BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘေရွတ်ပေါက်ကွဲမှု...
သတင်းအတု

ဘေရွတ်ပေါက်ကွဲမှု တိုက်ခိုက်ခံရတာလား

လက်ဘနွန်ပေါက်ကွဲမှုဟာ လက်နက်ကြီး ဒါမှမဟုတ်၊ အနုမြူဗုံးနဲ့တိုက်ခိုက်တာဆိုတဲ့ အရေးအသားတွေတွေ့ရင်မယုံပါနဲ့။

By - Boom Live Myanmar |
Published -  11 Aug 2020 2:34 PM IST
  • ဘေရွတ်ပေါက်ကွဲမှု တိုက်ခိုက်ခံရတာလား

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးက ဒုံးကျည် ဒါမှဟုတ် အနုမြူဗုံးတစ်ခုခုနဲ့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ရေးသားဖြန့်ဝေမှုတွေ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါပျံ့နှံ့ခဲ့ပါတယ်။

    ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေ ရဲ့ပြောကြားချက်တွေနဲ့ အချက်အလက်ဆန်းစစ်မှုတွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

    အင်အားပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်မြို့တော် ဆိပ်ကမ်းနဲ့ အနီးဝန်းကျင် မိုင်ချီဝေးတဲ့ နေရာတွေက အဆောက်အအုံတွေပါ ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀ ကျော် အသက်ဆုံးခဲ့ရတာပါ။

    ဒီပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာအများအပြားလည်းရှိနေပြီး သြဂုတ်လ ၉ ရက်နေ့မှာတော့ အစိုးရ နုတ်ထွက်သွားခဲ့ပါပြီ။ကနဦး စုံစမ်းစစ်ဆေးချက်များအရ ဆိပ်ကမ်းမှာ ၆ နှစ်ကြာ သိုလှောင်ထားတဲ့ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ဒါပေမဲ့ တချို့မီဒီယာတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေက အွန်လိုင်းမှာတက်လာတဲ့ ပေါက်ကွဲမှုဖြစ်စဉ် ဗီဒီယိုဖိုင်တွေကို ပြန်လည်ပြုပြင်ကာ ဒုံးကျည်ပစ်ခတ်မှုကြောင့်လို့ ပြောဆိုနေမှုများရှိသလို အနုမြူဗုံးပေါက်ကွဲတာလို့လည်း လုပ်ကြံရေးသားဖြန့်ဝေ နေတာတွေ့ရပါတယ်။ သတင်းအမှားတွေ မကြာခန ဖော်ပြလေ့ရှိတဲ့ ဗြိတိန်အခြေစိုက် MailOnline ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်ရဲ့ ဖော်ပြမှုမှာတော့ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အငွေ့တွေဟာ အဝါရောင်မဟုတ်ပဲ လိမ္မော်ရောင် ဖြစ်နေတဲ့အတွက် အမိုနီယမ်နိုက်ထရိတ် မဖြစ်နိုင်ဘူးလို့ ဖောက်ခွဲရေးကျွမ်းကျင်းသူတွေကပြောတယ်လို့ ရေးသားထားပါတယ်။


    ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီပေါက်ကွဲမှုကြီး ဖြစ်တဲ့နောက် ထွက်ပေါ်လာတဲ့ မှိုပွင့်ပုံစံ တိမ်ထုကြီးကို ကြည့်ပြီး ဒါဟာ နျူကလီးယားဗုံးပေါက်ကွဲတယ်ဆိုပြီး ရေးသားပြောဆိုမှုတွေ ရှိလာတဲ့အပေါ်သတင်းစိစစ်ကြည့်ရှု့ရာမှာ လွယ်ကူစွာပဲ ပညာရှင်တွေရဲ့ တုံ့ပြန်ပြောကြားချက်တွေကို တွေ့ရပါတယ်။

    မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ နျူကလီးယားပြန့်ပွားခြင်းနှင့် မဟာဗျူဟာ လေ့လာနေတဲ့ Vipin Narang က ဒါဟာ နျူကလီးယား ပေါက်ကွဲတာ မဟုတ်ဘူးဆိုပြီး သြဂုတ်လ ၅ ရက်နေ့က သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။


    တွစ်တာမှာ ရေးသားထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါဟာ နျူကလီးယား ပေါက်ကွဲမှုဖြစ်စဉ်မဟုတ်တဲ့အကြောင်း နျူကလီးယားကျွမ်းကျင်သူ ပညာရှင်တွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို စုစည်းတင်ပြထားတဲ့ သတင်းကို Business Insider ဆိုတဲ့ သတင်းဌာနက သြဂုတ်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    နောက်ထပ် ပေါက်ကွဲမှုဖြစ်စဉ် ဗီဒီယိုဖိုင်တွေကို ပြန်လည်ပြုပြင်ပြီး ဒုံးကျည်ပစ်ခတ်မှုကြောင့်ဆိုပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေမှု တွေကို ဆက်လက်စိစစ်ရာမှာတော့ မူရင်းဗွီဒီယိုဖိုင်မှာပါတဲ့ ငှက်တွေကြောက်လန့်ပြီး ပျံသန်းတဲ့ နေရာမှာ ကာတွန်းရုပ် ဒုံးကြည်ပုံ ကိုအစားထိုးပြုပြင်ထားတာဖြစ်တယ်လို့ သတင်းမှားတိုက်ဖျက်တဲ့ နိုင်ငံတကာက မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    Newsy သတင်းဌာနရဲ့ Youtube ချန်နယ်မှာ သြဂုတ်လ ၇ ရက်နေ့က ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် ဘယ်ဘက်ခြမ်းမှာ ပြသထားတဲ့ မူရင်းဗွီဒီယိုဖိုင်မှာ မည်သည့်ဒုံးကြည်မှ ပါမနေပေမဲ့ ညာဘက်က ပြန်လည်ပြုပြင်ထားတဲ့ ဖိုင်မှာတော့ ဒုံးကြည်ပုံကို အစားထိုးထည့်ထားတာ တွေ့ရမှာပါ။ ဒီဖိုင်မှာဖော်ပြထားသလို ဗွီဒီယိုကို အနှေးပြကွက် ပြုလုပ်ကြည့်ရာမှာ ပြုပြင်ထားချက်ကို မြင်ရမှာ ဖြစ်ပါတယ်။

    Newsy သတင်းဌာနရဲ့ နောက်ထပ်ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်မှာလည်း အနှေးပြကွက်နဲ့ ပြသထားမှုမှာ ငှက်ပျံသန်းနေတာကို တွေ့နိုင်ပါတယ်။ အောက်ဖော်ပြပါ ဗွီဒီယိုကို ကြည့်ပါ။

    ဒီအချက်တွေကြည့်ရင် ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုဆိုတာ မှန်းဆမိမှာပါ။

    ဘေရွတ်မြို့ ပေါက်ကွဲမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သုံးသပ်ထားခဲ့ပြီး လက်ဘနွန်သမ္မတ ကိုယ်တိုင်ကလည်း ပေါက်ကွဲမှုမှာ ပေါ့ဆမှု၊ ဒုံးကျည် သို့မဟုတ် ဗုံးကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုထားပေမဲ့ အွန်လိုင်းပေါ်မှာ လတ်တလော ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်တွေကတော့ ပြန်လည်ပြုပြင်ထားတဲ့ သတင်းအတုတွေသာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

    FRANCE 24 English သတင်းဌာနရဲ့ Youtube ချန်နယ်မှာ သြဂုတ်လ ၇ ရက်နေ့က ဖော်ပြခဲ့ထားတဲ့ လက်ဘနွန်သမ္မတရဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပါတ်သတ်တဲ့ ပြောဆိုမှုကို အောက်ပါ ဗွီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    The Beirut Explosionnuclear detonationfake missilesammonium nitrateLebanese capital Beirutammonium nitrate stored insecurely at a warehouse2750 metric tons of ammonium nitratemassive explosion
    Read Full Article
    Claim :   လက်ဘနွန်ပေါက်ကွဲမှုဟာ လက်နက်ကြီး ဒါမှမဟုတ်၊ အနုမြူဗုံးနဲ့တိုက်ခိုက်တာဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေရှိလာတဲ့အတွက် BOOM Myanma က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!