BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြင်သစ်လက်ရွေးစင်အသင်းက...
သတင်းအတု

ပြင်သစ်လက်ရွေးစင်အသင်းက ပေါ့ဘာနှုတ်ထွက်တယ်ဆိုတာ မဟုတ်ပါ

ပြင်သစ်သမ္မတရဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပြောဆိုမှုကြောင့် မန်ယူကစားသမား ပေါ်လ်ပေါ့ဘာ ပြင်သစ်လက်ရွေးစင်အသင်းက အနားယူလိုက်တယ်ဆိုတဲ့အကြောင်းအရာကို လူမှုကွန်ရက်အကောင့်ပေါင်းများစွာကနေဝေမျှနေပါတယ်

By - Boom Live Myanmar |
Published -  28 Oct 2020 3:28 PM IST
  • ပြင်သစ်လက်ရွေးစင်အသင်းက ပေါ့ဘာနှုတ်ထွက်တယ်ဆိုတာ မဟုတ်ပါ

    အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ပြင်သစ်ဘောလုံးကစားသမား ပေါ့ဘာ က ပြင်သစ်လက်ရွေးစင်အသင်းက ထွက်ခဲ့တယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက ဖေစ့်ဘွတ်၊ တွစ်တာ စတဲ့ လူမှုမီဒီယာတွေ အပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းနဲ့ကို BOOM ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေတဲ့ ဝက်ဘ်ဆိုက်မှာလည်း သတင်းဆန်းစစ်ထားပြီးဖြစ်ပြီး ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။ ဒီသတင်းမှားကို 195sports ဆိုတဲ့ အာရပ်ဝက်ဘ်ဆိုက်တစ်ခုက စတင်ဖော်ပြခဲ့တာဖြစ်ပြီး ရေးသားမှုထဲမှာ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ အစ္စလာမ်ဟာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ဝါဒရဲ့ အရင်းအမြစ်ပဲလို့ ပြောဆိုတဲ့ မှတ်ချက်တွေကြောင့် ပေါ့ဘာ ပြင်သစ်လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ BOOM က ဒါနဲ့ပတ်သက်ပြီး သတင်းဆန်းစစ်ရာမှာ ပြင်သစ်သမ္မတ Emmanuel Macron အနေနဲ့ ဒီလိုတခါမှ ပြောဆိုခဲ့တာ မရှိခဲ့တာတွေ့ရပါတယ်။

    ဒီသတင်းမှားကို ဗြိတိန်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ The Daily Mail၊ Daily Mirror အပြင် အိန္ဒိယဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ WION နဲ့ Republic World တို့ကလည်း ရေးသားဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ The Sun၊ The Daily Mail နဲ့ Daily Mirror တွေက သူတို့သတင်းတွေကို အမှားပြင်ဆင်ချက်အနေနဲ့ ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် WION နဲ့ Republic တို့ကတော့ သူတို့အမှားကို မတောင်းပန်ပဲ သတင်းမှာသာ ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

    ပေါ့ဘာ နှုတ်ထွက်တယ်ဆိုတဲ့ ဒီသတင်းတွေက ဖေစ့်ဘွတ်နဲ့ တွစ်တာတို့လို လူမှုမီဒီယာတွေပေါ်မှာ ဆက်လက်ပျံ့နံှ့ နေခဲ့ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေနေတာတွေဟာ သတင်းမှားသာဖြစ်တယ်လို့ ပေါ့ဘာက သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က ရေးသားထားပါသေးတယ်။

    ရေးသားမှုထဲမှာ "The Sunတို့ကတော့ နောက်တစ်ခါလုပ်လာခဲ့ပြန်ပြီ။ သူတို့ရေးသားတဲ့သတင်းအားလုံးက လုံးဝကို (100)% မမှန်ကန်ပါဘူး။ ဒါမျိုးကို ကျွန်တော်ပြောတာပဲဖြစ်ဖြစ် စဉ်းစားမိတာပဲဖြစ်ဖြစ် တစ်ခါမှ မလုပ်ဖူးတဲ့ကိစ္စကြီးပါ။ ဒီသတင်းကို ဖတ်မိလိုက်တဲ့ကျွန်တာ်က စိတ်ပါပျက်မိ တယ်။ ငါလည်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဘာတယ်။" စတာတွေ ရေးသားခဲ့တာပါ။

    ပေါ့ဘာရဲ့ ရေးသားမှုကို ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

    Tags

    FranceFrance Football teamfootballManchester UnitedSamuel PatyProphet MohammedIslam
    Read Full Article
    Claim :   ပြင်သစ်သမ္မတရဲ့ မွတ်စလင်ဘာသာဝင်တွေအပေါ် ပြောဆိုမှုကြောင့် မန်ယူကစားသမား ပေါ်လ်ပေါ့ဘာ ပြင်သစ်လက်ရွေးစင်အသင်းက အနားယူလိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေအပေါ် ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!