BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘရွတ်ကလင်း တိုက်ခိုက်မှု...
သတင်းအတု

ဘရွတ်ကလင်း တိုက်ခိုက်မှု မြန်မာတွေပါဝင်တယ်လို့ သတင်းအမှားဖြန့်

ဧပြီလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံက ဘရွတ်ကလင်းမြေအောက်မီးရထားလမ်း တိုက်ခိုက်ခံရမှုမှာ မြန်မာတွေ ပါဝင်တယ်လို့ စစ်လော်ဘီ တစ်ဦးက သတင်းအမှားဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  26 April 2022 5:00 PM IST
  • ဘရွတ်ကလင်း တိုက်ခိုက်မှု မြန်မာတွေပါဝင်တယ်လို့ သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို Sit Naing Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်း Sit Naing Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက Myanmar Hard Talk နာမည်နဲ့ သတင်းတု၊ သတင်းမှားပေါင်းများစွာ ဖြန့်ခဲ့တဲ့ အောင်မင်းဆိုသူ ဖြစ်ပါတယ်။ ၎င်းက အခု သတင်းအမှားထဲမှာ "အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘရုတ်ကလင်းမြို့ မြေအောက်ရထားလမ်းပစ်ခတ်မှု့အကြမ်းဖက် ဖြစ်စဥ်မှာ ပန်ဆယ်လိုနဲ့ မျိုးရန်နောင်သိန်းတို့ ပါဝင်ပက်သက်မှု့ရှိနေတယ်လို့ ကနဦးသိရ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၃၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ ရှိကာ ကူးယူဖော်ပြနေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်နိုင်ငံမှာ ဧပြီလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ဘရွတ်ကလင်း မြေအောက် မီးရထားလမ်း တိုက်ခိုက်ခံရမှုမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ ပန်ဆယ်လိုနဲ့ မျိုးရန်နောင်သိမ်း ပါဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။

    နယူးယောက်က ဘရွတ်ကလင်း မြေအောက်ရထားလမ်း တိုက်ခိုက်ခံရမှုဟာ မြန်မာတွေနဲ့ သက်ဆိုင်းခြင်း မရှိပါဘူး။ အမေရိကန်ရဲတပ်ဖွဲ့က သံသယ ရှိသူကို ဖမ်းဆီးကာ အာမခံ မပေးဘဲ ထောင်ကို တန်းပို့ ထားတာ ဖြစ်ပါတယ်။ သံသယရှိသူ သေနတ်သမားဟာ အသက် ၆၂ နှစ်အရွယ် Frank James ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ ၎င်းဟာ ၂၀၁၁ ခုနှစ်က အိုဟိုင်းအို ပြည်နယ်က လိုင်စင် သေနတ်ရောင်းဝယ်သူ တစ်ဦးထံက သေနတ်တစ်လက် ဝယ်ယူခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား ထွက်ပေါ်လာခဲ့ပါတယ်။ ဘရွတ်ကလင်း မြေအောက် ရထားလမ်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူကို ဖမ်းဆီးထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    ဒီသတင်းအမှားကို ဖြန့်ထားသူဟာ ရွေးကောက်ပွဲ မတိုင်ခင်ကာလထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို သတင်းအမှားပေါင်း များစွာနဲ့ ဦးတည်တိုက်ခိုက်ခဲ့တဲ့ Myanmar Hard Talk ဖေ့စ်ဘွတ်ပေ့ချ် ရဲ့ admin ဖြစ်တဲ့ အောင်မင်း ဆိုသူ ဖြစ်ပါတယ်။

    အောင်မင်းရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ပေ့ချ်တွေဟာ သတင်းအမှားတွေ ၊ ထိလွယ်ရှလွယ် ဘာသာရေးဆိုင်ရာ အမုန်းစကားတွေဖြန့်ပြီးစစ်တပ်ကို လော်ဘီလုပ်နေသူ ဖြစ်တဲ့အတွက် Facebook Team က ၎င်းရဲ့ အကောင့်နဲ့ Page တွေကို ဖယ်ရှားပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို Page နဲ့ Account တွေ ဖြုတ်ချခံရပြီး နောက်ပိုင်းမှာ Telegram ချန်နယ်တွေနဲ့ သတင်းအမှားဖြန့်တာတွေ၊ အောင်မင်း အစား တစ်ခြားနာမည်တွေ ပြောင်းသုံးကာ Facebook acc တွေ ပြန်ဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။


    Tags

    ฺBurma Military lobbyistfake newsBrooklyn subway attackCoupMilitaryသတင်းအမှားစစ်ကောင်စီစစ်လော်ဘီ
    Read Full Article
    Claim :   အမေရိကန်နိုင်ငံ ဘရုတ်ကလင်းမြို့ မြေအောက်ရထားလမ်းပစ်ခတ်မှု့ဖြစ်စဥ်မှာ ပန်ဆယ်လိုနဲ့ မျိုးရန်နောင်သိန်းတို့ ပါဝင်ပက်သက်မှု့ရှိနေ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!