BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးအောင်ဆန်းဦးနာမည်သုံးထားတဲ့...
သတင်းအတု

ဦးအောင်ဆန်းဦးနာမည်သုံးထားတဲ့ ပန်ကြားလွှာအတု

လူမှုကွန်ယက်ပေါ်မှာ ဦးအောင်ဆန်းဦး နာမည် အသုံးပြုပြီး နိုင်ငံရေးအမြတ်ထုတ်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2020 4:29 PM IST
  • ဦးအောင်ဆန်းဦးနာမည်သုံးထားတဲ့ ပန်ကြားလွှာအတု

    အဆိုပါ ရေးသားဖြန့်ဝေမှုကို ဩဂုတ်လ ခန့်ကတည်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ ပြန်လည် ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းအမှားဟာ Photoshop နဲ့ စာစီပြီး design ပြုလုပ်ထားတဲ့ ရောင်စုံရုပ်ပုံ တစ်ပုံနဲ့ ဖြန့်ဝေနေကြတာ ဖြစ်ပြီး အဲ့ဒီ ရုပ်ပုံမှာ "ဦးအောင်ဆန်းဦး၏ ပြည်သူသို့ ပန်ကြားလွှာ" လို့ ရေးသားထားပါတယ်။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ်ပုံစံ ဖန်တီးထားတဲ့ ရုပ်ပုံထဲမှာအခုလိုရေးသားထားပါတယ်။

    "စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ (citizen duty) ဤ post လေးကို အများအတွက် အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ"

    အဲ့လိုရေးသားထားတဲ့ အောက်မှာ "လေးစားအပ်ပါသော မြန်မာပြည် ပြည်သူပြည်သားများခဗျာ မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကသို့ ခြေမချမှီကပင် မိမိကိုယ်ကိုပေါ်တွင် ရည်မှန်းချက်များစွာ မရှိသော သူမလိုပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ကောင်းကျိုးအတွက် သမာဓိတရား SAMADHI ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်လိုမျှော်လင့်ရမည်နည်း။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအတွက် မည်သူကပင် သမ္မတဖြစ်ပါစေ၊ ၎င်းတို့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရာမြင်ရာ စိတ်ကူးတည့်ရာ ပြောဆိုသည့်အတိုင်း သူမ၏ အလိုဆန္ဒများကိုသာ ထမ်းဆောင်ပေးနေရမည်။ အဘယ်ကြောင့်ဆိုသော် NLD ပါတီ အုပ်ချုပ်မှု မူဝါဒအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအထက်တွင် ရှိပါသည်။ သူမအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကာအကွယ်များ မရှိပါ။ ပြည်သူလူထု၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးရန် အုပ်ချုပ်မှုအာဏာရရှိသည့် နိုင်ငံတော် သမ္မတအား မိမဲ့မြင်ပြုနေသော ထင်ရာဆိုင်းတက်သည့် သူမလို ပုဂ္ဂိုလ်မျိုးကို ပြည်သူလူထု အနေဖြင့် ခွင့်မပြုသင့်ပါ။ လက်ရှိ NLD အစိုးရ၏ အုပ်ချုပ်မှု စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကို ပြန်လည် ရွေးကောက်တင်မြှောက်ခြင်း မပြုသင့်ပါ။ သို့မဟုတ်ပါက မှားယွင်းသည့် ထပ်တူအာဏာရှင်စနစ် အုပ်ချုပ်မှု (၅) နှစ် ထပ်မံ ကျင့်သုံးသွားမည် ဖြစ်ပါလိမ့်မည်" လို့ ရေးသားထားပြီး ပိုစ့်ရဲ့ အောက်ဆုံးမှာ "https://www.facebook.com/aungsanu77" ဆိုပြီး ဦးအောင်ဆန်းဦးရဲ့ ဖေ့စ်ဘွတ်အကောင့် URL ပုံစံ တစ်ခု ဖြစ်အောင် ဖန်တီးပြီး ထည့်ထားပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဦးအောင်ဆန်းဦးနာမည် အသုံးပြုပြီး NLD ပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာဟာ နာမည်အလွဲသုံးစားပြုလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    သတင်းအမှားဖြန့်ဝေသူတွေဟာ လွန်ခဲ့တဲ့ လ အနည်းငယ်က ဦးအောင်ဆန်းဦးနာမည်နဲ့ ဝက်ဘ်ဆိုဒ် တစ်ခု ဖန်တီးပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အမုန်းစကားတွေ၊ နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအမှားများစွာ ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ Website ဟာ အောက်တိုဘာလ ၈ ရက်နေ့ခန့်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက ပိတ်ပစ်ခဲ့ပါတယ်။


    ဒီလို ပိတ်ပစ်ခဲ့တဲ့ အပေါ် ကာယကံရှင်ဖြစ်သူ ဦးအောင်ဆန်းဦးက ပိတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ပိတ်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန တာဝန်ရှိသူက 7 Days သတင်းဌာနကို အတည်ပြု ဖြေကြားခဲ့ပါတယ်။


    လူမှုကွန်ယက်ပေါ်မှာ ဦးအောင်ဆန်းဦး နာမည်နဲ့ ယခင်က သတင်းအမှားများစွာ ထွက်ပေါ်ခဲ့ဖူးသလို Facebook အကောင့်အတုတွေ၊ Page အတုတွေ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။





    Tags

    Aung San Suu KyiAung San Oousing nameCriticizing to NLDfake newsဦးအောင်ဆန်းဦးသတင်းအမှားနာမည်အလွဲသုံးစားလုပ်
    Read Full Article
    Claim :   ဦးအောင်ဆန်းဦးနာမည် အသုံးပြုပြီး NLD ပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!