BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးအကောင့်အတုနဲ့ ကိုဂျင်မီ...
သတင်းအတု

ဗိုလ်နဂါးအကောင့်အတုနဲ့ ကိုဂျင်မီ နဲ့ ဇေယျာသော်အကြောင်း ဖြန့်ထားတဲ့ သတင်းအတု

မြန်မာ့တော်ဝင်နဂါးတပ်တော်ကခေါင်းဆောင် ဗိုလ်နဂါးအမည်နဲ့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တုက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တကယ်မသေဘူးလို့ ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2023 5:06 PM IST
  • ဗိုလ်နဂါးအကောင့်အတုနဲ့ ကိုဂျင်မီ နဲ့ ဇေယျာသော်အကြောင်း ဖြန့်ထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဗိုလ်နဂါး နာမည်နဲ့ အတုပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ Video တစ်ပုဒ်ကို Screen Shot ရိုက်ယူထားတဲ့ ဓါတ်ပုံတစ်ပုံကို တင်ထားပြီ “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ”လို့ ဖြန့်ထားပြီး ဝင်ရောက်ကြည့်ရှုဖို့ Website တစ်ခုရဲ့ Link ကို ချထားပါတယ်။

    ၎င်းတင်ထားတဲ့ Screenshot ပုံအပေါ်မှာတော့ ကိုဇေယျာသော်နဲ့ ကိုဂျင်မီရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “ကိုဂျင်မီ နဲ့ ကိုဖြိုးဇယျာ တကယ်မသေဘူးဆိုတာ သက်သေပြသွားတဲ့ ဗီဒီယို” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ထပ်ဆင့်ဝေမျှထားသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်နဂါးရဲ့ နာမည်သုံးပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တကယ်မသေဘူးလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်းတင်ထားတဲ့ Website link ကို ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ အကောင့်ဟာလည်း အကောင့်တုဖြစ်ပြီး လူသိများတဲ့ သူတစ်ဦးနာမည်အသုံးချကာ သတင်းအမှားဖြန့်ထားခြင်း ဖြစ်ပါတယ်။ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကလည်း ဒီအကောင့် သူ့နာမည်အသုံးပြုထားတဲ့ အကောင့်တုဖြစ်တယ်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးသားထားပါတယ်။ ဗိုလ်နဂါး ရေးသားထားတဲ့ အကြောင်းအရာကို ဒီနေရာမှာ ကြည့်ပါ။

    ဖေ့စ်ဘွတ်အကောင့်တု လုပ်ထားတဲ့အပြင် ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော် တို့ရဲ့ သတင်းအမှားကိုလည်း ထပ်ဖြန့်ထားပါတယ်။ ကိုဂျင်မီနဲ့ ကိုဇေယျာသော် တို့ကို စစ်ကောင်စီက ကြိုးပေးခဲ့ပြီးနောက် ၎င်းတို့ကလည်း အတည်ပြုထားသလို အကျဉ်းဦးစီးကလည်း ကိုဂျင်မီရဲ့ မိသားစုဝင်တွေကို အတည်ပြုပေးခဲ့ပါတယ်။ သတင်းအမှားဖြန့်သူက ၎င်း သတင်းကို လူအများစိတ်ဝင်စားအောင် ဝင်ရောက်ကြည့်ရှုအောင် တမင်လိမ်ညာ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    Tags

    Fake newsFake accountKo JimmyKo Phyo Zaya ThawPearl PDF leaderသတင်းအတုအကောင့်တုပုလဲ PDFဗိုလ်နဂါး
    Read Full Article
    Claim :   ကိုဂျင်မီ နဲ့ ကိုဖြိုးဇယျာ တကယ်မသေဘူးဆိုတာ သက်သေပြသွားတဲ့ ဗီဒီယို
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!