BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်စုပြန်လွတ်သယောင် ဖြန့်ဝေတဲ့...
သတင်းအတု

ဒေါ်စုပြန်လွတ်သယောင် ဖြန့်ဝေတဲ့ သတင်းအမှား

အမေစုသတင်းထူးပြီဆိုပြီး လူစိတ်ဝင်စားစေတဲ့ ခေါင်းစဉ်တပ်ကာ ဒေါ်အောင်ဆန်းစုကြည်နာမည်တပ် ရေးသားကာ သတင်းအမှားဖြန့်ဝေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 March 2023 8:57 AM IST
  • ဒေါ်စုပြန်လွတ်သယောင် ဖြန့်ဝေတဲ့ သတင်းအမှား

    PDF Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ တင်ထားတဲ့ ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Base Video နဲ့ A Sone Thi တို့လို ဖေစ့်ဘွတ်ပေချ့်တွေမှာ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် မိနစ် ၃၀ ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အမေစုသတင်းထူးပြီ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လှတ်ပေးပြီ၊ ဒါမမဟုတ် သူမနဲ့ပတ်သက်တဲ့ဖြေလျှော့မှုတွေလုပ်နေပြီစတဲ့ သတင်းတုသတင်းအမှားတွေလို ပြည်သူတွေယုံမှားသံသယဖြစ်စေနိုင်တဲ့ပုံစံမျိုးဖြန့်ဝေတာဖြစ်ပါတယ်။

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှော်လင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘အမေစုသတင်းထူးပြီ’ ဆိုတဲ့အကြောင်းအရာ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်နဲ့ ပက်သက်တဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ တော်လှန်ရေးအကြောင်းတွေ ဖေစ့်ဘွတ် live လွှင့်ပြောလေ့ရှိတဲ့ ဦးလွင်မိုးဆိုသူရဲ့ live ဗွီဒီယိုကို ကူးယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားထားတာရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဘို့ တောင်းဆိုထားတာတော့ ရှိပါတယ်။


    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အမေစုသတင်းထူးပြီဒေါ်အောင်ဆန်းစုကြည်Daw Aung San Suu KyiFakenewsClickbaitsNLD party
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် သတင်းထူးခြားပြီလို့ ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!