BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွေးကောက်ပွဲအဖျက်လုပ်ငန်းအတွက်...
သတင်းအတု

ရွေးကောက်ပွဲအဖျက်လုပ်ငန်းအတွက် တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ မင်္ဂလာစျေးကနေ တီရှပ်အနီ သိန်းခြောက်ထောင်ကျော်ဖိုး ဝယ်ယူသွားပြီး ရွေးကောက်ပွဲနေ့မှာ အဖျက်လုပ်ငန်းတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ပုဒ် ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  20 Oct 2020 6:47 PM IST
  • ရွေးကောက်ပွဲအဖျက်လုပ်ငန်းအတွက် တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြန်လည်ဖြန့်ဝေခဲ့တာကို တွေရပြီး အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ရဲ့ ခေါင်းစဉ်မှာ "ရွေးကောက်ပွဲ နေ့ အရေးပေါ်သတိပေးချက်" လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းရဲ့ အတွင်းမှာတော့အခုလိုရေးသားဖြန့်ဝေထားတာပါ။

    "မင်္ဂလာစျေးကနေ တီရှပ်အနီ သိန်းခြောက်ထောင် ကျော်ဖိုး ၀ယ်ယူသွားတယ်လို့ ခိုင်လုံတဲ့ သတင်း ရင်းမြစ်က နေရထားပါတယ်။ သံသယဖြစ်ဖွယ်ဖြစ်နေလို့ မင်္ဂလာစျေးသူစျေးသားများကဒီသတင်းကို ပေးကြတာပါ။ ရွေးကောက်ပွဲနေ့ ကျရင် မသမာသူတွေက NLD တီရှပ်တွေ ၀တ်ပြီး မဲရုံအတွင်း အနှောက်အယှက်လုပ်ငန်း တွေ NLD ကလုပ်နေသယောင် လုပ်ကြမှာကို စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲနေ့ကျရင် မဲရုံ ကို မဲသွားပေးတဲ့အခါ NLD ပါတီ တံဆိပ်ပါ တီရှပ်တွေ၊ စတေကာတွေ လက်ကမ်းစာစောင်တွေ ယူမသွားကြဖို့ သတိပေးပါရစေ။ မသမာသူတွေက NLD ပါတီကလုပ်သယောင် ဟန်ဆောင်လုပ်ဆောင်ပြီး NLD လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်ခိုင်းသယောင် လုပ်ပါလိမ့်မယ်။ နောက်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်ပွဲမသမာမှု ဥပဒေဖောက်ဖျက်မှု စတဲ့ ပုဒ်မပေါင်းစုံနဲ့ တရားစွဲဆိုပြီး ကိုယ်စားလှယ်အဖြစ်ကနေ ဖြုတ်ချဖို့ ကြံစည်လာနိုင်ပါတယ်။ အဲဒါ ဝိုင်း၀န်းကာကွယ်တဲ့အနေနဲ့ ရွေးကောက်ပွဲနေ့ကျရင် NLD နဲ့ပတ်သက်တာ မဲဆွယ်ခြင်း၊ တီရှပ်၀တ်ခြင်း၊ စတေကာ၊ အလံကိုင်ဆောင်ခြင်း၊ NLD သီချင်းဆိုခြင်းများကို မပြုလုပ်ဘဲ မဲရုံကို သွားပြီး NLD မဲပေးကြပါလို့သတိပေးပါရစေ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ မင်္ဂလာစျေးမှာ တီရှပ် သိန်း ၆၀၀၀ ကျော်ဖိုး ဝယ်ယူသွားပြီး ရွေးကောက်ပွဲနေ့မှာ သတိထားရမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ ဒီသတင်းဟာ ယခင်ရွေးကောက်ပွဲကာလက သတင်းအမှားတစ်ခုကိုပြန်လည် အသုံးချဖြန့်ဝေထားတာတွေ့ရပါတယ်။

    အဆိုပါ အကြောင်းအရာဟာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ မတိုင်ခင်ကာလက ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပြီး ဒီသတင်းဟာ အခု ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ တကျော့ပြန်ဖြန့်ဝေနေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

    ၎င်းတို့ရဲ့ ရေးသားဖြန့်ဝေမှုထဲမှာ မင်္ဂလာစျေးက တီရှပ်အနီ သိန်း ၆၀၀၀ ဖိုး ဝယ်သွားတယ်လို့ ရေးထားပေမယ့် မင်္ဂလာစျေးဟာ ကိုရိုနာရောဂါ Second Wave ကြောင့် ပိတ်ထားဆဲသာ ဖြစ်ပါတယ်။ တီရှပ်တစ်ထည်ရဲ့ ဒိုင်စျေးဟာ ၁၀၀၀ ကျပ်ခန့်က စတင်ဝယ်ယူနိုင်တာ ဖြစ်တဲ့ အတွက် ငွေကျပ် သိန်း ၆၀၀၀ ဆိုရင် အထည် ၆ သိန်းခန့် ဝယ်ယူရမှာဖြစ်ပါတယ်။ ဒီပမာဏမျိုးဟာ စျေးတွေမှာဝယ်ယူရရှိနိုင်တဲ့ ပမာဏမဟုတ်ပဲ စက်ရုံတွေကနေသီးသန့်မှာယူမှရနိုင်တဲ့အခြေအနေဖြစ်ကြောင်း ယခင်သတင်းအဟောင်းပေါ်ထွက်စဉ်က 7Day သတင်းဌာနကဖေါ်ထုတ်ရေးသားခဲ့ဖူးပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး 7 Days သတင်းဌာနကရေးသားထားတဲ့ ၂၀၁၅ ခုနှစ်က သတင်းအဟောင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက အတွင်းရေးမှူး မုံရွာအောင်ရှင်က "အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက် ဒုက္ခပေးဖို့ သူတို့ သိန်း ၆၀၀၀ လည်း အကုန်ကျမခံပါဘူး။ အဖျက်အမှောက် လုပ်ငန်းကတော့ အမျိုးမျိုးကြံစည်ပြီး လုပ်နေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့တတွေ သတိထားပြီး လုပ်ရမယ့် ကိစ္စပါပဲ" လို့ မှတ်ချက်ပေးပါတယ်။

    Tags

    false newsred T-shirt6000 lakhsan emergency warningelection dayသတင်းအမှားတီရှပ်အနီရွေးကောက်ပွဲနေ့အရေးပေါ်သတိပေးချက်
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ မင်္ဂလာစျေးမှာ တီရှပ် သိန်း ၆၀၀၀ ကျော်ဖိုး ဝယ်ယူသွားပြီး ရွေးကောက်ပွဲနေ့မှာ သတိထားရမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanman အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!