BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့...
      သတင်းအတု

      စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် သင်္ကြန်မှာသီချင်းဆိုရတယ်လို့ သီဟတင်စိုးဖြေရှင်းထားတယ်ဆိုတဲ့ သတင်းအမှား

      ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် သင်္ကြန်မှာ သီချင်းဆိုရတာ ဖြစ်တယ်လို့ ဖြေရှင်းထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  18 April 2022 6:39 PM IST
    • စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် သင်္ကြန်မှာသီချင်းဆိုရတယ်လို့ သီဟတင်စိုးဖြေရှင်းထားတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို Sertyd ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၁၅ ရက်နေ့ ၁ နာရီ ၁၅ မိနစ်မှာ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး အထက်ပါအကြောင်းအရာနဲ့အတူ သီဟတင်စိုး အင်တာဗျူးဖြေဆိုနေတဲ့ Video တစ်ပုဒ်တင်ထားပါတယ်။ ၎င်း Video ဟာ ၃ မိနစ်နဲ့ ၂၁ စက္ကန့်ကြာမြင့်ပြီး Video ရဲ့ အပေါ်မှာ "သင်္ကြန်မှာ သီချင်းမဆိုရင် ဖမ်းမည်ဟု စကစ က ခြိမ်းခြောက်လို့ ဖျော်ဖြေရတာပါဟု သီဟတင်စိုးပြော" တဲ့ စာကို ရေးသားထားပါတယ်။ အဲ့ဒီ Video ကို ၎င်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ "စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် သီချင်းဆိုရတာပါဆိုတဲ့ သီဟတင်စိုး" ဆိုတဲ့ ခေါင်းစဉ်ကို ရေးသားပြီး ဖြန့်ဝေထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာကြည့်ပါ။

      အဆိုပါ သတင်းအမှား Video ကို Like လုပ်ထားသူ ၁ သိန်း ၃ သောင်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၁၀၀၀ ခန့်ရှိကာ ဝင်ရောက်ကြည့်ရှု့သူ ၂.၈ သန်းခန့် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီက ခြိမ်းခြောက်လို့ သင်္ကြန်မှာ သီချင်းဆိုရတာ ဖြစ်တယ်လို့ သီဟတင်စိုး ဖြေရှင်းထားတယ်ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအဟောင်းကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

      ဒီ Video ဟာ သင်္ကြန် သီချင်းဆိုတဲ့ ကိစ္စနဲ့ရော ၊ စစ်ကောင်စီနဲ့ ပါ မသက်ဆိုင်ပါဘူး။ သီဟတင်စိုးရဲ့ ညီဖြစ်သူရဲ့ စွပ်စွဲချက်တွေကို ပြန်လည်ဖြေရှင်းထားတဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။

      ဒီ Video ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့က Myanmar Celebrity TV ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ သတင်းတစ်ပုဒ် ဖြစ်ပြီး သီဟတင်စိုးရဲ့ ညီအရင်းဖြစ်သူ စည်သူတင်စိုးက ၎င်းအကိုဖြစ်သူရဲ့ ငွေကြေး လိမ်လည်မှု ပြဿနာတွေနဲ့ မိသားစုအတွင်းရေးကိစ္စတွေကို ဖွင့်ချခဲ့ပြီးနောက် ပရိတ်သတ်တွေကြား ဝေဖန်ပြောဆိုခံရမှုတွေ ရှိလာတဲ့အတွက် သီဟတင်စိုးက ပြန်လည်ဖြေရှင်းထားတဲ့ Video သာဖြစ်ပါတယ်။

      ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့က MC TV သတင်းဌာနက တင်ထားတဲ့ မူရင်း Video ကို ဒီမှာ ကြည့်ပါ။

      သတင်းအမှားဖြန့်ထားတဲ့ Sertyd ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ထားတဲ့ သတင်းအတု video တွေနဲ့ ဝင်ငွေရှာနေတဲ့ Page ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      False NewsThingyanWater festivalold videoActor Thiha Tin SoeMilitaryCoupသတင်းအမှားသင်္ကြန်သီချင်းစစ်ကောင်စီ
      Read Full Article
      Claim :   စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် သီချင်းဆိုရတာပါဆိုတဲ့ သီဟတင်စိုး
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!