BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ကျောင်းတွေပြန်ဖွင့်မယ့်ရက်နဲ့ပတ်သက်တဲ့ သတင်းအတုတွေ

ကိုရိုနာကပ်ဘေးကြောင့် အခြေခံပညာကျောင်းတွေ ကနေ တက္ကသိုလ်တွေအထိ ပိတ်ထားဆဲ ကာလာမှာ ကျောင်းပြန်ဖွင့်မယ့်ရက် ကြေညာ တော့မယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကတော့ Covid -19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက် ရမှသာ ပြန်ဖွင့်နိုင်မှာ ဖြစ်ပြီး ဒါတွေဟာ သတင်းအမှား သက်သက်ပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 May 2020 6:33 PM IST
  • ကျောင်းတွေပြန်ဖွင့်မယ့်ရက်နဲ့ပတ်သက်တဲ့ သတင်းအတုတွေ

    ဒီ သတင်းအမှားကို နေ့စဉ်သတင်း (Myanmar Daily News) ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်က မေလ ၅ ရက်နေ့မှာ တင်ခဲ့တာ ဖြစ်ပြီး သတင်းခေါင်းစဉ်မှာ "ကျောင်းများအားလုံး ဖွင့်လှစ်မည့် အစီအစဉ်ကို ရက်အတိအကျကြေညာလိုက်ပြီ" လို့ ရေးသားထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ Tomorrow News Journal မှာ မေလ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းစာသားတွေ ကူးယူ ဖော်ပြထားတာဖြစ်ပါတယ်။သတင်းအတုရဲ့မူရင်းရေးသားချက်ကို ဒီမှာၽႊနကြည့်ပါ။

    အဆိုပါ သတင်းကို တခြား သတင်းအတုတွေ တင်လေ့ရှိတဲ့ ဝက်(ဘ်)ဆိုက်တွေမှာလည်း တင်ထားကြပြီး ဖေ့စ်ဘွတ် အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲကို တဆင့် ပြန်လည် ဝေမျှနေကြတာဖြစ်ပါတယ်။


    ဒီသတင်းကို မတူညီတဲ့ ဝက်(ဘ်)ဆိုဒ်အသီးသီးကနေ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ တဆင့်ပြန်လည်ဝေမျှသူ ၁၀၀၀ ကျော် ရှိနေပါတယ်။ဒီသတင်းအတုကိုပဲ နောက်တစ်နေရာမှာဝေမျှထားတဲ့လင့်ကို ဒီမှာကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar daily News ဝက်(ဘ်)ဆိုဒ်မှာ ရေးထားတဲ့ ကျောင်းအားလုံး ဖွင့်လှစ်မယ့် အစီအစဉ်ကို ရက်အတိအကျကြေညာလိုက်ပြီ ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လိမ်ညာရေးသားထားတဲ့ သတင်းတစ်ပုဒ် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

    တကယ်တော့ ဒီသတင်းဟာ မေလ ၅ ရက်နေ့က Tomorrow News Journal ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ "အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့် အစီအစဉ် မေ ၁၅ ရက် နောက်ပိုင်းမှ သိရှိနိုင်မည်" ဆိုတဲ့ သတင်းကို ခိုးယူပြီး ပုံဖျက်ကာ ပြန်လည်ဖော်ပြခဲ့တဲ့ သတင်း တစ်ပုဒ်သာ ဖြစ်ပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ Tomorrow News Journal က ဖော်ပြထားတဲ့ အတိုင်း ပြန်လည်ကူးယူထားကာ သတင်းခေါင်းစဉ်ကိုသာ ပြောင်းလဲ ထားတာ ဖြစ်ပါတယ်။

    မူရင်းသတင်းမှာ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်နဲ့ပတ်သက်လို့ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်ထိ ထပ်မံ တိုးမြှင့်ထားတဲ့အတွက် ၁၅ ရက်နေ့ နောက်ပိုင်းမှသာ သိနိုင်မှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောတယ်လို့ ရေးသားထားတာ ဖြစ်ပြီး ကျောင်းဖွင့်ချိန်ကို အခုထိ အတိအကျ မသိရသေးပါဘူး။မူရင်းသတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒါ့အပြင် မေလ ၈ ရက်နေ့ The Voice သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ရမှသာ ကျောင်းများ ဖွင့်မည် ဆိုတဲ့ သတင်းကို တင်ထားပါတယ်။The Voice သတင်းဌာနရဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    လက်ရှိ ဒီသတင်းကို ရေးသားနေချိန် မေလ ၈ ရက်နေ့ထိ ကျောင်းများအားလုံး ပြန်ဖွင့်မည့် အချိန်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို မည်သည့် တာဝန်ရှိသူ ကမှလည်း အတိအကျ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက် ရမှသာ ကျောင်းဖွင့်ချိန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ ပညာရေး ဝန်ကြီးဌာန အယောင်ဆောင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ် အတု တစ်ခု ထွက်ပေါ်ခဲ့ပြီး မေလ ၁၅ ရက်နေ့နောက်ပိုင်းမှာ ကျောင်းဖွင့်ချိန်တွေ ကြေညာပေးမှာ ဖြစ်ပြီး စာမေးပွဲ ဖြေဆိုချိန်ကို တစ်ပါတ် ကြိုတင် ကြေညာပေးမယ်လို့ ရေးသားခဲ့ကာ အဆိုပါ ဖေ့စ်ဘွတ်ပေ့ချ်ဟာ လူမှုကွန်ယက်ပေါ်က ပြန်လည် ပျောက်ကွယ်သွားခဲ့ပါတယ်။

    Read Full Article
    Claim :   ကျောင်းတွေပြန်ဖွင့်မယ့်ရက်တွေနဲ့ပတ်သက်လို့ပျံ့နှံ့နေတဲ့အကြောင်းအရာတွေဟာလုပ်ကြံရေးစားထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။
    Claimed By :  web, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!