BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မြို့ကြီးအချို့က ဘူတာရုံတွေ...
      သတင်းအတု

      မြို့ကြီးအချို့က ဘူတာရုံတွေ မီးလောင်ပြာကျတယ်ဆိုတဲ့ သတင်းအမှား

      နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေက မီးရထားဘူတာရုံတွေ မီးလောင်တိုက်သွင်းခံရပြီး ပြာကျပျက်စီးကုန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  26 March 2024 4:47 AM IST
    • မြို့ကြီးအချို့က ဘူတာရုံတွေ မီးလောင်ပြာကျတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ YouTube ချန်နယ်တစ်ခုမှာ မတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြည်သူတွေပေါက်ကွဲပြီဟေ့။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် မီးရထားဘူတာရုံများ မီးလောင်တိုက်သွင်းလိုက်ပြီ။ ပြာကျပြီဟေ့' လို့ ရေးသားထားတာပါ။ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မြို့ကြီးတွေက ဘူတာရုံတွေ မီးရှို့ဖျက်စီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြီးခဲ့တဲ့ မတ်လ၂၀ ရက် ညနေပိုင်းက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားဘူတာမှာ ဖြစ်ပွားခဲ့တဲ့ ရထားတွဲ ၃ တွဲ မီးလောင်ပျက်စီးခဲ့တဲ့ ဖြစ်စဉ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြေဆိုထားတာ ဖြစ်ပါတယ်။

      ဖြစ်စဉ်မှာ မတ် ၂၀ ရက် ညနေပိုင်းက နန်းမားဘူတာမှာ ရပ်တန့်ထားတဲ့ မီးရထားတွဲ ၃ တွဲ မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး ဘာကြောင့် ဖြစ်ပွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီထောက်ခံအားပေးတဲ့ မီဒီယာအချို့ကတော့ ရှို့မီးကြောင့် ရထားတွဲတွေ မီးလောင်ခဲ့တာဖြစ်တယ်လို့ ရေးသားနေပေမယ့် ခိုင်မာတိကျတဲ့ သက်သေအထောက်အထား မရှိပါဘူး။

      ဖြစ်စဉ်ကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်မှာ ပြေးဆွဲခဲ့တဲ့ ရထား ၃ တွဲပျက်စီးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      destroyed by firerailway stationsနန်းမားဘူတာNanmar railway stationမီးလောင်ဘူတာမီးလောင်Fakenews
      Read Full Article
      Claim :   မြို့ကြီးအချို့က ဘူတာရုံတွေ မီးရှို့ဖျက်စီးခံရတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!