BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သမ္မတ ဦးဝင်းမြင့်အကြောင်း...
သတင်းအတု

သမ္မတ ဦးဝင်းမြင့်အကြောင်း ဖြန့်ဝေနေတဲ့ သတင်းအတုတွေ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပက်သက်တဲ့ သတင်းတုတွေ ရက်ပိုင်းအတွင်း အများအပြား ဖြန့်ဝေနေပြီး အများစုမှာ ထောင်ဖောက်ပြေးတယ်၊ ကယ်ထုတ်ခံရတယ် ဆိုပြီး ဖြန့်ဝေနေတာပါ။

By - Boom Live Myanmar |
Published -  23 May 2023 9:10 AM IST
  • သမ္မတ ဦးဝင်းမြင့်အကြောင်း ဖြန့်ဝေနေတဲ့ သတင်းအတုတွေ

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Car 50 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Video base ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေမှာ မေလ ၁၈ ရက်နေ့ မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘သမ္မတကြီး ဦးဝင်းမြင့် UG တပ်ဖွဲ့များ ကယ်ထုတ်သွားပြီဗျာ။ စခ (၃၀) သေ။ အကျဉ်းသား (၁၀) လွတ်မြောက်’ လို့ ရေးထားပြီး အချို့ဖြန့်ဝေမှုတွေမှာ ‘တောင်ဒဂုံအကျဉ်းထောင် ဖောက်ခွဲခံရ။ ဦးဝင်းမြင့် ထွက်ပြေးသွားပြီ။ ထောင်သား ၄၀ ထွက်ပြေး’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အကျဉ်းကျခံနေတဲ့ ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ မေလ ၁၈ ရက်နေ့က အကျဉ်းသား ၁၀ ဦး ထွက်ပြေးမှု ဖြစ်စဉ်နောက်ပိုင်း ခုလို သမ္မတ ဦးဝင်းမြင့်နဲ့ ပက်သက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးဟာ မေလ ၁၈ ရက် မွန်းလွဲပိုင်းက ထောင်တွင်းတရားရုံး ရုံးထုတ်ချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး သေနတ်တွေ လုယူထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်း ရဲတဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အကျဉ်းသားတွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ထွက်ပြေးသူတွေထဲမှာ အမျိုးသမီး ၁ ဦးအပါအဝင် ၉ ယောက် လွတ်မြောက်ခဲ့ပေမယ့် တစ်ဦး ကျည်ထိပြီး ကျန်ခဲ့တယ်လို့ သိရပါတယ်။

    ဒီဖြစ်စဉ်ထဲမှာ သမ္မတဦးဝင်းမြင့် မပါဝင်သလို ကယ်ထုတ်ခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုအများစုဟာ အခြားသတင်းဌာနက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောထားတဲ့ ရုပ်သံဖိုင်တွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်President U Win MyintFakenewsထောင်ဖောက်Prison BreakClickbait
    Read Full Article
    Claim :   သမ္မတဦးဝင်းမြင့်ကို UG တပ်ဖွဲ့တွေ ကယ်ထုတ်သွားတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!