BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တတိယကမ္ဘာစစ် ဖြစ်မယ်လို့...
သတင်းအတု

တတိယကမ္ဘာစစ် ဖြစ်မယ်လို့ အထောက်အထားမဲ့ဖြန့်ဝေတဲ့ အကြောင်အရာများ ပြန့်နှံ့

တတိယကမ္ဘာစစ်ကြီး ဖြစ်မယ် ဘယ်နှခုနှစ်မှာ ဖြစ်မယ်ဆိုပြီး အထောက်အထား၊ အကိုးအကားမပါဝင်ပဲ ဖြန့်ဝေထားတဲ့အကြောင်းအရာတချို့ လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  29 Oct 2024 1:05 PM IST
  • တတိယကမ္ဘာစစ် ဖြစ်မယ်လို့ အထောက်အထားမဲ့ဖြန့်ဝေတဲ့ အကြောင်အရာများ ပြန့်နှံ့

    ဒီအကြောင်းအရာကို Leonard Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ '2025 မှာ တတိယကမ္ဘာစစ်ကြီးဖြစ်မယ်။ ဒါပေမယ့်မြန်မာ ကံအရမ်းကောင်းသွားတယ်။ စစ်ပွဲထဲရော စစ်မျက်နှာပြင်ရောဖြစ်မှာမဟုတ်ဘူး' လို့ ပထမပိုစ့်မှာ ရေးသားဖြန့်ဝေခဲ့ပြီး ဒုတိယပိုစ့်မှာတော့ 'တတိယကမ္ဘာစစ်ဖြစ်မယ့်အချိန်ကို ၂၀၂၅ ၄လပိုင်းမတိုင်ခင်လို့မှန်းပါတယ်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တတိယကမ္ဘာစစ် ဖြစ်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အများပြည်သူ ထိတ်လန့်အောင် တမင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    Leonard Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ တတိယကမ္ဘာစစ် ဖြစ်တော့မယ်ဆိုပြီး အထောက်အထား အကိုးအကား မရှိ ဖြန့်ဝေနေတာတွေဟာ ၂၀၂၂ ခုနှစ် ကတည်းက ဖြစ်ပါတယ်။


    ထိုစဉ်က ဖြန့်ဝေမှုတွေထဲမှာ ‘တတိယကမ္ဘာစစ် စတင်ရန် ရက်ပိုင်းအလို' လို့ ရေးသားဖြန့်ဝေခဲ့သလို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း တုန်းကလည်း '၂၀၂၄မှာ တတိယကမ္ဘာစစ် ဖြစ်ဖို့ ၉၈%ရှိနေတယ်ဆိုတာ ကမ္ဘာပေါ်က လူတွေသိရင်သိပ်ကောင်းမှာပဲ' လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အခုလို ဖြန့်ဝေနေတာတွေဟာ နောက်ပြောင်လိုတဲ့ အတွက် ဖြစ်စေ၊ ပေချ့်ကို လူကြိုက်များစေလိုတဲ့အတွက် ဖြစ်စေ တမင် လုပ်ကြံရေးသားထားတယ် ဆိုပေမယ့် ဒီလို သတင်းမှားတွေကြောင့် အချို့လူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ် စေနိုင်တဲ့အတွက် သတင်းဆန်းစစ်ထားရခြင်း ဖြစ်ပါတယ်။

    လက်ရှိမှာ ရုရှား - ယူကရိန်း စစ်ပွဲ၊ အစ္စရေး - ပါလက်စတိုင်း နဲ့ အီရန် စတဲ့ ကမ္ဘာ့နိုင်ငံတွေကြား စစ်ပွဲတွေ ဖြစ်ပွားနေတယ် ဆိုပေမယ့် ဘယ်နေ့ ဘယ်ရက်မှာ တတိယမ္ဘာစစ်အသွင် ကူးပြောင်းဖြစ်ပွားမယ်ဆိုပြီး မည်သည့် စစ်ရေးသုံးသပ်လေ့လာသူ (သို့) နိုင်ငံရေးအဖွဲ့အစည်း တွေကမှ ထုတ်ဖော်ပြောမထားသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ရေးသားမထားပါဘူး။

    ခန့်မှန့်ရေးသား ဖော်ပြထားတဲ့ အချို့ ဆောင်းပါးတွေဟာလည်း မီဒီယာတိုက် ပြင်ပက အလွတ်တန်း စာရေးသားသူတွေရဲ့ ကိုယ်ပိုင်အမြင်သက်သက် အာဘော်တွေသာ ဖြစ်ပါတယ်။

    Tags

    FakenewsWorld War IIIတတိယကမ္ဘာစစ်ကမ္ဘာစစ်ရုရှား-ယူကရိန်း စစ်ပွဲအစ္စရေး-ပါလက်စတိုင်း
    Read Full Article
    Claim :   တတိယကမ္ဘာစစ် ဖြစ်တော့မယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!