BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်အကြောင်း...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖြန့်ဝေနေတဲ့ သတင်းအတုတွေ

ရက်ပိုင်းအတွင်း အမေစုလွတ်တော့မယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအတုတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 May 2023 9:00 PM IST
  • ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖြန့်ဝေနေတဲ့ သတင်းအတုတွေ

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Car 50 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ HD Video ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် တွေမှာ မေလ ၁၉ ရက်နေ့ မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မကြာခင် ရက်ပိုင်းအတွင်း အမေစု လွတ်တော့မယ်’ လို့ ရေးထားပြီး အချို့ဖြန့်ဝေမှုတွေမှာ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ။ ဒါမှတို့အမေစုကွ။ အာဆီယံအစည်းအဝေးကို တက်ခွင့်ပြုပြီး မအလကို ပယ်’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုအများစုဟာ အခြားသတင်းဌာနက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောထားတဲ့ ရုပ်သံဖိုင်တွေအပြင် အချို့ဖြန့်ဝေမှုတွေမှာတော့ ဘုန်းကြီးတစ်ပါးက ဖေစ့်ဘွတ် live လွှင့်ပြောဆိုနေတာကို ကူးယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။

    ဒီဗွီဒီယိုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ (သို့မဟုတ်) လွတ်တော့မယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်းမရှိသလို အခြားသတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး အမှုတွေ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းDaw Aung San Suu Kyi released
    Read Full Article
    Claim :   ရက်ပိုင်းအတွင်း အမေစုလွတ်တော့မယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!