BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှားဗိုလ်ချုပ်ကို တပ်သားတွေ...
သတင်းအတု

ရုရှားဗိုလ်ချုပ်ကို တပ်သားတွေ ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

စစ်သားအများအပြားကျဆုံး​နေချိန် အသေခံတိုက်ဖို့ အမိန့်ပေးတဲ့ ရုရှားဗိုလ်ချုပ် Yakov Rezantsev ကို ရုရှားစစ်သားတွေက ပစ်သတ်ပြီး တပ်ကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2022 8:55 AM IST
  • ရုရှားဗိုလ်ချုပ်ကို တပ်သားတွေ ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို မတ်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ကူးယူဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။

    မူရင်းရေးသားမှုတွေထဲမှာ "အ​​သေခံ တက်တိုက်ဖို့အမိန့်​ပေးတဲ့ ရုရှားဗိုလ်ချုပ်ကို ရုရှားစစ်သားတွေက ပစ်သတ်ခဲ့ကြောင်း၊ ရုရှား​တောင်ပိုင်း အမှတ် ၄၉ ကမ်းတပ်ဖွဲ့က တပ်မှူးဗိုလ်ချုပ် Yakov Rezantsev ဟာ ယူကရိန်း တပ်ဖွဲ့တွေရဲ့ ခုခံစစ်ကြောင့် စစ်​မြေပြင်မှာ ရုရှားစစ်သား အများအပြားကျဆုံး​နေချိန်မှာ အသေခံတိုက်ဘို့ အမိန့်ပေးခဲ့တဲ့အတွက် ရုရှားစစ်သားတွေက ပစ်သတ်ပြီး တပ်ကို စွန့်ခွာထွက်ပြေး ခဲ့ကြောင်း" ရေးသားထားတာဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယခုဖြန့်ဝေတဲ့ပို့စ်တွေထဲမှာပါတတဲ့ ရုရှားဗိုလ်ချုပ်ကြီး Yakov Rezantsev ဟာ ယူကရိန်းတောင်ပိုင်းက ခါဆန်မြို့တိုက်ပွဲမှာ ကျဆုံးသွားတာဖြစ်ကြောင်း၊ အမှတ် ၄၉ တပ်ပေါင်းစုရဲ့ တပ်မှူးကြီး Rezantsev ဟာ ယူကရိန်းမှာ ကျသွားတဲ့ အဆင့်အမြင့်ဆုံး ရုရှားတပ်မှူးကြီးဖြစ်သလို ယူကရိန်းမှာ ကျဆုံးခဲ့တဲ့ ၇ ယောက်မြောက် ရုရှားဗိုလ်ချုပ်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။

    ဘီဘီစီသတင်းဌာနကဖော်ပြတဲ့တဲ့ အဲ့ဒီစစ်ဗိုလ်ချုပ်သေဆုံးကြောင်း သတင်း မူရင်း မှာလည်း သူ့ရဲ့တပ်သားတွေက ပြန်ပစ်သတ်လို့သေရတဲ့အချက်အလက်မပါဝင်ပဲ သတင်းမူရင်းထဲမှာ Yakov Rezantsev ဟာ ရုရှားက ကွပ်ကဲမှုအဖြစ် အသုံးပြုတဲ့ Kherson အနီးရှိ Chornobaivka လေတပ်စခန်းတွင် သေဆုံးခဲ့ကြောင်နဲ့ အဲဒီနေရာကိုး ယူကရိန်းစစ်တပ်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။


    ယူကရိန်းမီဒီယာတွေမှာလည်း ခါဆန်မြို့က Chornobaivka လေတပ်စခန်းနားမှာ ဗိုလ်ချုပ်ကြီး Rezantsev အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြကြပေမယ့် ရုရှားစစ်သားတွေက ပြန်လည်ပစ်သတ်ခဲ့တယ်လို့ မည်သည့်မီဒီယာမှာမှ ဖော်ပြမထားပါဘူး။

    BBC သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ရုရှားဗိုလ်ချုပ်ကြီးYakov Rezantsevခါဆန်မြို့တိုက်ပွဲတပ်မှူးကြီး RezantsevLt Gen Yakov RezantsevChornobaivka airbaseKherson Cityရုရှားဗိုလ်ချုပ်တိုက်ပွဲကျFakenews
    Read Full Article
    Claim :   စစ်သား အများအပြားကျဆုံး​နေချိန် အသေခံတိုက်ဖို့ အမိန့်ပေးတဲ့ ရုရှားဗိုလ်ချုပ် Yakov Rezantsev ကို ရုရှားစစ်သားတွေက ပစ်သတ်ပြီး တပ်ကို စွန့်ခွာထွက်ပြေး။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!