BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပြည်ပ Tik Tok ဗီဒီယိုတစ်ခုကို...
      သတင်းအတု

      ပြည်ပ Tik Tok ဗီဒီယိုတစ်ခုကို လေးကေကော်ဖြစ်စဉ်နှင့်မှားယွင်းဖြန့်ဝေ

      ရဟက်ယာဉ်နဲ့ တောင်ကုန်းတစ်ခုကို ဝင်ပစ်နေတဲ့ နိုင်ငံခြားက TikTok Video တစ်ပုဒ်ကို လေးကေ့ကော် က ဖြစ်စဉ်အဖြစ်မှားယွင်း ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  29 Dec 2021 2:31 PM IST
    • ပြည်ပ Tik Tok ဗီဒီယိုတစ်ခုကို လေးကေကော်ဖြစ်စဉ်နှင့်မှားယွင်းဖြန့်ဝေ

      အဆိုပါ Video ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းမှာ ဖေ့စ်ဘွတ်အကောင့်တစ်ခုက လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာဖြစ်ပြီး တောင်ကုန်းတစ်ခုကို ရဟက်ယာဉ်နဲ့ ဝင်ရောက်ပစ်ခတ်နေတဲ့ Tik Tok Video တစ်ပုဒ်ကို တင်ထားပါတယ်။ ၎င်း Video နဲ့အတူ "ယနေ့လေးကေ့ကော် ဖြစ်သည်" လို့ ရေးသားကာ ဖြန့်ဝေထားပါတယ်။ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တစ်ခုက ရဟက်ယာဉ်နဲ့ ပစ်နေတဲ့ မြင်ကွင်းအပေါ် "ကိုယ်တွေလဲ တစ်စီးလောက်ထုပ်‌ပေးရင် ကောင်းမှာပဲ" လို့ မှတ်ချတ်ပြုရေးထားပါတယ်။ ၎င်းရဲ့ ပိုစ့်ကို လေးကေ့ကော်မှာ ဝင်ရောက်ပစ်ခတ်နေတဲ့ Video ဆိုပြီး လူပေါင်း ၂၈၀၀ ခန့်က ထပ်ဆင့် ဖြန့်ဝေထားပါတယ်။

      မူရင်း ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      RFA သတင်းဌာနက သတင်းတစ်ပုဒ်မှာလည်း အဆိုပါ TikTok Video ကို သတင်းရဲ့ နောက်ခံ B Roll ရုပ်ကဒ်အဖြစ် သုံးထားပြီး Video ရိုက်ကူးထားတဲ့ Location ကို ကရင်ပြည်နယ် လေးကေ့ကော် လို့ ရေးထားတာ Citizen Journalist လို့ သုံးထားပါတယ်။ ၎င်း ရုပ်ကဒ် သုံးထားတဲ့ RFA သတင်းကို ဒီမှာ ကြည့်ပါ။


      သတင်းဆန်းစစ်ချက်

      လေးကေ့ကော်မှာ ရဟက်ယာဉ်နဲ့ ဝင်ရောက်ပစ်ခတ်နေတယ်လို့ ဖြန့်ဝေနေတဲ့ TikTok Video ကို Boom Myanmar က အချက်အလက် ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံက ဖြစ်စဉ်မဟုတ်တာကို တွေ့ရပါတယ်။

      အဆိုပါ Video ကို နိုင်ငံခြားက TikTok အသုံးပြုသူ တစ်ယောက်ဖြစ်တဲ့ sabah.tatki ဆိုသူက လွန်ခဲ့တဲ့ ၂ နှစ်ကျော်၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့မှာကတည်းက တင်ထားတာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ကို လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီး ဖြန့်ဝေနေကြခြင်းသာ ဖြစ်ပါတယ်။ ဒီ Video ဟာ မြန်မာနိုင်ငံက ဖြစ်စဉ်မဟုတ်ပါ။

      Sabah.tatki ဆိုတဲ့ TikTok အကောင့်က တင်ထားတဲ့ မူရင်း Video ကို ဒီမှာ ကြည့်ပါ။





      Tags

      TikTok VideoFake newsAirstrikeလေးကေ့ကော်သတင်းအမှားလေကြောင်းတိုက်ခိုက်မှု
      Read Full Article
      Claim :   လေးကေ့ကော်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ TikTok Video
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!