BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ ဘာသာရေးသတင်းမှား ထပ်မံဖြန့်ဝေ

ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတယ်ဆိုပြီး ယခင်ပျံ့နှံ့ခဲ့ဘူးတဲ့ သတင်းဟောင်းတစ်ပုဒ်ကို ပြန်လည်ဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  8 April 2021 4:27 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ ဘာသာရေးသတင်းမှား ထပ်မံဖြန့်ဝေ

    ဒီဖြန့်ဝေမှုကို 2021 Fashion ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၈ ရက် နေ့လည် ၁၂ ကျော်ဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    2021 Fashion ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ အမျိုးသမီးဝတ် အဝတ်အထည်ရောင်းတဲ့ ပေချ့်လို့ ကြော်ငြာထားပေမယ့် လက်ရှိစစ်အာဏာရှင်ကို ထောက်ခံအားပေးတဲ့ ပိုစ့်တွေ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မူရင်းဖြန့်ဝေထားတဲ့ပို့စ်မှာ "ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။

    ယခုပုံနဲ့ သတင်းအမှားကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဖြန့်ဝေခဲ့ဖူးပြီး BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ခဲ့ပါသေးတယ်။

    သတင်းဆန်းစစ်ချက်

    ဗုဒ္ဓဘုရားဟာ သာမာန်ပုဂ္ဂိုလ်ဖြစ်လို့ အလေးအနက် ကိုးကွယ်စရာ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ အများအထင်လွဲစေဘို့ သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။ အဲ့ဒီလိုပြောဆိုပါတယ်ဆိုတဲ့ အကြောင်းအရာတွေမှာ ဘယ်အချိန်တုန်းက ဘယ်နေရာပြောခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ မပါဝင်ပါဘူး။

    ဒီသတင်းမှားကို စတင်ဖြန့်ဝေခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကပင် BOOM က သတင်းဆန်းစစ်ထားတာဖြစ်ပြီး အဆိုပါအချိန်က NLD ပါတီရဲ့ ဗဟိုပြန်ရေး အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ""ဒေါ်အောင်ဆန်းစုကြည် မပြောဘဲနဲ့ ပြောတယ် ဆိုပြီးတော့ တင်နေတဲ့ ဒီပိုစ့်တွေပေါ့လေ။ ဒါတွေက အခုမှ မဟုတ်ပါဘူး။ ဟိုးတုန်းကလည်း တင်ခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာကို စော်ကားတယ် ..ဗုဒ္ဓဘာသာတွေကို အထင်သေးတယ် ကိုယ့်လူမျိုးကိုယ် အထင်သေးတယ် ဆိုတဲ့ စကားလုံးတွေနဲ့ပေါ့လေ ပိုစ့်အမျိုးမျိုးနဲ့ တင်တာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ အခုလည်း ဒါကိုပဲ ထပ်ပြီးတော့ တင်လာပြန်တယ်ဆိုတော့ ဒါတွေက ရိုးသားမှု မရှိပါဘူး။ ဒီကိစ္စက မရိုးသားဘူးလို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဒီလို ရေးနေတာမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပါတယ်။ သိလို့လည်း ဒီဟာတွေကို အရေးယူစရာ မလိုဘူး။ ဒီကိစ္စတွေကို ပြည်သူလူထုက သိရင်ပြီးတာပဲ။ ဒီ အသိတရားကြောင့် ဒီလို ထုတ်ဖော်မှုကြောင့် ကိုယ့်ကိုကိုယ် ဟီရိဩတပ ပေါ့လေ ရှက်ရမှန်း ကြောက်ရမှန်း သိရင် ပြီးတာပါပဲ ဆိုတဲ့ ပုံမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ထားတာကိုး။ အခုလည်း ဒါ လာပါစေ သူ့ဟာသူ လာချင်တာ လာပေါ့နော်။ ပြည်သူ လူထုက အမှန်တရားကို သိပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    BOOM Myanmar က ဆန်းစစ်ခဲ့တဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    false newsinciting religiousNLD partyDaw Aung San Suu Kyiဘာသာရေးသွေးထိုးလှုံ့ဆော်မှုသတင်းအမှား
    Read Full Article
    Claim :   ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတယ်ဆိုပြီး ယခင်ပျံ့နှံ့ခဲ့ဘူးတဲ့ သတင်းဟောင်းတစ်ပုဒ်ကို ပြန်လည်ဖြန့်ဝေလာတဲ့ အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!