BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အင်းဒင်ရွာဖြစ်စဉ်ဓါတ်ပုံဟောင်းတွေ...
သတင်းအတု

အင်းဒင်ရွာဖြစ်စဉ်ဓါတ်ပုံဟောင်းတွေ သုံးပြီး ARSA တပ်ဖွဲ့တွေဖမ်းမိတယ်လို့ သတင်းအမှားဖြန့်

၂၀၁၇ ခုနှစ်က အင်းဒင်ရွာမှာ အသတ်ခံခဲ့ရတဲ့ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေ ပြန်လည်အသုံးပြုပြီး သတင်းအမှားဖြန့်ဝေမှု တစ်ချို့ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2021 8:42 AM IST
  • အင်းဒင်ရွာဖြစ်စဉ်ဓါတ်ပုံဟောင်းတွေ သုံးပြီး ARSA တပ်ဖွဲ့တွေဖမ်းမိတယ်လို့ သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေကြတာဖြစ်ပြီး မူရင်းတင်တဲ့ပို့စ်တွေမှာ ဓါတ်ပုံ ၂ ပုံ တင်ထားပါတယ်။ ပထမ ဓါတ်ပုံမှာ မြက်ခင်းတွေ ခြုံပင်တွေ ရှိတဲ့နေရာမှာ မွတ်စလင်လို့ ယူဆရသူ ၁၀ ဦးကို လက်နောက်ပြန်ကြိုးတုပ်ထားပြီး အနောက်မှာ သေနတ်လွယ်ထားတဲ့ အရပ်ဝတ်နဲ့ တစ်ချို့၊ ပျောက်ကြားဘောင်းဘီ ဝတ်ဆင်ထားသူတစ်ချို့ ရှိနေပါတယ်။

    နောက်ဓါတ်ပုံ တစ်ပုံဟာ အဆိုပါ ၁၀ ဦးရဲ့ အပေါ်အင်္ကျီတွေကို ချွတ်ထားပြီး လက်နောက်ပြန်မြောက်ကာ အဖမ်းခံထားရတဲ့ပုံ ဖြစ်ပါတယ်။

    ယင်းဓါတ်ပုံတွေနဲ့အတူ ဖေ့စဘွတ်လူမှုကွန်ရက်မှာဖြန့်ဝေရာမှာတော့ "ဘင်္ဂလား နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့ ၃၀ ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်" ဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်များစွာက Like လုပ်ထားကာ ထပ်ဆင့်ဝေမျှသူ၊ ကူးယူဖော်ပြသူ များစွာ ရှိခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရခိုင် - ဘင်္ဂလားဒေ့ချ် နယ်စပ်မှာ ARSA အဖွဲ့ဝင် ၃၀ ဦး ဖမ်းမိတယ်ဆိုပြီး တင်ထားတဲ့ ဓါတ်ပုံတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မူရင်းဓါတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ဓါတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။

    အဆိုပါ ဓါတ်ပုံထဲက ဖမ်းဆီးခံထားရသူ ၁၀ ဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင် ရွာမှာ စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကဓါတ်ပုံတွေဖြဟ်ပါတယ်

    ဒီသတင်းကို ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကိုဖမ်း နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အဆိုပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ရိုက်တာ သတင်းကို ဒီမှာ ဖတ်ပါ။


    ၂၀၁၉ ခုနှစ်မှာတော့ အင်းဒင်းရွာမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ စစ်သားတွေဟာ တပ်ချုပ်ထံကို အသနားခံစာ တင်ပြခဲ့တဲ့အတွက် ပြန်လည် လွတ်ပေးခဲ့ပါတယ်။ ၎င်း လူသတ်မှု ကျူးလွန်ထားတဲ့ စစ်သားတွေကို ပြန်လွတ်ပေးတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    ၎င်းတို့ ဖြန့်ဝေထားတဲ့ ARSA အဖွဲ့ဝင် အယောက် ၃၀ ဖမ်းမိတယ်ဆိုတဲ့ အကြောင်းဟာ မည်သည့် သတင်းမီဒီယာကမှ ဖော်ပြထားခြင်း မရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။

    ဒီရက်ပိုင်းထဲ ရခိုင်ပြည်နယ်မှာ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ တစ်ကျော့ပြန်ဖြစ်ပေါ်လာနေတဲ့အတွက် သထိထားနေကြဖို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂများနှင့် အစ္စလာမ်ဘာသာဝင် ကျောင်းသား၊ကျောင်းသူတွေက ပူးတွဲသဘောထားချက်ထုတ်ပြန်ထားပါတယ်။

    အဆိုပါ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။






    Tags

    fake newsold photosvictims in Indin villageMilitaryCoupRakhineARSAသတင်းအတုအင်းဒင်ရွာလူသတ်မှုဓါတ်ပုံအဟောင်း
    Read Full Article
    Claim :   ရခိုင်-ဘင်္ဂလားဒေ့ချ် နယ်စပ်မှာ ARSA အဖွဲ့ဝင် ၃၀ ဦး ဖမ်းမိ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!