BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းဟောင်းကို အသုံးပြုပြီး...
သတင်းအတု

သတင်းဟောင်းကို အသုံးပြုပြီး ဖြန့်ထားတဲ့ သတင်းအမှား

သတင်းဟောင်းကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Dec 2023 8:57 PM IST
  • သတင်းဟောင်းကို အသုံးပြုပြီး ဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို နေမျိုးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “တအာင်းပလောင်အမျိုးသမီးနှစ်ဦးကို ယာမဆေးသုံးထားတဲ့ KIA ကချင်စစ်သား နှစ်ဦးက အတင်းအဓမ္မ ပြုကျင့်ခဲ့၊ အဆိုပါလုပ်ရပ်အပေါ် TNLA က ကူညီဖြေရှင်းပေးခြင်း မရှိ” လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြိုနယ်အတွင်းရှိ မန်ပိန်းကျေးရွာအုပ်စု ခိုမုန်းကျေးရွာသူ တအာင်းအမျိုးသမီးငယ်နှစ်ဦးကို KIA တပ်ရင်း ၉ က ကချင်စစ်သားနှစ်ဦးကနေ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လမ်းမှာ အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို တအာင်းအမျိုးသမီးအဖွဲအစည်းတစ်ခုထံမှ သိရပါတယ်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ အဆိုပါ KIA စစ်သား ၂ ဦးဟာ ယာမ မူးယစ်ဆေးတွေ သုံးစွဲထားကြောင်း KIA ဘက်က ငွေ တစ်သိန်းစီပေးပြီး ကျေအေးခိုင်းတဲ့အပေါ် TNLA ထံကို တင်ပြပေမယ့် ကူညီဖြေရှင်းခြင်း မရှိဘူးလို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကပါ ထပ်ဆင့်ဝေမျှထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    သတင်းအဟောင်းတစ်ပုဒ်ကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတဲ့ KIA စစ်သား နှစ်ဦးက တအောင်းအမျိုးသမီး ၂ ဦးကို မူးယစ်ဆေးသုံးကာ အဓ္ဓမပြုကျင့်ခဲ့တာကို TNLA က ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ ဖြစ်စဉ်ဟာ စစ်တပ်က အာဏာမသိမ်းမီကာလ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အစပ် မန်ပိန်းကျေးရွာအုပ်စုထဲက ကြံခြံထဲမှာ အလုပ် လုပ်နေတဲ့ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို မူးယစ်ဆေးသုံးထားတဲ့ KIA တပ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်အတွက် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ KIA တပ်ဖွဲ့ကတာဝန်ရှိသူတွေက မိဘဖြစ်သူတွေက တွေ့ဆုံပြီး လျော်ကြေး (၁၅)သိန်း ပေးကာ လာရောက်တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ အမှုကို KIA ဘက်က လျော်ကြေးပေးရုံနဲ့ မပြီးပဲ ကျူးလွန်တဲ့ တပ်သားနှစ်ဦးကို KIA ၎င်းတို့ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

    ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို ဒီနေရာမှာ ဖတ်ပါ။

    ဒီဖြစ်စဉ်ဟာ စစ်တပ် အာဏာမသိမ်းခင် ကာလမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရှမ်းမြောက်မှာ မဟာမိတ်တပ်တွေ စစ်ရေးအရှိန်မြှင့်ပြီး စစ်တပ်က ရှုံးနှိမ့်နေချိန်မှာ KIA ၊ TNLA နဲ့ တအောင်း လူမျိုးစုတွေအပေါ် သွေးခွဲဖို့ တန်ပြန် ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsPropagandaMilitaryCoupစစ်ကောင်စီအာဏာသိမ်းတအောင်းKIATNLA
    Read Full Article
    Claim :   တအာင်းပလောင်အမျိုးသမီးနှစ်ဦးကို ယာမဆေးသုံးထားတဲ့ KIA ကချင်စစ်သား နှစ်ဦးက အတင်းအဓမ္မ ပြုကျင့်ခဲ့၊ အဆိုပါလုပ်ရပ်အပေါ် TNLA က ကူညီဖြေရှင်းပေးခြင်း မရှိ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!