ကြည့်မြင့်တိုင်က ဆန္ဒပြလူငယ်တွေကို PDF တွေဝန်းရံတယ်ဆိုတဲ့သတင်းအမှား

ဒီဇင်ဘာလ ၆ ရက်နေ့က ကြည့်မြင့်တိုင်မြို့နယ်က ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းဖြစ်စဉ်မှာ ဆန္ဒပြလူငယ်တွေနောက်မှာ PDF တွေလိုက်ပါခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးသူတွေကို တိုက်ခိုက်တယ်ဆိုတဲ့သတင်းအမှားတွေကို လူမှုကွန်ရက်အကောင့်တွေကနေဖြန့်ဝေလာကြပါတယ်။

အဆိုပါ သတင်းအမှားကို စစ်တပ်ထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းကတည်းက စတင်ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားအတွင်းမှာ "ဆန္ဒပြတဲ့ အုပ်စု ရဲ့ အနောက် ကိုက် ၁၀၀ မှာ PDF လက်နက်နဲ့ ကားတစ်စီး အသင့်ရှိ။ ဆန္ဒပြသူတွေကို ငါးစာအဖြစ်တည်ပြီး လုံခြုံရေး တွေကို သူတို့ရှေ့ ရောက်အောင်တည်။ လုံခြုံရေးတွေက ကင်းလှည့်ရင်း ဆန္ဒပြ တဲ့သူတွေ ကိုတွေ့တော့ တားဖို့သွား။ လုံခြုံရေး ကားက PDF ကားရဲ့ အရှေ့ကိုရောက် အနောက်ကနေ PDF တွေကပစ် တော့ကျည်ကာ တွေ ဝတ်ထားတော့ဘာမှ မဖြစ် ပေမယ့် ကား က ဘရိတ်ပေါက်ပြီးဆန္ဒပြတဲ့ လူအုပ်ထဲ အရှိန်မထိန်း နဲ့ပဲ တိုးမိတာပါ၊၊ ဖြစ်စဉ်က သူတို့အကုသိုလ် သူတို့ဖန်တီးယူတာပါပဲ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ရာနဲ့ချီပြီးရှိကာ ထပ်ဆင့်ဝေမျှထားသူ များစွာရှိကာ လူပေါင်းများစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

ကြည့်မြင့်တိုင်က ဆန္ဒပြလူငယ်တွေရဲ့ အနောက်မှာ လက်နက်အပြည့်နဲ့ PDF ကားတစ်စီးက ပတ်ခတ်လို့ စစ်ကားက ဘရိတ်ပေါက်ကာ ဆန္ဒပြလူငယ်တွေကို ဝင်တိုက်မိတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်းတို့ရဲ့ အကြမ်းဖက် လုပ်ရပ်ကိုဖုံးကွယ်ဖို့ တန်ပြန်ဖြန့်ဝေလာတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

ဆန္ဒပြလူငယ်တွေကို စစ်ကားတစ်စီးနဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့တဲ့ အချိန်မှာ အနီးအနားမှာနေသူတွေက ဖုန်းနဲ့ မှတ်တမ်းရိုက်ကူးထားတဲ့ Video တွေဟာလည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပြီးသားဖြစ်ပါတယ်။ စစ်ကားနဲ့ ဝင်တိုက်တဲ့ Video ကို ဒီမှာ ကြည့်ပါ။

ဖြစ်စဉ်အတွင်း ဆန္ဒပြလူငယ်တွေမှာ လက်နက်ကိုင်ဆောင်ခြင်းမရှိသလို အနီးအနားမှာ မည်သည့် PDF သို့မဟုတ် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေလိုက်ပါပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေလည်းရှိမနေခဲ့ပါဘူး။ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့တဲ့ရုပ်သံတွေမှာ စစ်ကောင်စီနောက်လိုက် အကြမ်းဖက်တပ်သားတွေက ဆန္ဒပြလုပ်အုပ်ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်တိုက်ခဲ့တာကြောင့် လူငယ်အများအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့တာတွေ့ရပါတယ်။

အဆိုပါ သတင်းဟာလည်း ပြည်တွင်းမှာရော နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာပါ အလွန်အမင်းပျံ့နှံ့ခဲ့ပြီး လက်ရှိဖြန့်ဝေထားတဲ့အကြောင်းအရာဟာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးဖိဖို့ ဖြန့်ဝေတဲ့ တန်ပြန် သတင်းအမှားသာ ဖြစ်ပါတယ်။

Claim :   ကြည့်မြင့်တိုင်က ဆန္ဒပြလူငယ်တွေရဲ့ အနောက်မှာ လက်နက်အပြည့်နဲ့ PDF ကားတစ်စီးက ပတ်ခတ်လို့ စစ်ကားက ဘရိတ်ပေါက်ကာ ဆန္ဒပြလူငယ်တွေကို ဝင်တိုက်မိတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.