BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒုကာချုပ်စိုးဝင်း CDM...
      သတင်းအတု

      ဒုကာချုပ်စိုးဝင်း CDM ပြုလုပ်တယ်ဆိုတဲ့ သတင်းအတု

      လူမှုကွန်ရက်မှာ အကြိမ်ကြိမ် ပျံ့နှံ့လေ့ရှိတဲ့ သတင်းတုတစ်ခုဖြစ်တဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတိယကာကွယ်ရေး ဦးစီးချုပ်စိုးဝင်း CDM ပြုလုပ်သွားပြီဆိုတဲ့ သတင်းအတုတစ်ခု ဒီရက်ပိုင်းထဲထပ်မံပျံ့နှံ့လာခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  12 Oct 2022 6:24 PM IST
    • ဒုကာချုပ်စိုးဝင်း CDM ပြုလုပ်တယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Thit News ဆိုတဲ့ Page က အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်နဲ့ ၃၂ စက္ကန့် ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video ကိုပြုလုပ်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံအပေါ်မှာ "ဒုကာချုပ်ကြီးစိုးဝင်း CDM လုပ်ပြီဟေ့" လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း စစ်ကောင်စီတပ်ရဲ့ ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ စိုးဝင်း CDM ပြုလုပ်သွားကြောင်း ထပ်မံရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၈၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်း ၇ သောင်းခန့်ရှိကာ ထပ်ဆင့်ဝေမျှသူတွေလည်း ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီတပ်ရဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ စိုးဝင်း CDM ပြုလုပ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတာကို တွေ့ရပါတယ်။

      စစ်ကောင်စီ ဒုကာချုပ်ဟာ CDM ပြုလုပ်ခြင်း မရှိသလို လက်ရှိအချိန်ထိ အာဏာသိမ်းလုပ်ငန်းစဉ်တွေနဲ့ပက်သက်လို့ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုကိစ္စတွေထဲမှာ အရေးပါတဲ့နေရာက ပါဝင်စီမံနေဆဲဖြစ်ပါတယ်။ ၎င်း CDM ဝင်တယ်ဆိုတဲ့ အကြောင်းအရာကို မည်သည့်အဖွဲ့အစည်း ၊ သတင်းဌာနကမှ ပြောဆိုရေးသားထားခြင်းလည်း မရှိပါဘူး။

      သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video မှာ ဒုချုပ်စိုးဝင်းအကြောင်း မပါဝင်ပါဘူး။ စစ်ကောင်စီတပ်တွေရဲ့ တစ်နှစ်ကျော်ကာလအတွင်း အခြေအနေတွေကိုသာ ပြောဆိုထားတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      military councilCDMcivil disobedient movementCoupစစ်ကောင်စီဒုကာချုပ်စိုးဝင်းသတင်းအတု
      Read Full Article
      Claim :   စစ်ကောင်စီ ဒုကာချုပ်စိုးဝင်း CDM ပြုလုပ်
      Claimed By :  facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!