BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွှေစျေးနှုန်းနဲ့ ပက်သတ်ပြီး...
သတင်းအတု

ရွှေစျေးနှုန်းနဲ့ ပက်သတ်ပြီး သတင်းအမှားတွေ နောက်ပြောင်ဖြန့်ဝေနေ

အကျဘက်မရှိ ဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေကြောင့် စိုးရိမ်မှု မြင့်တက်နေချိန်မှာ ရွှေစျေးနှုန်း သတင်းအမှားတွေကို နောက်ပြောင်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 May 2024 9:35 PM IST
  • ရွှေစျေးနှုန်းနဲ့ ပက်သတ်ပြီး သတင်းအမှားတွေ နောက်ပြောင်ဖြန့်ဝေနေ

    ဒီအကြောင်းအရာကို ရွှေစျေးနဲ့ ပက်သတ်တဲ့ ဖေစ့်ဘွတ် ဂရုတွေ ပေချ့်တွေမှာ မေလ ၂၅ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ရွှေစျေး အတက်၊ အကျနဲ့ ပက်သတ်ပြီး အမျိုးမျိုး နောက်ပြောင်ဖြန့်ဝေနေမှုတွေ ရှိနေရာမှာ 'နိုင်ငံတော်က တကျပ်သားကို ၂၅သိန်းနဲ့ရောင်းပေးတော့ပါမည်' ၊ 'အစည်းအဝေးလုပ်နေပြီ။ လာမည့် June ၃ ရက်အတွင်း ၅၀ % ကျဆင်းပေးမည်ဟု သတင်းထွက်ပေါ်ပြီ။ အဝယ်များ သတိပြုပါ' ၊ 'ရွှေစျေး ၃၂ပဲရည် သိန်း၁၁၀ 8:00' ၊ 'ရွှေဘုံသာမှာ ရွှေတကျပ်သား ၅၃သိန်းရောင်းလို့ အခုစဆွဲနေပါပြီ။ နိုင်ငံတော်ကချမှတ်ထားတဲ့ ၂၅သိန်းပဲ ရောင်းရပါမယ်။ ပိုရောင်းသူတွေ ငပိကြော်ဗူး ဆောင်ထားကြပေတော့' ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်ရှိ ပြည်တွင်းရွှေစျေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် အများပြည်သူ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အချိန်မှာ

    ရွှေစျေးနှုန်းနဲ့ ပက်သတ်တာတွေကို နောက်ပြောင်ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    လက်ရှိ ရွှေစျေးနှုန်းတွေရဲ့ နေ့စဉ် အတက်အကျတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန အများစုမှာ ဖော်ပြပေးနေပါတယ်။

    ပြည်တွင်းရွှေဈေးကွက်မှာ မေလ ၂၈ ရက် မနက်ပိုင်း ပေါက်စျေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ရှိနေပါတယ်။ အချို့မီဒီယာတွေမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၅၅ သိန်း ၅ သောင်းအထိ စျေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ လက်ရှိ ရွှေစျေးနှုန်းမှာ တစ်ရက်ကို သိန်းဂဏန်းအထိ တက်နေတယ်လို့ သိရပြီး ရန်ကုန်နဲ့ မန္တလေး ရွှေစျေးကွက် ၂ ခုစလုံးမှာ ၁၆ ပဲရည် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွားတယ်လို့ ရွှေကုန်သည်တွေက ပြောဆိုထားပါတယ်။

    ရွှေစျေးမြင့်တက်ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်တက်လာရခြင်းကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး လက်ရှိမှာ အမေရိကန် တစ်ဒေါ်လာကို ၄၃၀၀ ကနေ ၄၄၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

    ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ရွှေနဲ့ ဒေါ်လာစျေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။

    Tags

    gold priceexchange rateရွှေစျေးနှုန်းငွေလဲလှယ်နှုန်းသတင်းအမှားပြည်တွင်းရွှေဈေးနှုန်း
    Read Full Article
    Claim :   ရွှေတစ်ကျပ်သားကို ၂၅သိန်းနဲ့ရောင်းပေးတော့မယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!