BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှား-ယူကရိန်း တိုက်ပွဲအဖြစ်...
သတင်းအတု

ရုရှား-ယူကရိန်း တိုက်ပွဲအဖြစ် ဖြန့်ဝေထားတဲ့ Video အဟောင်း

ရုရှားက ယူကရိန်းကို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ဒုံးကျည်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်ဆိုတဲ့ Video တစ်ပုဒ် လူမှုကွန်ယက်ပေါ် ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  3 March 2022 11:25 PM IST
  • ရုရှား-ယူကရိန်း တိုက်ပွဲအဖြစ် ဖြန့်ဝေထားတဲ့ Video အဟောင်း

    အဆိုပါ Video ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြတာ ဖြစ်ပြီး "ရုရှားက ယူကရိန်းကို စစ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်မူကြောင့် နာရီပိုင်းအတွင်း ယူကရိန်းနိုင်ငံသား ရာနှင့်ချီသေဆုံး" ၊ "ရုရှားက ယူကရိန်းကို ကြိတ်နေတာ ငပွကြီး ဘာတတ်နိင်လဲ" (မူရင်းအသုံးအနှုန်းအတိုင်း) လို့ ရေးသားထားပါတယ်။ တင်ထားတဲ့ Video အတွင်းမှာတော့ တင့်ကားပေါ် ဒုံးလက်နက်တွေ တင်ထားပြီး အဆက်မပြတ်ပစ်ခတ်နေတာ ကိုတွေ့ရပြီး ပစ်ခတ်တဲ့ အရှိန်ကြောင့် မီးတောက်တွေ ဒုံးလက်နက်တွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းသွားတာကို တွေ့ရပါတယ်။

    ၎င်းတို့ ဖြန့်ဝေထားကြတဲ့ Video ကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပြီး လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရုရှားက ယူကရိန်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်ဆိုတဲ့ Video နဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၉ ခုနှစ်က video အဟောင်း တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ Video ဟာ COMBAT APPROVED ဆိုတဲ့ YouTube channel က တင်ထားတဲ့ video အဟောင်း တစ်ပုဒ် ဖြစ်ပြီး Tsentr-2019 လို့ အမည်ပေးထားတဲ့ ရုရှားက စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်ပါတယ်။

    ဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားနဲ့အတူ တရုတ်၊ အိန္ဒိယ ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန် ၊ တာဂျစ်ကစ္စတန် နဲ့ ဥဇဘတ်ကစ္စတန်တို့ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်က စစ်ရေးလေ့ကျင့်ခဲ့တဲ့ Video ကို ဒီ Link မှာ ကြည့်ပါ။


    ဒီ Video ဟာ လက်ရှိ ရုရှား- ယူကရိန်း စစ်ပွဲက ဖြစ်စဉ်မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က Video အဟောင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    fake newsRussiaTsentr-2019 exercisesOld videoUkraineသတင်းအတုVideo အဟောင်းရုရှားယူကရိန်း
    Read Full Article
    Claim :   ရုရှားက ယူကရိန်းကို စစ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!