BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး...
သတင်းအတု

ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး သတင်းအမှားဖြန့်

ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံအဟောင်းတွေ ကို အသုံးပြုပြီး ဘာသာရေးအသုံးချကာ နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအမှားတစ်ချို့ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Nov 2020 4:25 PM IST
  • ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး သတင်းအမှားဖြန့်

    Hein Htet Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့ ၁ နာရီ ၇ မိနစ်မှာ ပြည်ခိုင်ဖြိုးချစ်သူများ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ဟဂျ်ခရီးသွားလုပ်ငန်းအတွက် အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်နေတဲ့ ဓါတ်ပုံကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားဖြန့်ဝေခဲ့ပါတယ်။

    အဲ့ဒီ ဓါတ်ပုံထဲမှာ ဆန္ဒဖော်ထုတ်နေသူတွေက "နိုင်ငံသား မွတ်စလင်များကို ကိုယ်စားပြုသော နိုင်ငံတော် အသိအမှတ်ပြု ဟဂျ်(ခရီးသွား) ကော်မတီ တစ်ရပ် ပေါ်ပေါက်ရေး" ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားပါတယ်။ အဆိုပါ ဓါတ်ပုံကို တင်ထားတဲ့ Hein Htet Aung ဆိုတဲ့ အကောင့်ပိုင်ရှင်က "စလာပီ ဇာတ်လမ်းတွေက" လို့ ရေးသားပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ အတွက် ပြုလုပ်ထားတဲ့ Group ထဲ ရှယ်ထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၃၀၀ ကျော်ရှိနေပါတယ်။

    နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ ထန်းသမားသံချောင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် က နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈နာရီ ၅ မိနစ်မှာ အစ္စလာမ်ဘာသာရေးအခမ်းအနားတစ်ခုက ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး သတင်းအမှားဖြန့်ဝေထားပါတယ်။

    အသုံးပြုထားတဲ့ ဓါတ်ပုံတွေထဲမှာ သာသနာရေးရာဝန်ကြီး သူရဦးအောင်ကိုဟာ အစ္စလာမ်ဘာသာရေး အခမ်းအနားတစ်ခုမှာ အမှာစကားပြောကြားနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ ပွဲတက်ရောက်သူများထဲမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများရဲ့ ဓါတ်ပုံတစ်ပုံကိုပါ တင်ထားပါတယ်။

    သတင်းအမှားဖြန့်သူဟာ အဲ့ဒီ ဓါတ်ပုံ ၂ ပုံကို အသုံးပြုပြီး "နိုဝင်ဘာ ( 16 ) ရက် မနက်ပိုင်း ရန်ကုန်မြို့ M 3food center မှာကျင်းပတဲ့ မဟာတမာန်တော်မြတ် မိုဟာမ္မဒ်သခင်နေ့ လူ ၆၀၀လောက်တက်တဲ့ အခမ်းနားမှာ အဖွင့်အမှာစကားပြောသွားတာ ဘာကောင်ကြီးလဲဟ မြန်မာတွေ ကထိန်ခင်းတာကို လူ၃၀ ထက်မပိုရဆိုတဲ့ သာသနာရေးဝန်ကြီး" လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီ သတင်းအမှားကို ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော် ရှိနေပြီး ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်နေတဲ့ ဓါတ်ပုံနဲ့ ဘာသာရေး အခမ်းအနားကျင်းပနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်က ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေထားတာဖြစ်တဲ့အပြင် ယခင်သတင်းဟောင်းတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးဖြန့်ဝေထားတာတွေ့ရပါတယ်။

    ပထမအကြောင်းအရာမှာပါဝင်တဲ့ ဟဂျ် ခရီးသွားလုပ်ငန်းအတွက် အစ္စလာမ်ဘာသာဝင် တချို့ ဆန္ဒဖော်ထုတ်နေတဲ့ ဓါတ်ပုံဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲက ဓါတ်ပုံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ဆော်ဒီနိုင်ငံကို ဟဂျ် ခရီးစဉ် သွားရောက်သူတွေဟာ နှစ်စဉ်လိုလို အလိမ်ခံနေရတဲ့အတွက် အစိုးရက ဟဂျ်ခရီးသွား ကော်မတီတစ်ရပ် ဖွဲ့စည်းပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး ရွေးကောက်ပွဲအပြီး NLD ပါတီ အနိုင်ရပြီးတဲ့ ကာလမှာ ဆန္ဒပြပွဲ ပြုလုပ်နေတဲ့ ပုံစံဖြစ်အောင် ရေးသား ဖြန့်ဝေထားပါတယ်။ အဆိုပါ အကြောင်းအရာကို ၂၀၁၈ ခုနှစ်က RFA သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒီအကြောင်းအရာကို ဖြန့်ဝေရာမှာ မူရင်းသတင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ထည့်သွင်းဖြန့်ဝေတာမျိုးမဟုတ်ပဲ ပေးထားတဲ့အကြောင်းအရာစာကြောင်းကြောင့် ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ အစ္စလာမ်ဘာသာဝင်တွေစုပြီးမြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖေါ်နေသယောင်ဖြစ်စေဖို့ရည်ရွယ်ဖြန့်ဝေထားတဲ့သဘောဖြစ်ပါတယ်။


    နောက်ထပ် ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်မှာဆိုရင် ကိုဗစ်ကပ်ဘေးကာလမှာ အစ္စလာမ် ဘာသာရေးအခမ်းအနား ကျင်းပပြီး သာသနာရေးရာဝန်ကြီး သူရဦးအောင်ကို အပါအဝင် လူ ၆၀၀ ခန့် တက်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာဟာလည်း ၂၀၁၉ ခုနှစ်က ဓါတ်ပုံအဟောင်းတွေကိုသာ အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတာဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီအကြောင်းအရာဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က M 3 Food Center မှာ ကျင်းပခဲ့တဲ့ မဟာတမန်တော်နေ့ အခမ်းအနား ကျင်းပခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။

    အဲ့ဒီ ဓါတ်ပုံတွေကို ပြန်လည်ဖြန့်ဝေရာမှာတော့လက်ရှိဖြစ်နေတဲ့ ကိုဗစ်ကပ်ဘေးကာလမှာ လူ ၆၀၀ လောက်နဲ့ ဘာသာရေးအခမ်းအနား ကျင်းပနေတာလို့ ရေးသားပြီး သတင်းအမှား ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ၂၀၁၉၉ ခုနှစ်က မူရင်းသတင်းကို One News သတင်းဌာနရဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။





    Tags

    false newsreligiousold photosMinistry of Religious Affairs and Cultureဓါတ်ပုံအဟောင်းလူမျိုးရေးဘာသာရေးသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်နေတဲ့ ဓါတ်ပုံနဲ့ ဘာသာရေး အခမ်းအနားကျင်းပနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!