BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်ကာလ စီးပွားရေးဂယက်နဲ့...
သတင်းအတု

ကိုဗစ်ကာလ စီးပွားရေးဂယက်နဲ့ ကိုရီးယားလုပ်ငန်းတွေ ရွေ့ပြောင်းမယ်ဆိုတဲ့ကိစ္စ

ဒီသတင်း ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က သတင်းဟောင်း တစ်ပုဒ် ဖြစ်ရုံသာမက သတင်းအမှား တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  1 May 2020 7:20 PM IST
  • ကိုဗစ်ကာလ စီးပွားရေးဂယက်နဲ့ ကိုရီးယားလုပ်ငန်းတွေ ရွေ့ပြောင်းမယ်ဆိုတဲ့ကိစ္စ

    ဒီသတင်း အဟောင်းထဲမှာ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ ခေတ်မမီတာရယ်၊ လျှပ်စစ်မီး ပြတ်လပ်မှုတွေ၊ ရေပြတ်လပ်မှုတွေကြောင့် ကိုရီးယားလုပ်ငန်းရှင်တွေဟာ မြန်နိုင်ငံက လုပ်ငန်း ၁၀၀ ခန့်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံကို ရွေ့ပြောင်း အခြေချဖို့ ပြင်ဆင်နေတယ်လို့ Bangladesh Economic Zones Authority (BEZA) က ထုတ်ပြန်ထားတယ်လို့ ရေးသားထားပါတယ်။

    လက်ရှိ ဒီသတင်းအဟောင်းကို မြန်မာနိုင်ငံက ထပ်ဆင့်မျှဝေသူများဟာ ဆန္ဒပြ စက်ရုံ လုပ်သားများ ကို ပြစ်တင်ဝေဖန် သူများရှိသလို အစိုးရကို ပြစ်တင် ဝေဖန်သူများလည်း ရှိနေပါတယ်။

    ဒါ့အပြင် ဒီသတင်းဟောင်းကို ဘင်္ဂလားဒေ့ချ်နိုင်ငံက သတင်းဝက်(ဘ်)ဆိုဒ် တစ်ခုဖြစ်တဲ့ The Daily Kaler kantho မှာ ဧပြီလ ၃၀ ရက်နေ့မနက် ၁၀ နာရီ ၅၆ မိနစ်မှာ ပြန်တင်ထားပါတယ်။ အဆိုပါ သတင်းရဲ့ ခေါင်းစဉ်မှာ "ကိုရီးယား လုပ်ငန်း တွေက မြန်မာကနေ ဘင်္ဂလားဒေ့ချ် ကို ရွေ့ပြောင်းမည်" လို့ ရေးထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ ဘင်္ဂလားဒေ့ချ် နိုင်ငံ စီးပွားရေးဇုံ အာဏာပိုင်အဖွဲ့ (BEZA) ရဲ့ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားမှ စီးပွားရေး လုပ်ငန်း ၁၀၀ ခန့်ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ချ် ကို ပြောင်းရွေ့အခြေချတော့မယ်လို့ ရေးသားထားပါတယ်။

    သတင်းဆန်းစစ်ချက်

    တောင်ကိုရီးယား စီးပွားရေး လုပ်ငန်း ၁၀၀ ခန့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ချ်နိုင်ငံကို အခြေချတော့မယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒီသတင်းဟာ ဘင်္ဂလာဒေ့ချ်နိုင်ငံက ဘင်္ဂလီ ဘာသာစကားရယ်၊ အင်္ဂလိပ်ဘာသာ စကားရယ်နဲ့ ထုတ်ဝေတဲ့ bdnews24.com ဆိုတဲ့ သတင်းမီဒီယာ ဝက်(ဘ်)ဆိုဒ်တစ်ခု မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တင်ခဲ့တဲ့ သတင်းအဟောင်း တစ်ပုဒ်သာ ဖြစ်ပါတယ်။

    ဒီ သတင်းဟောင်းကို The Daily Kaler kantho ဆိုတဲ့ သတင်းဝက်(ဘ်)ဆိုဒ် တစ်ခုက ဧပြီလ ၃၀ ရက်နေ့ (၂၀၂၀ ခုနှစ်) မှာ ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။ bdnews24.com ရဲ့ သတင်းဟောင်းကို The Daily Kaler Kantho က စကားလုံးတွေ ပြောင်းလဲ သုံးစွဲပြီး ပြန်ရေးထားတာ တွေ့ရပါတယ်။ bdnews24.com ရဲ့ သတင်းအဟောင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

    သတင်းဟောင်းကရော မှန်လား/ မှားလား ?

    တကယ်တော့ မနှစ်ကဖေါ်ပြခဲ့တဲ့သတင်းအဟောင်းကလည်း သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ရက်နေ့မှာ ကိုရီယား ကုမ္မဏီ Korea Industrial Complex Co Ltd (KIC) နဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံက BEZA အဖွဲ့ နဲ့ နားလည်မှု သဝန်လွှာရေးထိုးခဲ့တယ်လို့ ဘင်္ဂလားဒေ့ချ်နိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံက Mizzima မီဒီယာ မှာလည်း ကိုရီးယား လုပ်ငန်းတွေ ရွေ့ပြောင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်း တွေ ဖော်ပြခဲ့ပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ကိုရီးယားရင်းနှီးမြှုပ်နှံ့မှုများ အခြားနိုင်ငံသို့ ပြောင်းရွေ့သွားခြင်း လုံးဝ မရှိကြောင်း ပြောကြားခဲ့တယ်လို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဲ့ရဲ့ ဝက်(ဘ်)ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။

    အဆိုပါ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်ထဲမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကိုရီးယားသံအမတ်ကြီးနဲ့ ဆက်သွယ်ပြောဆိုပြီးပြီ ဖြစ်တဲ့အတွက် ဒီ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဖော်ပြထားပြီး "ကျွန်တော်တို့ သိသလောက်ကတော့ KIC ကုမ္ပဏီက ၂၀၁၆ ခုနှစ်က စတည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက မြေဦးပြီး တော့မှ မြေကိုပြန်ရောင်းစားတဲ့ကုမ္ပဏီမျိုး တွေ့ရှိရပါတယ်။ စွပ်စွဲတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရ ဒီလိုမျိုး သုံးသပ်ရပါတယ်။ ဒါကြောင့် ဒီ KIC ကုမ္ပဏီရဲ့ ပြောကြားချက်တွေက တရားမဝင်ဘူးဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အစိုးရပိုင်းက ပြန်လည်ပြော ကြားလိုပါတယ်" လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် Korea Industrial Complex Co Ltd (KIC) ကုမ္ပဏီဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်စုံစမ်းခဲ့မှုရှိခဲ့ပေမယ့် လုပ်ငန်းလုပ်ကိုင်ဖို့ ကြိုး စားခဲ့ခြင်းမျိုး မရှိဘူးလို့ ဦးသန့်စင်လွင် က ပြောခဲ့ပါတယ်။

    စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    မြန်မာတိုမ်း က သတင်းကိုလည်း ဒီမှာ ဖတ်နိုင်ပါတယ်။

    သတင်းဟောင်းနဲ့ ပက်သက်တဲ့ ဖြေရှင်းချက်

    ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာပြန်နေတဲ့ သတင်းအဟောင်းတွေနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ဧပြီလ ၃ဝ ရက်နေ့ ၁၂ နာရီ ၄၅ မိနစ်မှာ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ "ဘာကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်းဟောင်းတစ်ပုဒ် ဒီနေ့ပြန်ပေါ်လာတော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ကို ရွှေ့မယ်ဆိုတာမှန်သလားလို့ မီဒီယာများက ဝိုင်းမေးကြပါတယ်.. မမှန်ပါဘူးလို့ဘဲ ကျနော် ဖြေကြားခဲ့ပါတယ်။ ကျနော့ဝန်ကြီး ဒီမနက် တွစ်တာမှာရေးလိုက်တာက ကျနော့ဖြေကြားချက်ကို ပိုပြီးအားဖြည့်သွားတာပေါ့ဗျာ..." လို့ ရေးသားခဲ့ပါတယ်။

    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ဧပြီလ ၃၀ ရက်နေ့ မနက် ၆ နာရီ ၃၇ မိနစ်အချိန်မှာ ၎င်းရဲ့ တွစ်တာ စာမျက်နှာပေါ် မှာ ကိုရီးယား ဘဏ် ၂ ခုမှ မြန်မာနိုင်ငံသို့ Covid-19 စမ်းသပ်စစ်ဆေးရန် အရည်သွေးမြင့် ကိရိယာများ လှူဒါန်းခဲ့ခြင်း အပေါ် ကိုရီးယား-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲနေတာကို မီးမောင်း ထိုးပြလျှက်ရှိတယ်လို့ ရေးသားခဲ့ပါတယ်။


    Tags

    Flase newsDICABEZAForeign InvestmentKorea-Myanmar RelationsKICKorea-Bangladesh Relations
    Read Full Article
    Claim :   တောင်ကိုရီးယား လုပ်ငန်း ၁၀၀ ခန့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ချ်နိုင်ငံ ကို ပြောင်းရွေ့ အခြေချတော့မယ် ဆိုတဲ့ သတင်းအဟောင်းကို ဆိုရှယ်မီဒီယာအပေါ် ပြန်လည်မျှဝေနေပြီး ဒီသတင်းဟာတကယ်တော့ သတင်းအဟောင်းတစ်ပုဒ်ကို ပြန်လည်ဝေမျှနေကြတာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!