BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကုလအဆင့်မြင့်အရာရှိတွေ...
သတင်းအတု

ကုလအဆင့်မြင့်အရာရှိတွေ မြန်မာနိုင်ငံလာမယ်ဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလများသာဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းက ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ ရှင်းလင်းချက်ထုတ်ပြန်ထားပါတယ်။

By - Boom Live Myanmar |
Published -  17 Feb 2021 4:34 PM IST
  • ကုလအဆင့်မြင့်အရာရှိတွေ မြန်မာနိုင်ငံလာမယ်ဆိုတဲ့ သတင်းအမှား

    ထုတ်ပြန်ထားချက်ထဲမှာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ "ကုလသမဂ္ဂမဟာမင်းကြီး" သို့မဟုတ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံလာရောက်မယ်ဆိုတာ ကောလဟလသာဖြစ်ပြီး လောလောဆယ် လာရောက်ဖို့ မရှိသေးကြောင်း၊ ကုလသမဂ္ဂသည့် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို စိုးရိမ်စွာစောင့်ကြည့်နေကြောင်းနဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နဲ့ ၁၄ ရက်နေတွမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်များမှ ကောက်နှုတ်ချက်တွေကို ဖော်ပြထားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့သည် မြန်မာပြည်သူများရဲ့ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မဆုတ်မနစ် ပံ့ပိုးကူညီသွားမယ်လို့ ထပ်လောင်းအတည်ပြုပြောကြားထားကြောင်းတွေ ပါဝင်ပါတယ်။

    မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (United Nations Myanmar) ဖေစ့်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ ညွှန်ကြားတယ်ဆိုတဲ့ သတင်းတွေထွက်အပြီး ဒီလိုကောလဟာလ တွေ ထွက်ပေါ်လာတာပါ။


    ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်ရန် ညွှန်ကြား ဆိုတဲ့ သတင်းကို Myanmar Now သတင်းဌာန မှာလည်း ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဖော်ပြခဲ့ပြီး သတင်းထဲမှာ "ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာသောမတ်စ် အန်ဒရူး (Thomas Andrews) မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားလာပါက မည်သည့်ဗီဇာအမျိုးအစားမှ ထုတ်ပေးခြင်းမပြုဘို့ ညွှန်ကြားထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားလွှာတစ်စောင် လူမှုကွန်ရက်တွက် ပျံ့နှံ့နေ့ကြောင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် လာရောက်ရန်ရှိသည့် ခရီးစဉ်များ ရွှေ့ဆိုင်းခံထားရပြီး ၎င်းအတွက် ဗီဇာလျှောက်ထားလို့ မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရကြောင်း" စတဲ့အချက်တွေ ရေးသားထားတာပါ။

    သတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။

    Tags

    United Nationsကုလသမဂ္ဂမဟာမင်းကြီးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့high commissioner visitinghigh-level delegationthe Secretary-GeneralMyanmar militaryPoliceviolenceintimidation harassment
    Read Full Article
    Claim :   ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလများသာဖြစ်တယ်လို့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းက ရှင်းလင်းချက်ထုတ်ပြန်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!