BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဓါတ်ပုံပြုပြင်မှုတွေနဲ့...
သတင်းအတု

ဓါတ်ပုံပြုပြင်မှုတွေနဲ့ မြန်မာနိုင်ငံအရေး ယူကရိန်းတွေ ဆန္ဒပြသတင်းအမှား

ယူကရိန်းနိုင်ငံသားတွေက လမ်းပေါ်မှာ ဆန္ဒထွက်ပြရင်း မြန်မာနိုင်ငံအတွက် စိုးရိမ်ပေးကြောင်း ဖော်ပြထားတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှားတွေ ကိုပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ရက်ပေါ်မှာလူအများအပြားဖြန့်ဝေခဲ့ကြပါတယ်။

By - Boom Live Myanmar |
Published -  8 March 2022 2:22 PM IST
  • ဓါတ်ပုံပြုပြင်မှုတွေနဲ့ မြန်မာနိုင်ငံအရေး ယူကရိန်းတွေ ဆန္ဒပြသတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေ့ဘွတ်အကောင့်ပေါင်း များစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖော်ပြရာမှာ ယူကရိန်းအလံနဲ့ မြန်မာနိုင်ငံအလံ ပူးတွဲ ကိုင်ထားတဲ့ ဓါတ်ပုံတွေ၊ "Save Ukraine, Save Myanmar" ဆိုတဲ့ စာတမ်းတွေ ကိုင်ထားတဲ့ ဓါတ်ပုံတွေ "We pray again for Myanmar, which has supported Ukraine" ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်း ဓါတ်ပုံတွေနဲ့အတူ "မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ ရေးသားကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားတွေကို Like လုပ်ထားသူ သိန်းချီရှိနေပြီး လူမှုကွန်ယက်ပေါ် ထောင်ပေါင်းများစွာက ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ယူကရိန်းနိုင်ငံက မြန်မာနိုင်ငံအတွက် ပြန်လည်စိုးရိမ်ပေးနေတယ်လို့ ဆန္ဒပြပွဲ ဓါတ်ပုံတွေနဲ့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ဝေထားတဲ့ ဓါတ်ပုံတွေ ဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းတို့ ဖြန့်ဝေထားတဲ့ ဓါတ်ပုံ ၃ ပုံထဲက ပထမပုံဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာာလ ၃ ရက်နေ့က ဓါတ်ပုံဖြစ်ပြီး Covid 19 ရောဂါကာကွယ်ဆေး ထိုးနှံမှု နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် ဆန္ဒပြစဉ်က ဓါတ်ပုံ ဖြစ်ပါတယ်။ အဆိုပါ ပုံကို Photoshop မှာ ပြုပြင်ပြီး "Save Ukraine, Save Myanmar" လို့ ပြောင်းရေးထားတာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး နဲ့ ခရီးသွားလာခွင့်အပါအဝင် တစ်ခြား ကန့်သတ်ချက်တွေကြောင့် ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ သတင်းကို ဒီ Link မှာ ဖတ်ပါ။


    အခြား ဓါတ်ပုံ ၂ ပုံဟာ ရုရှားနိုင်ငံက စစ်ရေးတိုက်ခိုက်မှု ပြုလုပ်မယ့် ခြိမ်းခြောက်ပြောဆိုမှုအပေါ် ဆန္ဒပြစဉ်က ဓါတ်ပုံတွေ ဖြစ်ပြီး ပထမ ဓါတ်ပုံ ပေါ်မှာ "#Stand With Ukraine" လို့ ရေးထားတဲ့စာကိုဖျက်ကာ မြန်မာနိုင်ငံအလံပုံနဲ့ ယူကရိန်းနိုင်ငံအလံ ပုံကို ပူးတွဲပြီး ပြန်ဆွဲကာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ၎င်း မူရင်းဓါတ်ပုံ ပါဝင်တဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။


    တတိယ ဓါတ်ပုံဟာ ရုရှားရဲ့ စစ်ရေးတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲထဲက ဓါတ်ပုံတစ်ပုံဖြစ်ပြီး ၎င်းဓါတ်ပုံထဲမှာ ရုရှားသမ္မတပူတင်ကို အလိုမရှိကြောင်း "NO PUTIN, NO CRY" လို့ ရေးသားထားတဲ့ စာအပေါ် "We pray again for Myanmar, which has supported Ukraine" လို့ ပြောင်းရေးကာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်းဓါတ်ပုံ ပါဝင်တဲ့ သတင်းကို ဒီနေရာ မှာ ဖတ်ပါ။






    Tags

    fake newsUkraineRussiaMyanmarWarMilitaryCoupPutinedited photosဓါတ်ပုံအတုသတင်းအတု
    Read Full Article
    Claim :   မြန်မာနိုင်ငံအတွက် ပြန်လည်စိုးရိမ်ပေးနေတဲ့ ယူကရိန်းနိုင်ငံ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!