

    အဆိုပါ သတင်းအမှားနဲ့ အတူ ပြည်သူကလွှတ်တော် တံဆိပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စာသားပါတဲ့ Email ပုံစံတစ်ခုနဲ့ မြန်မာဘာသာပြန်ထားတဲ့ စာသားကို JPG ပုံ ပြုလုပ်ပြီး တင်ထားပါတယ်။ အဆိုပါ ဓါတ်ပုံ အောက်ရဲ့ အောက်ခြေမှာတော့ "မြန်မာမှန်ရင် Copy ယူပါ ဖြန့်ဝေပါ။ အမှန်တရားပါ" လို့ ရေးသားထားပါတယ်။


    သတင်းဆန်းစစ်ချက်

    Ko Yehtut ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ထဲမှာ ရေးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် က ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဖြစ်တဲ့ ပါမောက္ခ Dr. Wakar Uddin ဆီကို Email ပို့ပြီး ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး ကတိပြုခဲ့တယ်ဆိုတဲ့ အကြောင်း အရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ ရနိုင်ငံရေးအရ ဝါဒ ဖြန့်ချီထားတဲ့ သတင်းအမှား တစ်ပုဒ် ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီရေးသားဖြန့်ဝေမှုဟာ ၂၀၁၅ ရေးကောက်ပွဲ မတိုင်ခင်ကာလမှာ စတင်ခဲ့တာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကာလတွေမှာလည်း ပြန်တင်တာကို တွေ့ရပြီး အခု ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ပြန်လည်ဖြန့်ဝေ နေတာကို တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာ အဆိုပါ သတင်းကို တင်ခဲ့တဲ့ Ko Yehtut ဆိုတဲ့ အကောင့်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တင်ထားတဲ့ စောထိပ်တင် စောထိပ်တင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ကူးယူဖော်ပြထားတာကို တွေ့ရပါတယ်။

    ဒါ့အပြင် ၂၁၀၅ ခုနှစ်ထဲက ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း Coconuts Yangon သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီအထဲမှာ အသုံးပြုထားတဲ့ ပုံတွေဟာ Photoshop ပြုလုပ်ထားတဲ့ ပုံတွေသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ်က Coconuts Yangon က သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    တကယ်တော့ ဒီသတင်းဟာ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ အတွက် ဖန်တီးထားတဲ့ သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    fake newsMyanmar State CounsellorDr.Wakar Uddinfake Email
    Read Full Article
    Claim :   Ko Yehtut ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ထဲမှာ ရေးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဖြစ်တဲ့ ပါမောက္ခ Dr. Wakar Uddin ဆီကို Email ပို့ပြီး ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး ကတိပြုခဲ့တယ်ဆိုတဲ့ အကြောင်း အရာကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  Facebook, website, Twitter, VK
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!