BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ် ၁၉...
သတင်းအတု

ကိုဗစ် ၁၉ ကာကွယ်တားဆီးရေးလှုပ်ရှားမှုပုံကို အသုံးပြုပြီးသတင်းအမှားဖြန့်

ကိုဗစ်တားဆီးရေးလှုပ်ရှားမှုမှဓာတ်ပုံကိုအသုံးပြုပြီး စျေးကောက်ကောက်သူများအဖြစ် ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2020 2:19 PM IST
  • ကိုဗစ် ၁၉ ကာကွယ်တားဆီးရေးလှုပ်ရှားမှုပုံကို အသုံးပြုပြီးသတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်မှာ ကိုရုပ်ဆိုးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က We Love USDP ပြည်ခိုင်ဖြိုးဝန်းရံသူများ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ၎င်းဖြန့်ဝေထားတဲ့ သတင်းအမှားထဲမှာ စျေးအတွင်းမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဝန်ထမ်းတွေ က Mask တွေ Face Shield တွေ ကိုင်ပြီး စျေးတစ်ခုအတွင်း သွားလာနေတဲ့ ဓါတ်ပုံတွေပါဝင်ပါတယ်။

    သတင်းအမှားဖြန့်ဝေသူက အဆိုပါ ဓါတ်ပုံကို သုံးပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေရှိတဲ့ Group ထဲမှာ covid 19 ဖြစ်နေသော်လည်း ဈေးသယ်များထံ မရမက ဈေးကောက် လိုက်ကောက်နေသော သူတောင်းစားများ (စကားလုံးအသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီအကောင့်ပိုင်ရှင်ဟာ အဆိုပါ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေရှိတဲ့ Group ထဲမှာ Member ဝင် အသစ်တစ်ယောက်ဖြစ်ပြီး Group ထဲ ပထမဆုံး စတင်ထားတဲ့ ပိုစ့်ထဲမှာ NLD ပါတီဝင်များ UEC နှင့်အတူ ထောင်ထဲဝင်ရန် အဆင်သင့် ပြင်ဆင်ထားကြပါလို့ အသိပေးပါရစေ လို့ စတင်ထားပါတယ်။ ဒါ့အပြင့် ၎င်းဟာ NLD ပါတီနဲ့ UEC ကို တိုက်ခိုက်ထားတဲ့ တခြား သတင်းအမှားတွေလည်း တင်ထားပါသေးတယ်။

    ၎င်း Group ထဲမှာ တင်ထားတဲ့ ပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဖေ့စ်ဘွတ်အကောင့်တု တစ်ခုနဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေရှိတဲ့ Group ထဲမှာ ရေးသားဖြန့်ဝေထားတဲ့ NLD ကိုယ်စားလှယ်တွေက Covid ကာလမှာ စျေးအတွင်းစျေးကောက် ကောက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းစဉ်က ဓါတ်ပုံတွေကို အသုံးပြုပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

    အဲ့ဒီ ဓါတ်ပုံဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ည ၇ နာရီ ၅၀ မိနစ်မှာ တင်ထားတဲ့ ဓါတ်ပုံဖြစ်ပြီး အဲ့ဒီဓါတ်ပုံထဲက အကြောင်းအရာဟာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့က ယာယီကုန်စိမ်း အခွန်လွတ်စျေးမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က Mask နဲ့ Face Shield တွေ ဝေမျှပြီး ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွှက်ခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံကို သုံးပြီး သတင်းအမှား ဖြန့်ထားခြင်း ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံအကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ဖတ်ပါ။


    အဆိုပါ သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာရေးအရ ပုံဖျက်ရေးသားထားတဲ့ သတင်းအမှားများစွာ ဖြန့်ဝေမှု ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။



    Tags

    fake newspublic health awarenessMOHSCorona Myanmarသတင်းအတုကျန်းမာရေးအသိပညာပေးကိုရိုနာမြန်မာ
    Read Full Article
    Claim :   ဖေ့စ်ဘွတ်အကောင့်တု တစ်ခုနဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေရှိတဲ့ Group ထဲမှာ ရေးသားဖြန့်ဝေထားတဲ့ NLD ကိုယ်စားလှယ်တွေက Covid ကာလမှာ စျေးအတွင်းစျေးကောက် ကောက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!