BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေနေတဲ့...
      သတင်းအတု

      ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေနေတဲ့ ထိုင်ဝမ်ငလျှင်သတင်း

      လူမှုကွန်ယက်ပေါ်မှာ လွန်ခဲ့တဲ့နှစ်တွေကဖြစ်ပွားခဲ့တဲ့ ငလျင်ဖြစ်စဉ်တွေက ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီးရေးသားဖြန့်ဝေတဲ့ ငလျှင်သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  15 Dec 2020 7:02 PM IST
    • ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေနေတဲ့ ထိုင်ဝမ်ငလျှင်သတင်း

      အဆိုပါ ရေးသားဖြန့်ဝေမှုဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး အဲ့ဒီရေးသားဖြန့်ဝေမှုထဲမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ည ဘက်မှာ ထိုင်ဝမ်မှာ အင်းအားပြင်း ငလျှင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ရေးသားထားပြီး ငလျှင် လှုပ်ခတ်ခဲ့တဲ့ ဓါတ်ပုံအဟောင်း ၄ ပုံကို တွဲတင်ထားပါတယ်။ အဲ့ဒီ ငလျှင်သတင်း တင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေမှာ "(၁၀-၁၂-၂၀၂၀) ည(၉:၁၉မိနစ်)က ထိုင်ဝမ်တွင် ပြင်းအား(၆.၇)ရှိ မြေငလျင်တစ်ခု (၁၅)စက္ကန့်ကြာမျှ လှုပ်ခတ်သွားသည်ဟု သိရှိရပါသည်။ ပျက်ဆီးဆုံရှုံးမှုစာရင်းမသိရှိရသေးပါ" လို့ ရေးသားထားပါတယ်။

      အဲ့ဒီစာနဲ့အတူ တင်ထားတဲ့ ဓါတ်ပုံ ၄ ပုံမှာ AP သတင်းဌာနက ရိုက်ထားတဲ့ ထိုင်ဝမ်နိုင်ငံက အထပ်မြင့်အဆောက်အဦး တစ်ခု ငလျှင်ဒဏ်ကြောင့် စောင်းနေတဲ့ ဓါတ်ပုံတစ်ပုံ၊ AFP သတင်းဌာနက ရိုက်ထားတဲ့ အဆောင်အဦးတစ်ခု ဘေးကို စောင်းသွားတဲ့ပုံ ၊ ရိုက်တာသတင်းဌာနက ရိုက်ထားတဲ့ ကားတစ်စီးအပေါ် သစ်ပင် ပိနေတဲ့ပုံ နဲ့ ရိုက်တာသတင်းဌာနက ရိုက်ထားတဲ့ အဆောက်အဦး တစ်ခု ပြိုကျပြီး ကားတွေ ဆိုင်ကယ်တွေအပေါ် ပိနေတဲ့ ဓါတ်ပုံ တွေကို တင်ထားပါတယ်။

      ဒီအကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြမှုတွေ ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      အဲ့ဒီ ဓါတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး။ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်ပါတယ်။ ၎င်း တင်ထားတဲ့ ဓါတ်ပုံ (၄) ပုံထဲမှာ AP သတင်းဌာနက ရိုက်ထားတဲ့ ထိုင်ဝမ်နိုင်ငံက အထပ်မြင့်အဆောက်အဦး တစ်ခု ငလျှင်ဒဏ်ကြောင့် စောင်းနေတဲ့ ဓါတ်ပုံဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ငလျှင် ပမာဏ ၆.၄ နဲ့ လှုပ်ခတ်သွားခဲ့တဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။


      ဒါ့အပြင် AFP သတင်းဌာနက ရိုက်ထားတဲ့ အဆောင်အဦးတစ်ခု ဘေးကို စောင်းသွားတဲ့ဓါတ်ပုံဟာလည်း ၂၀၁၈ ခုနှစ်က ဓါတ်ပုံအဟောင်းသာ ဖြစ်ပါတယ်။


      ရိုက်တာသတင်းဌာနက ရိုက်ထားတဲ့ ကားတစ်စီးအပေါ် သစ်ပင် ပိနေတဲ့ပုံဟာ ၂၀၁၉ ခုနှစ် ဧပြီလက ဓါတ်ပုံအဟောင်းသာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲ ငလျှင်လှုပ်ခတ်ခဲ့တဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး။


      ၎င်းတို့ နောက်ဆုံး အသုံးပြုထားတဲ့ အဆောက်အဦး တစ်ခု ပြိုကျပြီး ကားတွေ ဆိုင်ကယ်တွေအပေါ် ပိနေတဲ့ ဓါတ်ပုံဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ငလျှင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦးပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံ အဟောင်း ၄ ပုံကို အသုံးပြုပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ငလျှင်လှုပ်ခတ်ခဲ့တယ်လို့ ရေးသားဖြန့်ဝေထားကြခြင်း ဖြစ်ပါတယ်။



      Tags

      false informationTaiwan earthquakeold photosဓါတ်ပုံအဟောင်းထိုင်ဝမ်ငလျှင်သတင်း
      Read Full Article
      Claim :   ဒီရက်ပိုင်းအတွင်း ထိုင်ဝမ်မှာ ငလျှင်အကြီးအကျယ် လှုပ်ခတ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!