BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး...
သတင်းအတု

အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး လှုံ့ဆော်ထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ဘာသာရေးကို အသုံးချပြီး အများပြည်သူ ထင်ယောင် ထင်မှားဖြစ်အောင် ပြုလုပ်ပြီးသွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  4 Aug 2020 7:06 PM IST
  • အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး လှုံ့ဆော်ထားတဲ့ သတင်းအမှား

    Thuya Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇူလိုင်လ ၃၁ ရက်နေ့ ၂ နာရီ ၅၅ မိနစ်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် လူတွေထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ သတင်းအမှားတစ်ပုဒ် တင်ထားပါတယ်။

    အဆိုပါ သတင်းအမှားထဲမှာ "မွတ်စလင် ဘာသာဝင်များ၏ ဟာဂျီလောင်းလမ်းညွှန်မှုပွဲကို ရန်ကုန်တိုင်း အစိုးရက ခွင့်ပြုချက်ပေး" လို့ ရေးသားထားပြီး ရန်ကုန်တိုင်း အစိုးရ အဖွဲ့ တံဆိပ်ပါတဲ့ ရုံးညွှန်ကြားစာ တစ်စောင် တင်ထားတာဖြစ်ပါတယ်။

    စာအတွင်းက အကြောင်းအရာတွေကတော့ ဟာ့ဂျ် ခရီးစဉ်အတွက် တခြမ်းပဲ့ဗလီမှ ဆရာ ၂ ဦးက လမ်းညွှန်မှု ပေးဖို့ သက်ကြီးရွယ်အိုတွေနဲ့ ရာသီဥတု အခြေအနေကြောင့် သွားလာရခက်ခဲမှုများ ရှိနေတဲ့အတွက်ကြောင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာရှိတဲ့ ပနီပင်ကျေးရွာဗလီမှာ လူ ၂၀၀ ခန့် စုဝေးဖို့ ခွင့်ပြုမိန့် တောင်းခံထားတဲ့ စာကို ရန်ကုန်တိုင်း အစိုးရက ခွင့်ပြုကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ ဖြစ်ပါတယ်။

    ၎င်း ရုံးညွှန်ကြားစာရဲ့ နေ့စွဲမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လလို့ ဖော်ပြထားပြီး အဆိုပါ စာရဲ့အောက်ဆုံးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းလို့ လက်မှတ်ထိုးထားပါတယ်။


    အဆိုပါ သတင်းအမှားကို Thuya Kyaw ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်မံဝေမျှသူ ၂၈၀၀ ကျော်ရှိနေပြီး Comment ရေးသားသူ ၇၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Thuya Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ မွတ်စလင် အယောက် ၂၀၀ ခန့် လူစုလူဝေးပြုလုပ်ဖို့ ရန်ကုန်တိုင်း အစိုးရ ခွင့်ပြုပေးတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၉ ခုနှစ် က ရုံးညွှန်ကြားစာ အဟောင်းကို အသုံးချပြီး ထင်ယောင်ထင်မှားဖြစ်အောင် သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီလို ရုံးစာ အဟောင်းနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖြန့်ဝေမှုအပေါ် အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း က အခုလို သုံးသပ်ထားပါတယ်။

    "ရန်ကုန်တိုင်း အစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ မနှစ်က ၂၀၁၉ မှာ ဟာ့ဂျ်လုပ်ငန်းအတွက် လူ ၂၀၀ လောက် စုခွင့်ပေးတယ်ဆိုတဲ့ ရုံးစာအဟောင်းကို ဒီနှစ် ပုံစံနဲ့ ပြန်တင်တယ်။ တင်ပြီးတော့ တစ်နည်းပြောရရင်တော့ ရန်ကုန်တိုင်း အစိုးရ သို့ မဟုတ် NLD အစိုးရကနေပြီးတော့ မွတ်စလင်တွေကို အခွင့်ထူးပေးတယ် ဆိုတဲ့ အမြင်မျိုး မြင်သွားအောင် ဒီနှစ်လို ပုံစံမျိုးဖြစ်အောင် တင်တာပါ။ ဒါက သတင်းအတုပါ။ ဒါကတော့ တမင် လုပ်တာပါ။ ကိုရ်ဘာနီကို အကြောင်းပြုမယ်၊ ဟဂျ်ကို အကြောင်းပြုမယ်။ တစ်နည်းပြောရရင်တော့ NLD အစိုးရရဲ့ သိက္ခာပိုင်းပေါ့လေ။ သူတို့ရဲ့ ပေါ်ပြူလာ ဖြစ်မှုကို ကျသွားအောင် တမင်ကို ကျန်တဲ့ ဗုဒ္ဓဘာသာတွေ ကျတော့ အခွင့်ထူး မရဘူး။ မွတ်စလင်တွေကျတော့ အခွင့်ထူး ပေးနေတယ် ဆိုတဲ့ လူတွေ အထင်မမြင် လွဲမှားအောင် ဆောင်ရွက်တဲ့ ကိစ္စတစ်ခုပါ။ အဓိက ပစ်မှတ်ကတော့ NLD အစိုးရကို ဒါက ပစ်မှတ်ထားပြီးလုပ်တဲ့ သဘောမျိုး ဖြစ်ပါတယ်" လို့ အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်းက ဆိုပါတယ်။

    အဆိုပါ သတင်းအမှား ဖြန့်ဝေခဲ့တဲ့ Thuya Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါ မှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်း တစ်ခုနဲ့တင်ထားတာကို တွေ့ရှိရပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်ပရိုဖိုင်းမှာ NLD အလိုမရှိဆိုတဲ့ စာကို ရေးတင်ထားတာကို တွေ့ရပြီး NLD ပါတီအပေါ် သတင်းအမှား ဖြန့်ဝေပြီး ပုံဖျက်ရေးသားမှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။





    Tags

    fake newsusing the old office letterIslamသတင်းအမှားရုံးစာအဟောင်းဘာသာရေးလှုံ့ဆော်ရန်ကုန်တိုင်းအစိုးရအစ္စလာမ်ဘာသာ
    Read Full Article
    Claim :   Thuya Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ မွတ်စလင် အယောက် ၂၀၀ ခန့် လူစုလူဝေးပြုလုပ်ဖို့ ရန်ကုန်တိုင်း အစိုးရ ခွင့်ပြုပေးတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!