BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UWSA က စစ်ကောင်စီကို တစ်လအတွင်း...
သတင်းအတု

UWSA က စစ်ကောင်စီကို တစ်လအတွင်း အပြတ်တိုက်မယ်ဆိုတဲ့သတင်းအမှား

သတင်းအမှားဖြန့်ပြီး ငွေရှာနေတဲ့ Website တစ်ခုက “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ နာမည်သုံးပြီး UWSA က စစ်ကောင်စီကို တစ်လအတွင်းအပြတ်တိုက်မယ်လို့ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်ထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  18 Sept 2021 11:30 AM IST
  • UWSA က စစ်ကောင်စီကို တစ်လအတွင်း အပြတ်တိုက်မယ်ဆိုတဲ့သတင်းအမှား

    အဆိုပါသတင်းအမှားကိုဖန်တီးရာမှာ "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အကြီးအကဲ ဦးပေါက်ယူချမ်းရဲ့ ဓါတ်ပုံနဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ ၎င်းဓါတ်ပုံရဲ့ အပေါ်မှာ "စစ်ကောင်စီကို တလ အတွင်းအပြတ်တိုက်မည်။ UWSA တပ်ချုပ်ပြောသွားတာ အားရစရာကြီးဟေ့" လို့ ရေးသားထားပြီး ၁၀ မိနစ်နဲ့ ၄၈ စက္ကန့်ကြာမြင့်တဲ့ YouTube Video တစ်ပုဒ် နဲ့ တွဲတင်ထားပါတယ်။

    အဲ့ဒီ Video ကိုတင်ထာတဲ့ Real news Myanmar ဆိုတဲ့ Youtube Channel မှာ ၎င်း Video ကို ဝင်ရောက် ကြည့်ရှု့သူ ၁၉၀၀၀ ကျော်ရှိနေပြီး ဖေ့စ်ဘွတ်ပေါ်လည်း ထပ်မံဝေမျှနေသူတွေ ရှိနေပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    Burmese Daily News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ နာမည်သုံးပြီး ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။

    ဝ ပြည် သွေးစည်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ယနေ့အချိန်ထိ မှတ်ချက် တစ်စုံတစ်ရာ ပေးထားခြင်း မရှိသလို လက်လက်နက်ကိုင် တိုက်ပွဲတွေလည်း ဖြစ်ပွားခြင်း မရှိပါဘူး။ဒီသတင်းအမှားထဲမှာ ပါတဲ့ YouTube Video မှာ ဝ ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းလည်း လုံးဝ မပါဝင်ပါဘူး။ သတင်းခေါင်းစဉ်နဲ့ ဓါတ်ပုံကို သုံးပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။

    အဆိုပါ Website နဲ့ YouTube Channel ကို စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေနဲ့ ဝင်ငွေရှာနေတဲ့ အဖွဲ့သာဖြစ်တာကိုတွေ့ရပြီး သတင်းအမှားတွေ မကြာခဏ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    fake newsUWSACoupMilitaryEAOsဝ ပြည်နယ်သတင်းအတုလက်နက်ကိုင်စစ်ကောင်စီ
    Read Full Article
    Claim :   Burmese Daily News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ နာမည်သုံးပြီး ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!